Sunday, December 14, 2025

ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၉)...

ယခု ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၉) စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ...

နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုတွင် ခေါင်းဆေးကျွန်းဆရာ တော်ကြီး၏ရုပ်ထုတော်ပျက်စီးခြင်းမရှိခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က...

တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊...

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊...

ထရမ့်၏မူဝါဒများကို ဆန္ဒပြရန် လူရာနှင့်ချီ အိမ်ဖြူတော်‌ရှေ့...

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် အစိုးရအဖွဲ့၏ မူဝါဒအပေါ် မကျေနပ်ချက်ကို ဖော်ပြရန်အတွက် လူရာနှင့်ချီသော ဆန္ဒပြသူများသည် အိမ်ဖြူတော်ရှေ့သို့ စုဝေးရောက်ရှိလာကြသည်။ ဆန္ဒပြသူ အများအပြားက "ထရမ့်ချက်ချင်းထွက်သွားပါ၊"...
HomeNewsLocal Newsပျက်စီးခဲ့သည့် ဝန်ကြီးရုံးများပြန်လည်ဆောက်ရာတွင် ငလျင်နှင့်ဆောက်လုပ်ရေးပညာရှင်များ၏အကြံဥာဏ်များရယူမည်

ပျက်စီးခဲ့သည့် ဝန်ကြီးရုံးများပြန်လည်ဆောက်ရာတွင် ငလျင်နှင့်ဆောက်လုပ်ရေးပညာရှင်များ၏အကြံဥာဏ်များရယူမည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၈ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က ကြည့်ရှုစစ်ဆေးခဲ့သည်။

နစက ဥက္ကဋ္ဌမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ အလုပ်သမားဝန်ကြီးဌာနရုံး၊ ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေကာနံရံပြိုကျပျက်စီးခဲ့မှု၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ရုံးချုပ်နှင့် ဝန်ထမ်းများအားယာယီနေထိုင်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌမှ ရုံးအဆောက်အဦများအတွင်းရှိအရေးကြီးသည့် စာရွက်စာတမ်းများ၊ စက်ပစ္စည်းကိရိယာများနှင့် ရွှေ့ပြောင်း၍ရနိုင်သည့် ပစ္စည်းများကို အမြန်ဆုံးရွှေ့ပြောင်းရန်၊ ပျက်စီးထိခိုက်မှုများဖြစ်ပေါ်ခဲ့သည့် ရုံးဌာနအဆောက်အဦများအား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်ရေရှည်ခိုင်ခံ့မှုရှိစေရန်နှင့် ငလျင်ဒဏ်ခံနိုင်သည့်အဆောက်အဦများဖြစ်စေရေးအတွက် ငလျင်ပညာရှင်များ၊ ဆောက်လုပ်ရေးပညာရှင်များ၏ အကြံဉာဏ်များရယူတည်ဆောက်ရန် မှာကြားသည်။

ထို့ပြင် အဆောက်အဦများအား တစ်လုံးတည်းကြီးမားစွာတည်ဆောက်ခြင်းထက် အကန့်လိုက်၊ အလုံးလိုက်ခွဲတည်ဆောက်ပါက ငလျင်ဒဏ်ကိုပိုမိုခံနိုင်မည်ဖြစ်ကာ ရေရှည်ခိုင်ခံ့စေရန် လိုအပ်သည့်ရေလိုင်း၊ မီးလိုင်းများကို စနစ်တကျထည့်သွင်းတွက်ချက်တည်ဆောက်ရမည်ဟု မှာကြားသည်။

ထို့အတူ ဝန်ထမ်းမိသားစုများအတွက် ယာယီနေထိုင်မည့်နေရာများဆောက်လုပ်ရာတွင် စနစ်တကျတည်ဆောက်ပေးမည့်အကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၉) စင်း ဝင်ရောက်ဆိုက်ကပ်မည်

ယခု ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၉) စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၇၂) စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၃၃) စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား...

နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုတွင် ခေါင်းဆေးကျွန်းဆရာ တော်ကြီး၏ရုပ်ထုတော်ပျက်စီးခြင်းမရှိခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း ခေါင်းဆေးကျွန်းဆရာတော်ကြီး၏ ရုပ်ထုတော်မှာပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။ မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြ၍ နံ နက် ၈ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သော်လည်း ကျောင်း ဆောင်ကြီးမှာမူ ပျက်စီးဆုံးရှုံးခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များက ပျက်စီးမှုများအားရှင်းလင်းဖယ်ရှားပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ဒီဇင်ဘာ ၁၁ ရက်တွင်လည်း မွန်ပြည်နယ်ဝန် ကြီးချုပ်နှင့်တာဝန်ရှိသူများမှ မီးလောင်ပျက်စီးသွားသည့် ကျောင်းဆောင်တော်ကြီးအား ကြည့်ရှုစစ်ဆေး၍...

တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိ

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များတွင် ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာအသင်းအနေဖြင့် တက်ဂ်ဘော၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဘိလိယက်၊ စနူကာ၊ ကရာတေးနှင့် အလေးမအားကစားနည်းများမှ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၁၂ ခု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းအနေဖြင့် ရေကူး၊ ကရာတေး၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလပ်၊ ဝူရှူး၊ ဘိလိယက်နှင့် စနူကာ၊ ဘော်လီဘော၊ ကဘာဒီ၊ ဂျူဒို၊ ဖူဆယ်၊ ဘတ်စကက်ဘော၊ မွေ၊ လက်ဝှေ့၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071