ပေါင်မြို့နယ်၌ ငါးဖမ်းနေစဥ် ရေစီးနှင့်အတူမျောပါပျောက်ဆုံးသွားသူ ၅ ဦးအားရှာဖွေမှုများပြု လုပ်လျက်ရှိ
မွန်ပြည်နယ်၊ပေါင်မြို့နယ်၊တပ်မှူးချောင်ကျေးရွာအနီးရှိ ဘိုင်လောင်းချောင်းအတွင်း မေ ၂၀ ရက်ညနေ ၅ နာရီခွဲခန့်က ငါးဖမ်းနေစဥ်ရေစီးနှင့်အတူမျောပါပျောက်ဆုံးသွားသူ ၅ ဦးအားရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။
သဲကုန်းကျေးရွာနေသူများဖြစ်သည့် အမျိုးသား ၆ ဦးသည် ငါးဖမ်းနေစဥ်ရေစီးနှင့်အတူမျောပါသွားခဲ့ခြင်းဖြစ်ကာ အမျိုးသားတစ်ဦးအား နာရီအနည်းငယ်အကြာ၌ ထန်းပင်ချောင်ကြီးချောင်းစပ်အနီးတွင် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သည်။
“အခင်းဖြစ်စဥ်ကို ကျွန်တော်တို့ဆီဖုန်းဆက်အ ကြောင်းကြားတဲ့အချိန်မှာ ချက်ခြင်းသွားပြီးကူညီပေးခဲ့တယ် တစ်ယောက်ကိုတော့ ကယ်လိုက်နိုင်တယ် ကျန်တဲ့ ၅ ယောက်ကိုတော့ ရှာဖွေနေဆဲပါပဲ”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်မှ ရေစီးနှင့်အတူမျောပါပျောက်ဆုံးနေသူ ၅ ဦးအား ပေါင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များမှ ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
“သိရသလောက်ဆိုရင် ပျောက်နေတဲ့လူ ၅ ယောက်ထဲမှာ အသက် ၂၀ နှစ်အောက်ကလေး ၄ ယောက်ပါတယ် အခုရှာဖွေရေးဘုတ်တွေနဲ့ဆက် တိုက်ရှာနေကြတယ် လတ်တလောကတော့မတွေ့သေးပါဘူး”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။