Wednesday, January 15, 2025

မြန်မာ-တရုတ်ပူးပေါင်း၍ လျှပ်စစ်မီးနှင့်လမ်း များကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရန်ဆွေးနွေး

မြန်မာ-တရုတ်ပူးပေါင်း၍ လျှပ်စစ်မီးနှင့်လမ်း များကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ် Ms. Ma Jia တို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့်...

ဗြိတိန်အဂတိဝန်ကြီး ဟာဆီနာအမှု၌အဂတိရှိသည်ဆို၍နုတ်ထွက်

ရာထူးမှဖြု-တ်ချခံခဲ့ရသည့် အဒေါ်ဖြစ်သူ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် ဘဏ္ဍာ‌ငွေ‌ကြေးဆိုင်ရာ ဆက်ဆံမှုရှိခဲ့သည့်အပေါ် မေးခွန်းထုတ်ခံခဲ့ရအပြီး ရက်သတ္တပတ်များအကြာတွင် ဗြိတိန် ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် အဂတိတိုက်ဖျက်ရေးဝန်ကြီးသည် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း...

ရွှေစက်တော် ဘုရားပွဲလာပြည်သူများ ဘေးကင်းစေရေး ဆောင်ရွက်ထား

ရှေ့လတွင် စတင်ကျင်းပမည့် မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ ရွှေစက်တော်ဘုရားပွဲအတွက် ခရီးသွားဘုရားဖူးပြည်သူများ ဘေးကင်းစေရန် စီမံဆောင်ရွက်ထားပြီး လုံခြုံရေးများလည်းတိုးမြှင့်ချထားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ထံမှ...

အင်ဒို၌ ဆိုရှယ်မီဒီယာသုံးရန် အနိမ့်ဆုံးအသက် သတ်မှတ်မည်

ကလေ-းသူငယ်များကို အကာအကွယ်ပေးရန် ရည်မှန်းသည့် ဆိုရှယ်မီဒီယာ အသုံးပြုသူများအတွက် အနိမ့်ဆုံးအသက်အရွယ်သတ်မှတ်ချက်စည်းမျဉ်းထုတ်ရန် အင်ဒိုနီးရှားက စီစဉ်နေသည်ဟု ဆက်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ အဆိုပါအစီအစဉ်သည် အသက် ၁၆ နှစ်အောက်ကလေ-းများကို...
HomeNewsLocal Newsပြင်ဦးလွင်တွင် ၆ ဘီးကားပေါ်မှ...

ပြင်ဦးလွင်တွင် ၆ ဘီးကားပေါ်မှ နာနတ်သီးများဖြင့်ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် ၁ ဘီလီယံ‌ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

ပြင်ဦးလွင်တွင် ၆ ဘီးကားပေါ်မှ နာနတ်သီးများဖြင့်ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် ၁ ဘီလီယံ‌ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊အောင်ချမ်းသာကျေးရွာအနီးရှိ ပြင်ဦးလွင်-မန္တလေးသွားကားလမ်းတွင် စက်တင်ဘာ ၂၂ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နေ့လည် ၁ နာရီက မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူး ပေါင်းအဖွဲ့သည် ပြင်ဦးလွင်-မန္တလေးသွားကားလမ်းတွင် မိုးကုတ်ဘက်မှပြင်ဦးလွင်ဘက်သို့ ကိုထွန်းနိုင်ဦး(ခ)ထွန်းနိုင် မောင်းကာ ကိုလှမြင့် လိုက်လာသည့် Canter ၆ ဘီး ကားအား သတင်းအရ တားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကားပေါ်တွင် နာနတ်သီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ(၄၄ ကီလို) အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့နောက် ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအားစစ်ဆေးရာ ဘိန်းဖြူများသယ်ဆောင်ရာ တွင်ပူးပေါင်းပါဝင်သည့် မခင်အေးဝိုင်း(ခ)ခင်ဝိုင်းအား မွန်းလွဲ ၂ နာရီတွင် ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဘိန်းဖြူများအား ရှမ်းပြည်(မြောက်ပိုင်း) မှမန္တလေးတိုင်းသို့ သယ်ဆောင်လာခြင်းဖြစ်သည်ကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ်ပူးပေါင်း၍ လျှပ်စစ်မီးနှင့်လမ်း များကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရန်ဆွေးနွေး

