Wednesday, December 18, 2024

ဗီယက်နမ်ကပြည်တွင်းကာကွယ်ရေးစက်မှုလုပ်ငန်းကို မြှင့်တင်ရန် ကြိုးပမ်း

စစ်သုံးပစ္စည်း တင်ပို့နိုင်ရေး စွမ်းရည်နှင့် ပြည်တွင်း ကာကွယ်ရေး စက်မှုလုပ်ငန်း မြှင့်တင်ရေးကြိုးပမ်းနေသည့် ဗီယက်နမ်နိုင်ငံသည် ကြာသပတေးနေ့(ဒီဇင်ဘာ ၁၉) တွင် မြို့တော်ဟနွိုင်၌ ပြုလုပ်မည့်...

အနောက်နိုင်ငံများက ရုရှားကိုရန်စကာ တုန့်ပြန်ရန် တွန်းပေးနေ

မော်စကို၊ဒီဇင်ဘာ ၁၇ အနောက်အုပ်စုက ရုရှားကို ရန်စကာ အန္တရာယ်မျဉ်းဆီသို့တွန်းပို့နေသဖြင့် မော်စကိုအနေဖြင့် တုန့်ပြန်ရန်မှတပါး ရွေးချယ်စရာမရှိတော့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးတစ်ခု၌ ရုရှားသမ္မတကပြောကြားခဲ့သည်။ အနောက်အုပ်စုက ရုရှား သည်...

လားရှိုးမြို့ယာဉ်ရပ်နားစခန်း(၃)ခုရှိ ခရီးသည်တင် ယာဉ်ငယ်ဂိတ်များ ပြန်လည်ဖွင့်လှစ်လာ

ရှမ်း/မြောက် လားရှိုးမြို့ ယာဉ်ရပ်နားစခန်းများဖြစ်သည့် နားမခေါ်ယာဉ်ရပ်နားစခန်း၊ မန်ဆူယာဉ်ရပ်နားစခန်း၊ (၄၁) ယာဉ်ရပ်နားစခန်းတို့ရှိ ခရီးသည်တင်ယာဉ်ကား‌လေးဂိတ်များ ယခုဒီဇင်ဘာလအတွင်း ပြန်လည်ဖွင့်လှစ်လာပြီဖြစ်ကြောင်း လားရှိုးမြို့ ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ အဆိုပါ...

အာကာသအမှိုက်ရှင်းလင်းရေး ဂျပန်နှင့် အိန္ဒိယ ပူးပေါင်းလေ့လာမည်

ကမ္ဘာပတ်လမ်းကြောင်း ပိတ်ဆို့မှုဆိုင်ရာ ပြဿနာကြီးမားလာမှုကို ဖြေရှင်းရန် စမ်းသပ်နည်းလမ်းတစ်ခုအဖြစ် ပတ်လမ်းအတွင်းရှိ အပျက်အစီးအပိုင်းအစများကို လေဆာတပ်ဆင်ထားသော ဂြိုဟ်တုများသုံး၍ ဖယ်ရှားခြင်းကို ပူးတွဲလေ့လာရန် သဘောတူညီခဲ့သည်ဟု ဂျပန်နှင့်...
HomeNewsLocal Newsပြည်ပပို့ကုန်တင်ပို့မှု လျာထားချက်၏ ၆၀...

ပြည်ပပို့ကုန်တင်ပို့မှု လျာထားချက်၏ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့

ယခု ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ပို့ကုန်တင်ပို့ရာတွင် လျာထားချက်၏ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့်ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပပို့ကုန်ကို နှစ်ဆတိုးမြှင့်ပို့နိုင်ရေးကို လမ်းညွှန်ထားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအထိ ပို့ကုန်လျာထားချက်၏ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ ကျန်ကာလအတွင်း လျာထားချက်ပြည့်မီအောင်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ပြည် ထောင်စုဝန်ကြီးက ဆိုသည်။

ထိုကဲ့သို့ ပို့ကုန်နှစ်ဆတိုးမြှင့်နိုင်ရန် ဝါ၊ ဝါး၊ ရော်ဘာကုန်ကြမ်းတို့ကို အခြေခံသည့် စက်မှုလုပ်ငန်းများ တိုးတက်ရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် လိုအပ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ အဓိက စိုက်ပျိုးထွက်ရှိသည့် ဒေသထွက်သီးနှံများ One Region One Product – OROP အလိုက် ထုတ်လုပ်တင်ပို့နိုင်ရေးသည် အဓိကကျသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်နှစ်ဆ တိုးမြှင့်နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍ ပို့ကုန်ကဏ္ဍအလိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် နိုဝင်ဘာလကုန်ထိ ၈ လတာ ကာလအတွင်း ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ် လာ ၉.၈၂၅ ဘီလီယံ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်ကပြည်တွင်းကာကွယ်ရေးစက်မှုလုပ်ငန်းကို မြှင့်တင်ရန် ကြိုးပမ်း

