Monday, April 21, 2025

ရတနာပုံအသင်းနည်းပြချုပ် ပြောင်းလဲခန့်အပ်

၂၀၂၅-၂၀၂၆ ခုနှစ် ဘောလုံးရာသီအတွက် ရတနာပုံအသင်း၏ နည်းပြချုပ် အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး အသင်း၏ Fitness Coach တစ်ဦးဖြစ်သည့် ဦးမြင့်ကိုအား လွှဲပြောင်းတာဝန်ပေးအပ်ခဲ့ကြောင်း အသင်းကအသိပေးထားသည်။ ယခင်...

မြန်မာနိုင်ငံငလျင်အတွက် ဘန်ကောက်အက်ဖ်စီက ဘတ်နှစ်သိန်း လှူဒါန်း

မြန်မာနိုင်ငံငလျင်အတွက် ဘန်ကောက်အက်ဖ်စီက ဘတ်နှစ်သိန်းကို လှူဒါန်းခဲ့ကြောင်း အသင်းက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ လှူဒါန်းငွေ ဘတ်နှစ်သိန်းကို ယမန်နေ့က ကစားခဲ့သည့် ထိုင်းလိဂ်-၂ ပွဲစဉ်အတွင်း...

မဟာမုနိဘုရားကြီး ဘက်စုံပြုပြင်ရန် မိုင်းဖုန်းဆရာတော်ကြီးက အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း

မန္တလေးတိုင်း၊ မန္တလေးမြို့သို့ရောက်ရှိတော်မူနေသည့် မိုင်းဖုန်းဆရာတော်ကြီးသည် ယနေ့ ဧပြီ ၂၁ ရက်က ငလျင်ဒဏ်သင့်ခဲ့သည့် မန္တလေးမြို့ကျက် သရေဆောင် မဟာမုနိဘုရားကြီး ဘက်စုံပြုပြင်မွန်းမံရန် အလှူငွေကျပ်သိန်း(၅၀၀)အား...

နေပြည်တော်ရောက်ငလျင်ကယ်ဆယ်ရေးရောက်ရှိနေသည့်မီးသတ်တပ်ဖွဲ့ဝင်(၆၀၀)ဦးခန့်ကို ဂုဏ်ပြုနေ့လည်စာကျွေး

မန္တလေးငလျင်ကြီးဒဏ်ကြောင့်​ေ-သဆုံး ဒဏ်ရာရမှုနှင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၌ ရှာဖွေကယ်ဆယ်မှုများပြုလုပ်ရန်ရောက်ရှိနေသည့် တိုင်းနှင့်ပြည်နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်(၆၀၀)ဦးခန့်အား ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်းမှ ယနေ့ ဧပြီ (၂၁)ရက်မွန်းတည့်ပိုင်းက ဂုဏ်ပြုနေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ "...
HomeNewsLocal Newsပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇)...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၌ သံဃာတော်အပါး (၅၀၀)ကို ဆွမ်းဆန်စိမ်းလောင်းလှူ

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတိီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ဧပြီ ၇ ရက်မှ ဧပြီ ၁၆ ရက်အထိ ၁၀ ရက်တိုင်ဆင်ယင်ကျင်းပလျက်ရှိသည်။

ထိုသို့ ဆင်ယင်ကျင်းပလျက်ရှိရာ ဧပြီ ၁၂ ရက်ညနေပိုင်းက သံဃာတော်အပါး(၅၀၀)အား စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက ဆွန်းဆန်စိမ်းများလောင်းလှူပူဇော်ခဲ့ကြသည်။

ရွှေမော်‌ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် ဧပြီ ၁၁ ရက်နံနက်ပိုင်းက စေတီတော်မြတ်ကြီးအား အနေကဇာတင်ခြင်းနှင့် တစ်နေ့တာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းတို့ကိုပြုလုပ်ခဲ့ကြပြီး ဧပြီ ၁၂ ရက်(တန်ခူးလပြည့်နေ့)နံနက်ပိုင်းကလည်း စေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးတင်လှူပူဇော်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရတနာပုံအသင်းနည်းပြချုပ် ပြောင်းလဲခန့်အပ်

