Thursday, November 28, 2024

နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ...

လက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးနှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာသူဦးရေ (၃ ဒဿမ ၄) သန်းအထိ ရှိလာပြီဖြစ်ကြောင်း UN Myanmar က...

Online လိမ်လည်များတွင်ပါဝင်ပတ်သက်နေသူများ၊ နောက်ကွယ်မှကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍...

Online လိမ်လည်များတွင်ပါဝင်ပတ်သက်နေသူများ၊ နောက်ကွယ်မှကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဗိုလ်ချုပ်တိုးရီကပြောသည်။ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ...

ငွေစက္ကူအတုများရမည်ဟုပြောဆိုကာ ငွေကြေးလိမ်လည်သည့် ဒက္ခိဏသီရိမြို့နယ်မှ အသက်...

လူမှုကွန်ယက်စာမျက်နှာ၌ ငွေစက္ကူအတုများရမည်ဟုရေးသားပြောဆိုကာ ငွေကြေးလိမ်လည်မှုများပြုလုပ်ခဲ့သည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ အသက်(၁၈)နှစ်အရွယ်အမျိုးသမီးကို နိုဝင်ဘာ ၂၄ ရက်နံနက် ၉ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း...

မြန်မာ – ထိုင်း နယ်စပ်ဒေသ...

မြန်မာ - ထိုင်း နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး အပါအဝင် ပြည်သူအချင်းချင်း ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေးတို့ကို ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန...
HomeNewsLocal Newsပြည်တွင်း၌ ဆန်ပြတ်လပ်မှု မဖြစ်ပေါ်နိုင်ဟု...

ပြည်တွင်း၌ ဆန်ပြတ်လပ်မှု မဖြစ်ပေါ်နိုင်ဟု ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ပြော

ပြည်တွင်းရှိ ဈေးကွက်အတွင်း ဆန်ပြတ်လပ်မှု မပေါ်နိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

နိုဝင်ဘာ (၂၇) ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါ အတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

” ဆန်ပြတ်လပ်မှုက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီအပေါ်မှာလည်း ဂရုစိုက်ပြီးတော့ ဆောင်ရွက်ပါတယ်။ အစိုးရကလည်း မူချပေးပါတယ်။ ပြည်တွင်းဆန်ဈေးကြီးလာတယ်ဆိုရင် ပြည်တွင်းဈေးကွက်တည်ငြိမ်အောင် ဆောင်ရွက်ဖို့အတွက် ပထမဦးစားပေးဖြစ်ပါတယ်။ ကျွန်တော်တို့ ထိန်းဖို့ခက်ခဲတာက ဘာလဲဆိုရင် သိုလှောင် ဈေးကစားတဲ့သူတွေ။ သိုလှောင်ဈေးကစားတဲ့သူတွေက အများကြီးပဲ ဈေးကွက်ထဲမှာ။ သိုလှောင်ပြီးတော့ ဈေးကစားတဲ့သူတွေကြောင့် ဆန်ဈေးနှုန်းမတည်မငြိမ်ဖြစ်ရတယ်။ ဒါကြောင့်မို့ တစ်ခါတလေမှာလည်း ပြီးခဲ့တဲ့ကာလမှာ စုံစမ်းစစ်ဆေးမှုတွေနဲ့ အရေးယူရတဲ့အပိုင်းတွေ ပေါ်ပေါက်လာတာ အားလုံးသိမှာပေါ့” ဟု ဦးရဲမင်းအောင်က ပြောသည်။

ပြည်တွင်း၌ ဆန်ဈေးနှုန်း မြင့်တက်လာပါက ပို့ကုန်အခြေပြု အရန်ဆန်စနစ်ရှိပြီး အိတ်ရေအားဖြင့် (၈)သိန်းဝန်းကျင်ရှိကြောင်း အဆိုပါ အရေအတွက်ဖြင့် ဈေးကွက်ကို ထိန်း၍ ရကြောင်း သိရသည်။