မြန်မာ-တရုတ်ပူးပေါင်း၍ လျှပ်စစ်မီးနှင့်လမ်း များကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ် Ms. Ma Jia တို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် တရုတ်သံအမတ် Ms. Ma Jia တို့သည် ဇန်နဝါရီ ၁၄ ရက်က တနင်္သာရီတိုင်းတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာအတွေ့အကြုံကူးလူးဖလှယ်မှုနက်ရှိုင်းစေရေး၊ လျှပ်စစ်မီးနှင့်လမ်းများ ကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် သောက်သုံးရေ၊ မိသားစုစက်မှုလက်မှုပစ္စည်းများကဲ့သို့ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ တရုတ်သံအမတ်သည် ဇန်နဝါရီ ၁၄ ရက်၌ပင် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်တွေ့ဆုံ၍...

ဗြိတိန်အဂတိဝန်ကြီး ဟာဆီနာအမှု၌အဂတိရှိသည်ဆို၍နုတ်ထွက်

ရာထူးမှဖြု-တ်ချခံခဲ့ရသည့် အဒေါ်ဖြစ်သူ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် ဘဏ္ဍာ‌ငွေ‌ကြေးဆိုင်ရာ ဆက်ဆံမှုရှိခဲ့သည့်အပေါ် မေးခွန်းထုတ်ခံခဲ့ရအပြီး ရက်သတ္တပတ်များအကြာတွင် ဗြိတိန် ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် အဂတိတိုက်ဖျက်ရေးဝန်ကြီးသည် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း သိရသည်။ သူ့အနေဖြင့် မည်သည့်အမှားအယွင်းမျှ မလုပ်ခဲ့ကြောင်း အသက် ၄၂ နှစ်အရွယ် ဝန်ကြီး တူလစ် ဆစ်ဒစ်က အကြိမ်ကြိမ်ငြင်းဆိုခဲ့သကဲ့သို့ ဝန်ကြီးချုပ် ကီယာ စတာမာကလည်း သူ့ဝန်ကြီးအပေါ် အပြည့်အ၀ ယုံကြည်မှုရှိကြောင်း ပြောဆိုထားသည်။ အင်္ဂါနေ့က ဝန်ကြီး၏ နုတ်ထွက်မှုသည် နှစ်လအတွင်း ဒုတိမြောက် အစိုးရဝန်ကြီးတစ်ဦးနုတ်ထွက်မှုဖြစ်ခဲ့ပြီး ဇူလိုင်လက အထွေထွေရွေးကောက်ပွဲတွင် သူ၏ လေဘာပါတီ...

ရွှေစက်တော် ဘုရားပွဲလာပြည်သူများ ဘေးကင်းစေရေး ဆောင်ရွက်ထား

ရှေ့လတွင် စတင်ကျင်းပမည့် မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ ရွှေစက်တော်ဘုရားပွဲအတွက် ခရီးသွားဘုရားဖူးပြည်သူများ ဘေးကင်းစေရန် စီမံဆောင်ရွက်ထားပြီး လုံခြုံရေးများလည်းတိုးမြှင့်ချထားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။ “အသေးစိတ်တော့ ပြောလို့အဆင်မပြေဘူးနော်၊ မနှစ်ကထက် လုံခြုံရေးအင်အားပိုများပြီး ဘုရားပွဲ အဆင်ပြေအောင်မြင်စွာ ပြီးမြောက်နိုင်ဖို့ စီစဉ်ထားကြပါတယ်” ဟု မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ရွှေစက်တော် ဘုရားအနီး၌ အေးအေးချမ်းချမ်းရှိသည့်အပြင် ယခုကတည်းကပင် နယ်ဝေးဘုရားဖူးသူများလည်း လာရောက်မှုရှိနေကြောင်း ၎င်းက ဆိုသည်။ ရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီ (၂)ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဧပြီလ (၁၇)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071