ပြင်ဦးလွင်မြို့နယ်တွင် ၁၂ ဘီးကုန်တင်ကားပေါ်မှ ဆာလဖျူရစ်အက်စစ်များ ဖမ်းဆီးရမိ
မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊ပြစ်စာကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မေ ၂၁ ရက်နံနက် ၁၁ နာရီ ၄၀ မိနစ်က သတင်းအရဖမ်း ဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ပြင်စာကျေးရွာအနီးတွင် ကျော်ဇေယျ(၂၉)နှစ် မောင်းနှင်ကာ မြတ်နိုး(ခ)ပိုင်ကြီး(၂၀)နှစ်နှင့်ငွေဖြိုးသန့်(ခ)နောင်နောင်(ခ)မွှေးနီ(၂၀)နှစ်တို့လိုက် ပါလာသည့် NISSAN ၁၂ ဘီးကုန်တင်ကားအား တားဆီးစစ်ဆေးခဲ့ကြသည်။
ကားပေါ်ရှိ ပလတ်စတစ်ပုံးများအတွင်း ထည့်ထားသည့် မူးယစ်ဆေးဝါးချက်လုပ်ရာ၌အသုံးပြုသော ထိန်းချုပ်ဓာတုပစ္စည်း ဆာလဖျူရစ်အက် စစ် ၄၆၀၀ လီတာအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲ တပ်ဖွဲ့မှ သိရသည်။
ဖမ်းဆီးရမိသူများအားစစ်ဆေးရာ ဆာလဖျူရစ်အက်စစ်များအား ၎င်းတို့အတူသယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူ ၃ ဦးအား ပြင်စာနယ် မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။