Sunday, March 23, 2025

မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU...

၂၀၀၇ ခုနှစ်ကစတင်ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်းကို မတ် ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်ဇေယျတက်ရောက်ခဲ့သည်။ ထိုသို့...

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ခြေရှိ‌ကြောင်း ရုရှားနိုင်ငံ ရာသီဥတုနှင့် ဇလဗေဒဆိုင်ရာ စင်တာ (Hydrometeorological Center) ၏ သုတေသနညွှန်ကြားရေးမှူး Roman...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာဘောက်ဆင်ကစားသမားများ...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) အတွက် မြန်မာဘောက်ဆင်သမားများ စတင်လေ့ကျင့်ပြင်နေပြီဖြစ်ကြောင်း မြန်မာဘောက်ဆင်အဖွဲ့ချုပ်ထံက သိရသည်။ လက်ရှိ လက်ရွေးစင်ကစားသမားများအနေဖြင့်...

ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်ရှာဖွေထားသည့်နေရာများတွင် အနိမ့်တမံများကိုအမြန်ဆောင်ရွက်ရန် နစက...

ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်ရှာဖွေထားသည့်နေရာများတွင် အနိမ့်တမံများကိုအမြန်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတ် ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပသည့်...
HomeNewsLocal Newsပျမ်းမျှပိုလျှံ သီးသန့်ငွေအပေါ်ပေးသည့် အတိုးနှုန်းအား...

ပျမ်းမျှပိုလျှံ သီးသန့်ငွေအပေါ်ပေးသည့် အတိုးနှုန်းအား ၃.၈ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်

ဘဏ်များက မြန်မာကျပ်ငွေ (CAB) ဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ထက်ကျော်လွန်သည့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင်ပေးသည့် အတိုးနှုန်းအား ၃.၈ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဘဏ်များ၏ ငွေကြေးလွယ်ကူမှုအား ပိုမိုအထောက်အကူပြုစေရန်နှင့် ဘဏ်များအတိုးဝင်ငွေပိုမိုရရှိစေရန် ဘဏ်များက မြန်မာကျပ်ငွေ (CAB) ဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ထက်ကျော်လွန်သည့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် ပေးသည့် အတိုး နှုန်းအား ၃.၈ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခြင်းအား ညွှန်ကြားချက်အမှတ် (၄/၂၀၂၄) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဗဟိုဘဏ်ပြင်ပရှိ လှည့်လည်သုံးစွဲငွေအား သွယ်ဝိုက်သည့်နည်းလမ်းဖြင့် လျှော့ချနိုင်စေရန်၊ အတိုးနှုန်းတည်ဆောက်မှု ပုံစံ (Interest Rate Structure) မှန်ကန်မှုကို အထောက် အကူဖြစ်စေရန်နှင့် ဘဏ်များအတိုးဝင်ငွေ ပိုမိုရရှိခြင်းဖြင့် ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်မှုကို အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ဘဏ်များက မြန်မာကျပ်ငွေ (CAB) ဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ထက်ကျော်လွန်သည့် ပျမ်းမျှ ပိုလျှံသီးသန့်ငွေအပေါ်ပေးသည့် အတိုးနှုန်းအား ဖေဖော်ဝါရီ (၂၈) ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ငွေ ကြေးမူဝါဒကော်မတီအစည်းအဝေး (၁/၂၀၂၅) ဆုံးဖြတ် ချက်အရ ပြင်ဆင် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတွင် ပျမ်းမျှပိုလျှံသီးသန့်ငွေ (Average Excess Reserve) အပေါ်အတိုးပေးရာတွင် ပျမ်းမျှ ပိုလျှံသီးသန့်ငွေပ မာဏ အနည်းဆုံးကျပ် (၇) ဘီလီယံနှင့် အထက်ရှိသော ဘဏ်များကိုသာ အတိုးပေးမည်ဖြစ်ပြီး အများဆုံးပိုလျှံသီး သန့်ငွေပမာဏကျပ် (၅၀) ဘီလီယံထိသာ ခွင့်ပြုမည်ဖြစ်ကာ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးမည့် အတိုးနှုန်းကို ၆ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် အတိုးပေးမည့် အနည်းဆုံးနှင့်အများဆုံး ပိုလျှံသီးသန့် ငွေပမာဏဘောင်သတ်မှတ်ချက်နှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးမည့် အတိုးနှုန်း ကို အခါအားလျော်စွာသုံးသပ်၍ ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီစေရန် ပြောင်းလဲ ပြင်ဆင်ခြင်း (တိုးခြင်း/လျော့ခြ င်း) ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။

