Monday, November 25, 2024

ကာကွယ်ရေးနှင့် ဓါတ်သတ္ထု့ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်ကိုရီးယားနှင့်...

လေတပ်၏ ဂျက်လေယာဉ်များကို အဆင့်မြှင့်တင်ရန်ကြိုးပမ်းနေသည့် မလေးရှားနိုင်ငံသည် ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် မလေးရှား၏ အရန်ဓါတ်သတ္ထု့များကို ပံ့ပိုးပေးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ယနေ့(နိုဝင်ဘာ ၂၅)...

အားကောင်းသော လေဖိအားနည်း ရပ်ဝန်းအခြေနေများကြောင့် နောက်...

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နောက် (၂) ရက်အတွင်း တိုင်းနှင့် ပြည်နယ် (၆)ခုတွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး...

ဆင်များအကြောင်း လေ့လာနိုင်ရန် ဝါးနက်ဆင်စခန်းအတွင်း ပြခန်းငယ်စီစဉ်ထား

ဆင်များနှင့်ပတ်သက်သော ဗဟုသုတများကို လေ့လာသိရှိနိုင်ရန်ပြခန်းငယ်တစ်ခုကို မန္တလေးမြို့အနီးတွင်ရှိသည့် ဝါးနက်ဆင်စခန်းအတွင်း ပြုလုပ်ထားကြောင်း သိရသည်။ အဆိုပါ ဆင်စခန်းသည် မန္တလေးမြို့နှင့်အနီးဆုံးတွင်ရှိနေပြီး ပြင်ဦးလွင်မြို့နယ်၊ ရဲရွာရေလှောင်တမံသွားသည့် ကားလမ်းဘေး (၉)...

ယူကရိန်းသို့ မြေမြှု-ပ်မိုင်းများ ထောက်ပံ့ပေးမှုကို ဂူတာရက်စ်...

ယူကရိန်း ပဋိပက္ခမှာ မြေမြှု-ပ်မိုင်း အသုံးပြုမှုအပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားသည်။ "မြေမြှု-ပ်မိုင်းတွေဟာ အရပ်သားတွေအတွက် အန္တရာယ်ကို...
HomeNewsLocal Newsပုလဲမြို့နယ် စစ်ရှောင်ပြည်သူ (၁၀၀၀၀)...

ပုလဲမြို့နယ် စစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံစစ်ရှောင်ပြည်သူ (၁၀၀၀၀) ကျော် စစ်ဘေးရှောင်နေကြရပြီး လက်ရှိတွင် ‌အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ စစ်ရှောင်ပြည်သူများမှာ ရာသီတုတ်ကွေးအပါအဝင် သွေးအားနည်းခြင်း၊ ခေါင်းကိုက်၊ နာစေးချောင်းဆိုးများ ဖြစ်ပွားနေပြီး၊ သက်ကြီးပိုင်းများမှာ သွေးတိုး၊ဆီးချိုနှင့် အခြားသောနာတာရှည်ရောဂါဝေဒနာသည်များ ပါဝင်ကြောင်း ဆိုသည်။

” အဓိက က ရာသီတုတ်ကွေးပေါ့။ ရာသီဥတု အပြောင်းအလဲမှာဖြစ်တာပေါ့။ အဲဒီကမှ ချောင်းဆိုးတာတွေ ရင်ကြပ်တာတွေ ဖြစ်ကြတယ်။ ဆေးဝါးတွေက ပြတ်လပ်နေတဲ့အပြင် ဈေးနှုန်းတွေ မြင့်တက်နေတော့ ထိရောက်အောင်မကုသနိုင်သလိုဖြစ်နေတယ်။ ပြောချင်တာက အမြစ်မပြတ်တာပေါ့။ ကျန်တဲ့စားသောက်ရေးတွေကတော့ လောလောဆယ် အဆင်ပြေနေပါတယ်။ လိုအပ်နေတာက ကျန်းမာရေးစောင့်ရှောက်ခံရမယ့်အခြေအနေပေါ့”ဟု စစ်ရှောင်အရေးဆောင်ရွက်ပေးနေသည့် သတင်းရင်းမြစ်တစ်ဦးက ရှင်းပြသည်။