၂၀၂၅-၂၀၂၆ ခုနှစ် ဘောလုံးရာသီအတွက် ရတနာပုံအသင်း၏ နည်းပြချုပ် အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး အသင်း၏ Fitness Coach တစ်ဦးဖြစ်သည့် ဦးမြင့်ကိုအား လွှဲပြောင်းတာဝန်ပေးအပ်ခဲ့ကြောင်း အသင်းကအသိပေးထားသည်။ ယခင် အသင်း၏နည်းပြချုပ်ဖြစ်သည့် ဦးအောင်ကျော်မိုးသည် မြန်မာ့လက် ရွေးစင်အသင်းတွင်လက်ထောက်နည်းပြအဖြစ် သွားရောက်တာဝန်ထမ်းဆောင်ရသည့်အတွက် ဦးမြင့်ကိုအား နည်းပြချုပ်အဖြစ်လွှဲပြောင်းတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဦးမြင့်ကိုသည် ကစားသမားဘဝအောင်မြင်မှုအနေဖြင့် ၁၉၉၃ ခုနှစ် စင်္ကာပူ ဆီးဂိမ်း၌ ငွေတံဆိပ်၊ ကုန်သွယ်ရေးအသင်းနှင့် လိဂ်ချန်ပီယံရရှိခဲ့ပြီး လယ်သစ် (လယ်ယာနှင့်သစ် တောဝန်ကြီးဌာန)အသင်းတွင်လည်း လိဂ်ချန်ပီယံသွင်းဂိုးအများဆုံးဆုရရှိခဲ့သူဖြစ်သည်။ နည်းပြဘဝတွင်လည်း၂၀၁၀ ခုနှစ်၌ ရတနာပုံ အကယ်ဒမီတွင် လက်ထောက်နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၃...

မြန်မာနိုင်ငံငလျင်အတွက် ဘန်ကောက်အက်ဖ်စီက ဘတ်နှစ်သိန်း လှူဒါန်း

မြန်မာနိုင်ငံငလျင်အတွက် ဘန်ကောက်အက်ဖ်စီက ဘတ်နှစ်သိန်းကို လှူဒါန်းခဲ့ကြောင်း အသင်းက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ လှူဒါန်းငွေ ဘတ်နှစ်သိန်းကို ယမန်နေ့က ကစားခဲ့သည့် ထိုင်းလိဂ်-၂ ပွဲစဉ်အတွင်း ဘန်ကောက်အက်ဖ်စီအသင်း၏ မြန်မာလူမျိုး နောက်ခံကစားသမား ဇော်မင်းထွန်းက မြန်မာ့လက်ရွေးစင်အသင်း၏ ဂျာမနီလူမျိုး ဂိုးနည်းပြ မိုက်ကယ်ထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းလှူဒါန်းမှုသည် ထိုင်းလိဂ်-၂ ကလပ်၌ ယှဉ်ပြိုင်ကစားနေသည့် ဘန်ကောက်အက်ဖ်စီအသင်း၏ ကွင်းဝင်ကြေးများအပါအဝင် အသင်းပိုင်ရှင်၊ ကစားသမားနှင့် အသင်းပရိသတ်များ၏ လှူဒါန်းငွေများဖြစ်ကြောင်း သိရသည်။

မဟာမုနိဘုရားကြီး ဘက်စုံပြုပြင်ရန် မိုင်းဖုန်းဆရာတော်ကြီးက အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း

မန္တလေးတိုင်း၊ မန္တလေးမြို့သို့ရောက်ရှိတော်မူနေသည့် မိုင်းဖုန်းဆရာတော်ကြီးသည် ယနေ့ ဧပြီ ၂၁ ရက်က ငလျင်ဒဏ်သင့်ခဲ့သည့် မန္တလေးမြို့ကျက် သရေဆောင် မဟာမုနိဘုရားကြီး ဘက်စုံပြုပြင်မွန်းမံရန် အလှူငွေကျပ်သိန်း(၅၀၀)အား ဘုရားကြီးဂေါ ပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071