” ကျွန်တော်တို့မှာ နိုင်ငံတော် အရန်ဆန်ကဲ့သို့ပေါ့။ ပို့ကုန်အခြေပြု အရန်ဆန်ပေါ့။ ပို့ကုန်အခြေပြုဆိုတာက ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပါဝင်မှုနဲ့ ကျွန်တော်တို့ဆောင်ရွက်တာပါ။ Export တစ်တန်ပို့တိုင်းပို့တိုင်းမှာ ဆန်တစ်အိတ်ပေါ့။ အရပ်စကားနဲ့ ပြောရင် တစ်တန်တစ်အိတ်ပေါ့” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၄ သန်းရှိလာပြီဖြစ်ကြောင်း UN အသိပေး

လက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးနှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာသူဦးရေ (၃ ဒဿမ ၄) သန်းအထိ ရှိလာပြီဖြစ်ကြောင်း UN Myanmar က ယမန်နေ့ နိုဝင်ဘာ (၂၇) ရက်တွင် အသိပေးထားသည်။ နိုင်ငံတစ်ဝန်း မရပ်မနားဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အရပ်သားထိခိုက်‌ေ-သဆုံးမှု မြင့်တက်နေပြီး အရပ်သားကာကွယ်စောင့်ရှောက်ရေးလိုအပ်ချက်နှင့်အတူ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကျပ်အတည်းမှာ ဆက်လက်ဆိုးဝါးနေဆဲဖြစ်ကြောင်း ဆိုသည်။ ထို့ကြောင့် ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်များကို အဟန့်အတားမရှိ ခွင့်ပြုပေးရမည်ဖြစ်သလို အရပ်သားပြည်သူများထံ အကူအညီများရောက်ရှိရန် ကန့်သတ်ချက်တွေ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ဆိုသည်။ ယခု...

Online လိမ်လည်များတွင်ပါဝင်ပတ်သက်နေသူများ၊ နောက်ကွယ်မှကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍ ပြင်းပြင်းထန်ထန်အရေးယူသွားမည်

Online လိမ်လည်များတွင်ပါဝင်ပတ်သက်နေသူများ၊ နောက်ကွယ်မှကြိုးကိုင်နေသူများကို ဖော်ထုတ်ဖမ်းဆီး၍ ပြင်းပြင်းထန်ထန်အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဗိုလ်ချုပ်တိုးရီကပြောသည်။ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ နိုဝင်ဘာ ၂၇ ရက်မွန်းလွဲပိုင်းကတွေ့ဆုံစဉ် ဗိုလ်ချုပ်တိုးရီကပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး Online မှတစ်ဆင့် လိမ်လည်မှုလုပ်ငန်းများတွင်လုပ်ကိုင်နေကြသော နိုင်ငံခြားသားများအား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု၊ လူသားချင်းစာနာထောက်ထားမှုတို့အပေါ်အခြေခံ၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရန် စိစစ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။ ထို့ပြင်အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများအား မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ...

ငွေစက္ကူအတုများရမည်ဟုပြောဆိုကာ ငွေကြေးလိမ်လည်သည့် ဒက္ခိဏသီရိမြို့နယ်မှ အသက် (၁၈)နှစ်အရွယ် အမျိုးသမီးကိုဖမ်းမိ

လူမှုကွန်ယက်စာမျက်နှာ၌ ငွေစက္ကူအတုများရမည်ဟုရေးသားပြောဆိုကာ ငွေကြေးလိမ်လည်မှုများပြုလုပ်ခဲ့သည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနေ အသက်(၁၈)နှစ်အရွယ်အမျိုးသမီးကို နိုဝင်ဘာ ၂၄ ရက်နံနက် ၉ နာရီခွဲက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ လူမှုကွန်ယက်စာမျက်နှာ၌ နိုဝင်ဘာ ၁၇ ရက်က အခေါက်ရွှေရောင်းသူဝယ်သူအမည်ပါ Facebook Group အတွင်း Amara Pan အမည်ဖြင့် Facebook အကောင့်မှ “ငွေတုရောင်းတယ် မှတ်ပုံတင်တဲ့ရောင်းပေးတယ် လူလိမ်မဟုတ်ပါ လူလိမ်ထင်ရင်မဝယ်ပါနဲ့ Viber/ 09971007328 သို့ ဆက်သွယ်ပါ" စာသား နှင့်ငွေစက္ကူအတုပုံများ Post တင်ထားမှုကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071