အတိုးငွေကိုတွက်ချက်ရာတွင် အနည်းဆုံးသီးသန့်ငွေလိုအ ပ်ချက် ထိန်းသိမ်းမှုကာလ အလိုက် နောက်ဆုံးနေ့ရှိပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင် တွက်ချက်မည်ဖြစ်ပြီး ထိန်းသိ မ်းမှုကာလနောက်ဆုံးနေ့ရက်၏ T+2 ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိသက်ဆိုင်ရာဘဏ်၏စာရင်းသို့ အလိုအလျောက်ထည့်သွင်းပေးမည်ဖြစ်သည်။

ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်အတိုးပေးခြင်းကို (၂၀၂၅ ခုနှစ် မတ်လ (၂၆) ရက် မှ ၂၀၂၅ ခုနှစ် ဧပြီလ (၂၂) ရက် ) ထိန်းသိမ်းမှုကာလမှ စတင်ကျင့်သုံးသွားမည်ဖြစ်ပြီး ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင် အတိုးပေးခြင်းကို မြန်မာကျပ်ငွေဖြင့် လက်လီဘဏ် လုပ်ငန်းဝန်ဆောင်မှုများ (Retail Banking) ခွင့်ပြုထားသည့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်များအား တပြေးညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်

၂၀၀၇ ခုနှစ်ကစတင်ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်းကို မတ် ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်ဇေယျတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ယနေ့ခေတ် Digital Transformation ဆိုင်ရာ IT ဖွံ့ဖြိုးမှုတိုးတက်မှုအရွေ့များမြန်ဆန်လျက်ရှိ၍ အမီလိုက်ပါနိုင်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်ဟု ပြောသည်။ ထို့ပြင် ယနေ့လဲလှယ်မှုမှ AI ၊ Cybersecurity၊ Big Data၊ Cloud Computing စသည့် ထွန်းသစ်စ IT နည်းပညာများဆိုင်ရာ လူ့စွမ်းအားရင်းမြစ်များမွေးထုတ်ခြင်း၊ သုတေသနအတွေ့အကြုံများဖလှယ်ခြင်း၊...

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ခြေရှိ‌ကြောင်း ရုရှားနိုင်ငံ ရာသီဥတုနှင့် ဇလဗေဒဆိုင်ရာ စင်တာ (Hydrometeorological Center) ၏ သုတေသနညွှန်ကြားရေးမှူး Roman Vilfand က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။ "၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ခြေရှိပါသည်။ ယင်းအကြောင်းရင်းမှာ မကြာသေးမီနှစ်များအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့များ ပိုမိုများပြားလာခြင်းကြောင့် ရာသီဥတုမှာ တဖြည်းဖြည်း ပိုမိုပူနွေးလာခြင်းကြောင့်ဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ ဤဖြစ်စဉ်ကို ယခုထိတိုင် တည်ငြိမ်အောင် မထိန်းနိုင်သေးပါ။ ထို့အပြင် သမုဒ္ဒရာများအထက်ရှိ လေထုအလွှာသည် အလွန်မြင့်မားနေဆဲဖြစ်ပြီး ၎င်း၏ လှုပ်ရှားမှုရှိသော အလွှာ...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာဘောက်ဆင်ကစားသမားများ စတင်လေ့ကျင့်ပြင်နေ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) အတွက် မြန်မာဘောက်ဆင်သမားများ စတင်လေ့ကျင့်ပြင်နေပြီဖြစ်ကြောင်း မြန်မာဘောက်ဆင်အဖွဲ့ချုပ်ထံက သိရသည်။ လက်ရှိ လက်ရွေးစင်ကစားသမားများအနေဖြင့် အပတ်စဉ် စနေ့နေ့တိုင်း နေပြည်တော် Gold Camp ၌ လေ့ကျင့်ပြင်နေခြင်းဖြစ်သည်ဟုဆိုသည်။ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၉) ရက်မှ (၂၀)ရက်အထိ ထိုင်းနိုင်ငံရှိ မြို့(၃)မြို့၌ ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲနီးလာသည့်အတွက် အားကစားနည်းများ အလိုက် အားကစားကွင်း/ အားကစားရုံများ ပြုပြင်ထိန်းသိမ်းရေး၊ စခန်းဝင်လေ့ကျင့်နေသည့် အားကစားသမားများ၏ လေ့ကျင့်ရေးနှင့် နေထိုင်စားသောက်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071