စစ်သုံးပစ္စည်း တင်ပို့နိုင်ရေး စွမ်းရည်နှင့် ပြည်တွင်း ကာကွယ်ရေး စက်မှုလုပ်ငန်း မြှင့်တင်ရေးကြိုးပမ်းနေသည့် ဗီယက်နမ်နိုင်ငံသည် ကြာသပတေးနေ့(ဒီဇင်ဘာ ၁၉) တွင် မြို့တော်ဟနွိုင်၌ ပြုလုပ်မည့် နိုင်ငံတကာလက်နက်ပြပွဲတွင် ပြည်တွင်းလုပ်လက်နက်များကို ခင်းကျင်းပြသသွားမည်ဖြစ်သည်။ ပြခန်းပေါင်း ၂၅၀ နီးပါးတွင် အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ တူရကီနိုင်ငံတို့အပြင် အစ္စရေး၊ အီရန်၊ ရုရှားနှင့် ယူကရိန်းကဲ့သို့ စစ်ဖြစ်နေသည့်နိုင်ငံများမှ ထိပ်တန်းကာကွယ်ရေးကုမ္ပဏီများလည်း ပါဝင်ပြသသွားမည်ဖြစ်သည်။ ဗီယက်နမ်သည် တောင်တရုတ်ပင်လယ် နယ်နိမိတ်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့မှုများရှိနေသည့် မတည်မငြိမ်ဖြစ်နေသောဒေသတွင် ၎င်း၏လက်နက်စွမ်းရည်အတွက် နှစ်အတော်ကြာ ရင်းနှီးမြှုပ်နှံထားခဲ့ပြီး အထူးသဖြင့် ရုရှားနိုင်ငံထံမှ...

အနောက်နိုင်ငံများက ရုရှားကိုရန်စကာ တုန့်ပြန်ရန် တွန်းပေးနေ

မော်စကို၊ဒီဇင်ဘာ ၁၇ အနောက်အုပ်စုက ရုရှားကို ရန်စကာ အန္တရာယ်မျဉ်းဆီသို့တွန်းပို့နေသဖြင့် မော်စကိုအနေဖြင့် တုန့်ပြန်ရန်မှတပါး ရွေးချယ်စရာမရှိတော့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးတစ်ခု၌ ရုရှားသမ္မတကပြောကြားခဲ့သည်။ အနောက်အုပ်စုက ရုရှား သည် အန္တရာယ်ရှိသည် ဟုဆိုကာ မလိုအပ်ပဲ ၎င်းတို့၏ပြည်သူများကို အထိတ်တလန့်ဖြစ်အောင်လုပ်ဆောင်နေပြီး ရုရှားအပါအဝင် ၎င်းတို့နှင့်အဆင်မပြေသည့်နိုင်ငံများကို ပေါင်းစပ်စစ်ပွဲများဆင်နွှဲကာ ထိန်းချုပ်ရေး မူဝါဒကို ဖေါ်ဆောင်နေသည်ဟုလည်းဆိုခဲ့သည်။ နေတိုးအဖွဲ့သည် စစ်ရေးအသုံးစရိတ်ကို တိုးမြှင့် သုံးစွဲ နေပြီး ရုရှားနယ်စပ်အနီးတွင် တိုက်ခိုက်‌ရေးအဖွဲ့များကိုဖြန့်ကျက်ကာ ဥရောပရှိအမေရိကတပ်ဖွဲ့ဝင်အရေအတွက်ကိုတိုးမြှင့်ခဲ့ပြီး ယခုအခါ တပ်ဖွဲ့ဝင်အင်အားသည် စုစုပေါင်း ၁၀၀,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ၎င်းကထောက်ပြခဲ့သည်။ ဆက်လက်၍အဆိုပါအုပ်စု သည် အာရှ...

လားရှိုးမြို့ယာဉ်ရပ်နားစခန်း(၃)ခုရှိ ခရီးသည်တင် ယာဉ်ငယ်ဂိတ်များ ပြန်လည်ဖွင့်လှစ်လာ

ရှမ်း/မြောက် လားရှိုးမြို့ ယာဉ်ရပ်နားစခန်းများဖြစ်သည့် နားမခေါ်ယာဉ်ရပ်နားစခန်း၊ မန်ဆူယာဉ်ရပ်နားစခန်း၊ (၄၁) ယာဉ်ရပ်နားစခန်းတို့ရှိ ခရီးသည်တင်ယာဉ်ကား‌လေးဂိတ်များ ယခုဒီဇင်ဘာလအတွင်း ပြန်လည်ဖွင့်လှစ်လာပြီဖြစ်ကြောင်း လားရှိုးမြို့ ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ အဆိုပါ ယာဉ်ငယ်များအနေဖြင့် လားရှိုး - တောင်ကြီး - မန္တလေးသို့ ပြေးဆွဲရာတွင် ပင်လုံ - လဲချား - ကြေးသီး - ဟိုယ လမ်းပိုင်းမှသာ အဓိကထား ပြေးဆွဲနေကြရကြောင်း သိရသည်။ ထိုသို့ ကားလေးဂိတ်များ ဖွင့်လှစ်လာသော်လည်း လားရှိုး - မန္တလေးလမ်းပိုင်းနှင့် မူဆယ် - လားရှိုးလမ်း‌ပိုင်းတို့တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071