Wednesday, January 8, 2025

ယနေ့ ရှမ်းယူနိုက်တက်နှင့် တီရန်ဂါနူးအသင်းကစားမည့်ပွဲစဉ်အတွက် လက်မှတ်စီစဉ်ပေးမည်ဟု...

ယနေ့ ဇန်နဝါရီ(၈)ရက်၊ ညနေ (၆)နာရီအချိန်၌ ရှမ်းယူနိုက်တက်နှင့် မလေးရှားနိုင်ငံ တီရန်ဂါနူးအသင်းတို့ယှဉ်ပြိုင်ကစားမည့် AFF Shopee Cup ပွဲစဉ်အား ကွင်းအတွင်းလာရောက်ကြည့်ရှုမည့် ပရိတ်သတ်တိုင်းအတွက်...

ရွှေပြည်သာ မီးလောင်မှုမှ မီးဘေးသင့် ပြည်သူ...

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၅/၈) ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် ယမန်နေ့ ဇန်နဝါရီ (၇) ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့်...

ယူကရိန်းကို ၂၀၂၇ ခုနှစ်အထိ စစ်ရေးအကူအညီပေးမယ့်...

ယူကရိန်း၏ စစ်ရေးလိုအပ်ချက်များကို အမျိုးအစားများခွဲကာ ယင်းအမျိုးအစားတစ်ခုစီအတွက် အကူအညီပေးရမည့် နေတိုးအုပ်စုဝင်နိုင်ငံများကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးက အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာ...

တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ နဂါးနှစ်ကောင်ဆရာတော်နှင့် မိုင်းဖုန်းဆရာတော်တို့၏...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ နဂါးနှစ်ကောင်ဆရာတော်နှင့် မိုင်းဖုန်းဆရာတော်တို့၏ ပုံတူရုပ်ထုတော်များကို သွန်းလောင်းပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နဂါးနှစ်ကောင်ဆရာတော်ကြီး၏ လွမ်း စေတီတော်အား ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ ပင်တည်ထားမည်ဖြစ်ကာ...
HomeNewsLocal Newsပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၃ ဒသမ...

ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၃ ဒသမ ၅) သန်းကျော်ရှိခဲ့ဟုဆို

၂၀၂၄ ခုနှစ်အကုန်၌ မြန်မာနိုင်ငံအတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေ (၃ ဒသမ ၅) သန်းကျော်အထိ ရှိလာကြောင်း UNOCHA Myanmar မှ ယခုလ အစောပိုင်းတွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံရှိ ပြည်သူလူထုအတွက် မဆုံးနိုင်သောပဋိပက္ခများ၊ ထပ်တလဲလဲ ဖြစ်ပွားခဲ့သည့် မုတ်သုံရာသီရေဘေး၊ စံချိန်တင်များပြားသည့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုနှင့် ရန်ပုံငွေနည်းပါးခဲ့သည့် တုံ့ပြန်ကူညီရေးအစီအစဉ်တို့ကြောင့် နက်ရှိုင်းလှသော လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းများဖြင့် ရုန်းကန်ခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်သည်ဟု ဖော်ပြထားသည်။

ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့ရှိ ပဋိပက္ခများ အကျိုးဆက်အဖြစ် ၂၀၂၄ ခုနှစ်အကုန်၌ ပြည်တွင်း နေရပ်စွန့်ခွာသူဦးရေ (၃ ဒသမ ၅) သန်းကျော်လွန်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် အရပ်သားများသည် ကာကွယ်စောင့်ရှောက်မှုလိုအပ်သည့် အန္တရာယ်များ၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ မရှိမဖြစ်ပြည်သူ့ဝန်ဆောင်မှုစနစ်များ ပြိုလဲလုနီးပါးဖြစ်နေသည့် အခြေအနေ၊ စီးပွားရေးမတည်ငြိမ်မှုကြောင့် ငွေကြေးဖောင်းပွမှုနှင့် ယင်း၏ အကျိုးဆက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုများဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ လူဦးရေ (၃) သန်းခန့်ကို အကူအညီများပေးအပ်ခဲ့ပြီး နှစ်ကုန်ပိုင်းတွင် လူဦးရေ (၃ ဒသမ ၉) သန်းခန့်ကို အကူအညီပေး အပ်နိုင်ရန် ခန့်မှန်းထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များသည် မကြုံဖူးသည့် အဆင့်ထိ မြင့်မားလာနေပြီး ၂၀၂၅ ခုနှစ်တွင် လူဦးရေ (၁၉ ဒသမ ၉) သန်းခန့် လိုအပ်ချက်ရှိမည်ဟု ခန့် မှန်းထားသည်ဟု ဆိုသည်။

