ပြင်သစ်ဗီဇာလျှောက်ထားမှုများပြားနေ၍ နေ ထိုင်မည့်ကာလအား ကြိုတင်တွက်ချက်ပြီးလျှောက်ထားကြရန်တိုက်တွန်း
ရန်ကုန်မြို့ရှိ ပြင်သစ်သံရုံး၏ ကောင်စစ်ဌာနသို့လာရောက်၍ ဗီဇာလျှောက်ထားသူများလာရောက်မှုသည် မကြုံစဖူးအလွန်များပြားနေသဖြင့် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကတိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် လာရောက်လျှောက်ထားသူများအနေဖြင့် ပြင်သစ်နိုင်ငံ၌နေထိုင်မည့် နေ့ရက်ကာလများအား ကြိုတင်တွက်ချက်၍ ဗီဇာလျှောက်လွှာများအား အမြန်ဆုံးလာရောက်လျှောက်ထားရန် တိုက်တွန်းထားသည်။
ကာလတို၊ကာလရှည် နေထိုင်ခွင့်ဗီဇာလျှောက် ထားရာတွင် ရက်ချိန်းဆိုမှုများနှင့်ဗီဇာထုတ်ပေးနိုင်မှုများအတွက် သတ်မှတ်ရက်များထက် အချိန် ပိုမိုလိုအပ်လျက်ရှိသည်ဟု သိရသည်။
အလားတူ ဗီဇာလျောက်ထားသူအချို့သည် ၄င်းတို့၏ ရက်ချိန်းများအား ပယ်ဖျက်ခြင်း(သို့)နေ့ရက်ရွှေ့ဆိုင်းခြင်းများ ပြုလုပ်လျက်ရှိသဖြင့် ရက်ချိန်းအသစ်များတောင်းဆိုရန် ဖြစ်နိုင်ဖွယ်ရှိ၊မရှိအားသိရှိနိုင်ရန် ရက်ချိန်းကိုကြည့်ရှု့စစ်ဆေးကြရန်လည်း ပြင်သစ်သံရုံးက အကြံပြုထုတ်ပြန်ရေးသားထားသည်။