ယခုလ နိုဝင်ဘာ (၁၁) ရက်မှ (၁၄) ရက်အထိ ပုလဲမြို့တွင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အပြင် လေကြောင်းပစ်ခတ်မှုများကြောင့် ပုလဲမြို့ပေါ်ရှိ အိမ်ထောင်စု (၆၂၄) စု၊ အလယ်ဘုံရွာရှိ အိမ်ထောင်စု (၁၆၂) စု၊ အေးကုန်းရွာ အိမ်ထောင်စု (၁၂၆) စု၊ သာယာကုန်းရွာ အိမ်ထောင်စု (၆၄) စု၊ချောင်းကန်ရွာ အိမ်ထောင်စု (၂၅၈) စု၊ ကံကြီးရွာ အိမ်ထောင်စု (၁၀၂) စု၊ ညောင်ကန်ရွာ အိမ်ထောင်စု (၇၆)စု၊ ညောင်ကုန်းရွာအိမ်ထောင်စု (၂၈၄)စု၊ မန်ကျီးခွရွာအိမ်ထောင်စု (၉၆) စု၊ ဇောင်ချမ်းကုန်းရွာအိမ် ထောင်စု (၁၀၈) စု၊ မြကုန်းရွာအိမ်ထော င်စု (၁၂၄) စု၊ ရိုးရွာ အိမ်ထောင်စု (၉၆) စု တို့ စစ်ရှောင်နေကြရခြင်းဖြစ်ကြောင်း စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကာကွယ်ရေးနှင့် ဓါတ်သတ္ထု့ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်ကိုရီးယားနှင့် မလေးရှား သဘောတူ

လေတပ်၏ ဂျက်လေယာဉ်များကို အဆင့်မြှင့်တင်ရန်ကြိုးပမ်းနေသည့် မလေးရှားနိုင်ငံသည် ကာကွယ်ရေးစက်မှုလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် မလေးရှား၏ အရန်ဓါတ်သတ္ထု့များကို ပံ့ပိုးပေးရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ယနေ့(နိုဝင်ဘာ ၂၅) တွင် တောင်ကိုရီးယားနှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့သည် ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စိမ်းလန်းသော စွမ်းအင်စသည့် ကဏ္ဍများပါ ဖြည့်စွက်ထည့်သွင်းထားသော လာမည့်နှစ်၏ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို အပြီးသတ်ရန်အတွက် ထိပ်သီးအစည်းအဝေးတွင် ကတိကဝတ်များကို ဖလှယ်ခဲ့ကြသည်ဟု ယွန်း၏ရုံးက ပြောဆိုသည်။ ၂၀၂၃ ခုနှစ်က အမေရိကန်ဒေါ်လာ သန်း...

အားကောင်းသော လေဖိအားနည်း ရပ်ဝန်းအခြေနေများကြောင့် နောက် (၂)ရက်အတွင်း တိုင်းနှင့် ပြည်နယ် (၆)ခုတွင် နေရာကွက်ကျား မိုးရွာနိုင်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နောက် (၂) ရက်အတွင်း တိုင်းနှင့် ပြည်နယ် (၆)ခုတွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ နိုဝင်ဘာ (၂၅)ရက်၊ နံနက်(၇)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ နိုဝင်ဘာ(၂၅)ရက်၊ နံနက် (၅)နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အ နောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းသို့...

ဆင်များအကြောင်း လေ့လာနိုင်ရန် ဝါးနက်ဆင်စခန်းအတွင်း ပြခန်းငယ်စီစဉ်ထား

ဆင်များနှင့်ပတ်သက်သော ဗဟုသုတများကို လေ့လာသိရှိနိုင်ရန်ပြခန်းငယ်တစ်ခုကို မန္တလေးမြို့အနီးတွင်ရှိသည့် ဝါးနက်ဆင်စခန်းအတွင်း ပြုလုပ်ထားကြောင်း သိရသည်။ အဆိုပါ ဆင်စခန်းသည် မန္တလေးမြို့နှင့်အနီးဆုံးတွင်ရှိနေပြီး ပြင်ဦးလွင်မြို့နယ်၊ ရဲရွာရေလှောင်တမံသွားသည့် ကားလမ်းဘေး (၉) မိုင်အကွာတွင် တည်ရှိသည့် မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်စခန်းတစ်ခုလည်း ဖြစ်သည်။ ပြခန်းငယ်တွင် ဆင်တစ်ကောင်လုံး၏ အရိုးစုနှင့်အတူ ဆင်များ၏ သဘာဝ၊ အမူအကျင့်များအကြောင်း၊ ဆင်များကို မည်ကဲ့သို့ ထိန်းသိမ်းကြောင်းကိုလည်းကောင်း၊ သစ်ခုတ်သည့်နေရာတွင် ဆင်များ၏ လုပ်အားအသုံးပြုပုံကိုလည်းကောင်း စသည်ဖြင့် ဆင်များ၏ သဘာဝဖြစ်စဉ်များကို လေ့လာနိုင်ရန် ဓာတ်ပုံဗီနိုင်းများဖြင့် ရှင်းလင်းပြသထားပြီး ဆင်ကျန်းမာရေးအတွက် ဆေးကျွေးခြင်းများမှအစ ဗဟု သုတရစေရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071