၂၀၂၅ ခုနှစ်တွင် လူဦးရေ (၅ ဒသမ ၅) သန်းကို လူမှုဘ၀ ရှင်သန်ရေး အကူအညီများ ပေးအပ်နိုင်ရန် ရည်မှန်းထားပြီး ကန်ဒေါ်လာ (၁ ဒသမ ၁) ဘီလျံလိုအပ်မည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ဓာတ်ပုံ – Simsa Kasa

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ ရှမ်းယူနိုက်တက်နှင့် တီရန်ဂါနူးအသင်းကစားမည့်ပွဲစဉ်အတွက် လက်မှတ်စီစဉ်ပေးမည်ဟု ရှမ်းယူနိုက်တက်အသင်း အသိပေး

ယနေ့ ဇန်နဝါရီ(၈)ရက်၊ ညနေ (၆)နာရီအချိန်၌ ရှမ်းယူနိုက်တက်နှင့် မလေးရှားနိုင်ငံ တီရန်ဂါနူးအသင်းတို့ယှဉ်ပြိုင်ကစားမည့် AFF Shopee Cup ပွဲစဉ်အား ကွင်းအတွင်းလာရောက်ကြည့်ရှုမည့် ပရိတ်သတ်တိုင်းအတွက် လက်မှတ်စီစဉ်ပေးမည်ဟု ရှမ်းယူနိုက်တက်အသင်း အသိပေးထားသည်။ အဆိုပါ AFF Shopee Cup ပြိုင်ပွဲကို ရှမ်းယူနိုက်တက်အသင်းအနေဖြင့် Myanmar National League ချန်ပီယံအဖြစ် ဝင်ရောက် ကစားခွင့်ရခြင်းဖြစ်ပြီး တီရန်ဂါနူး အသင်းအနေဖြင့် Malaysia Cup-2023 ဒုတိယဆုရ အသင်းဖြစ်သည့်အတွက် ဝင်ရောက်ကစားခွင့်ရရှိခြင်းဖြစ်သည်။ ယနေ့ ယှဉ်ပြိုင်ကစားမည့် အသင်း(၂) သင်းသည် AFF Shopee...

ရွှေပြည်သာ မီးလောင်မှုမှ မီးဘေးသင့် ပြည်သူ (၁၅၃)ဦးအား အ.ထ.က(၆)ကျောင်းတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၅/၈) ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် ယမန်နေ့ ဇန်နဝါရီ (၇) ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ပြည်သူများကို အမှတ်(၅)ရပ်ကွက်၊ ရွက်လှလမ်း၊ အ.ထ.က(၆)ကျောင်းတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိကြောင်း သိရသည်။ အဆိုပါ အိမ်ထောင်စု (၆၁)စု၊ အမျိုးသား (၆၁)ဦး၊ အမျိုးသမီး (၉၂)ဦး၊ စုစုပေါင်း လူဦးရေ(၁၅၃)ဦးတို့ မီးဘေးသင့်ခဲ့ပြီး အသက် (၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ရွှေပြည်သာမြို့နယ်၊ အမှတ် (၅/၈)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းရှိ လူနေအဆောင်တစ်ခုမှ...

ယူကရိန်းကို ၂၀၂၇ ခုနှစ်အထိ စစ်ရေးအကူအညီပေးမယ့် နေတိုးအစီအစဉ် ပင်တဂွန် ထုတ်ဖော်ပြောကြား

ယူကရိန်း၏ စစ်ရေးလိုအပ်ချက်များကို အမျိုးအစားများခွဲကာ ယင်းအမျိုးအစားတစ်ခုစီအတွက် အကူအညီပေးရမည့် နေတိုးအုပ်စုဝင်နိုင်ငံများကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးက အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယူကရိန်း သို့ လက်နက်များ ပို့ဆောင်ရေး ညှိနှိုင်းဆောင်ရွက်နေသော အနောက်နိုင်ငံများသည် ပူးပေါင်းဆောင်ရွက်မည့် အုပ်စု ရှစ်ခုကို ဖွဲ့စည်းဖန်တီးခဲ့ကြောင်း ပင်တဂွန် ကိုယ်စားလှယ်က ပြောကြားခဲ့သည်။ "ယင်းအုပ်စု တစ်ခုစီသည် ယူကရိန်း၏ စစ်ရေးစွမ်းရည်ဆိုင်ရာ ရှုထောင့်တစ်ခုစီကို ကိုယ်စားပြုပြီး အနည်းဆုံး သီးခြားနေတိုးနိုင်ငံနှစ်ခုမှ ပူးတွဲဦးဆောင်မည်ဖြစ်သည်" ဟု ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့် ကိုယ်စားလှယ်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071