Wednesday, November 27, 2024

အာဆီယံ-ကိုရီးယား ဒေသတွင်း အကျိုးပြုမည့် ဆန်းသစ်သည့်...

အာဆီယံ-ကိုရီးယား ဒေသတွင်းကို အကျိုးပြုသော ဆန်းသစ်သည့် စီးပွားရေးကို မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့ကြသည့် အာဆီယံ-ကိုရီးယားနေ့ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း...

တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့...

တက္ကသိုလ် ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များ...

ယခုပညာသင်နှစ်မှ စတင်၍ ပထမနှစ်ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များကို ရွေးချယ်မွေးထုတ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ နှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။ အဆိုပါတွေ့ဆုံမှုကို...

မုံရွာမြို့တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်တည်ဆောက်လျက်ရှိ

မုံရွာမြို့တွင် အနယ်နယ်အရပ်ရပ်မှ ရာသီပေါ်သီးနှံများရောင်းချသည့် ကုန်စိမ်းဈေးသည်များအတွက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြေဧက (၃.၈)ဧက ပေါ်တွင် ကုန်စိမ်းဈေးရုံနှင့် ကုန်စိမ်းပွဲရုံသစ်ကြီး တည်ဆောက်လျက်ရှိကြောင်းသိရသည်။ "မုံရွာမြို့၊ မြို့အင်္ဂါရပ်နဲ့...
HomeNewsLocal Newsပြည်တွင်းကုန်သည်များသာ ဝယ်ယူနိုင်သည့် အုပ်စု...

ပြည်တွင်းကုန်သည်များသာ ဝယ်ယူနိုင်သည့် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲပေါင်း (၆၉၄) တွဲ ရောင်းချနိုင်ခဲ့

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲနဝမနေ့တွင် MSME လုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်ရည်ရွယ်၍ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲ အမှတ် (၃၃၁၀) မှ (၄၀၅၉) အထိ အတွဲပေါင်း (၇၅၀) အတွက် ပြည်တွင်းရတနာကုန်သည်များက ပြပွဲ ဈေးနှုန်းတင်သွင်းလွှာများ တင်သွင်းခဲ့ကြရာ ကျောက်စိမ်းအတွဲပေါင်း (၆၉၄) တွဲ ရောင်းချခဲ့ရကြောင်း ကြေညာခဲ့သည်။

ထို့ပြင် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် (၄၀၆၀) မှ (၄၈၀၀) အထိ ပြည်တွင်းရတနာကုန်သည်များ ဈေးနှုန်းလွှာတင်သွင်းခဲ့သည့် ကျောက်စိမ်းအတွဲပေါင်း (၇၄၁) တွဲကိုလည်း ကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် နိုဝင်ဘာ (၂၆) ရက်အထိ ပုလဲအတွဲပေါင်း (၂၀၈) တွဲ၊ ကျောက်မျက်အတွဲပေါင်း (၆၂) တွဲ၊ အုပ်စု (အေနှင့်ဘီ) မှ ကျောက် စိမ်းအတွဲ (၁၈၂၃) တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့သည့်အပြင် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိပြီး ကျပ်ငွေဖြင့်သာ ပေးချေဝယ်ယူရမည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း (၁၄ ၂၉) တွဲ တို့ကို ရောင်းချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ကိုရီးယား ဒေသတွင်း အကျိုးပြုမည့် ဆန်းသစ်သည့် စီးပွားရေးမြှင့်တင်နိုင်ရန် ဆွေးနွေး

အာဆီယံ-ကိုရီးယား ဒေသတွင်းကို အကျိုးပြုသော ဆန်းသစ်သည့် စီးပွားရေးကို မြှင့်တင်နိုင်ရန် ဆွေးနွေးခဲ့ကြသည့် အာဆီယံ-ကိုရီးယားနေ့ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အာဆီယံ-ကိုရီးယားနေ့အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ နိုဝင်ဘာ (၂၅)ရက်မှ (၂၇) ရက်အထိ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးတွဲကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။ ယင်း အခမ်းအနားသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တီမော လက်စ်တေနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားကို “Towards...

တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး၊ ညောင်ရွှေနှင့် အင်းလေးဒေသ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ နိုဝင်ဘာ (၂၆)ရက်က ဒု-ဝန်ကြီးသည် တောင်ကြီးမြို့၏ အထင်ကရ ခရီးသွား ဆွဲဆောင်ရာ နေရာဖြစ်သည့် ရွှေဘုန်းပွင့်ဘုရားနှင့် မွေတော်ကက္ကူ ဘုရားသို့ သွားရောက်ဖူးမြော်၍ ဘုရားဖူးခရီးသွား လုပ်ငန်းဆောင်ရွက်နိုင်မှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် Villa Inle Boutique Resort သို့ သွားရောက်၍ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး ညောင်ရွှေခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များအား...

တက္ကသိုလ် ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များ ရွေးချယ်မွေးထုတ်သွားမည်

ယခုပညာသင်နှစ်မှ စတင်၍ ပထမနှစ်ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များကို ရွေးချယ်မွေးထုတ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ နှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။ အဆိုပါတွေ့ဆုံမှုကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သင်ကြားသင်ယူမှုဆိုင်ရာအရည်အသွေးများ တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၏အသက်သည် သုတေသနဖြစ်ပြီး နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုတို့သည် အလွန်အရေးကြီးကြောင်း သုတေသန၏အရေးပါမှုကိုပြောကြားသည်။ ထို့ကြောင့် ကျောင်းသား ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်းစားတွေးခေါ်နိုင်မှုနှင့် တီထွင်ဖန်တီးနိုင်မှုစွမ်းရည်မြင့်မားပြီး စိတ်ဓာတ်နှင့် ခံယူချက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071