Sunday, January 5, 2025

ကျားဖျန့်မှုဖြင့် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား (၁၅၀)...

ယမန်နေ့ ဇန်နဝါရီ (၄) ရက် ၊လွတ်လပ်ရေးနေ့က ပြန်လွှတ်ပေးသည့် နိုင်ငံခြားသားအကျဉ်းသားများထဲ၌ ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား (၁၅၁) ဦး ပါဝင်ကြောင်း...

တစ်နေ့ (၂၄) နာရီ ရှိသည့်အနက်...

တစ်နေ့လျှင် လျှပ်စစ်မီး (၈) နာရီရရှိနေရာမှ ယခုအခါ (၄) နာရီသာရရှိ နိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းက အသပေးလာပြန်သည်။ ပေးနိုင်သည့် ဝန်အားမမျှခြင်းကြောင့် အရေးပေါ်ဝန်အား လျှော့ချခဲ့ရသည့်အတွက်...

မော်လမြိုင်မြို့ မြစေတီဆရာတော်အား သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု...

နိုင်ငံတော်က အပ်နှင်းဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို မော်လမြိုင်မြို့ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက မြစေတီဝံသာဓိပတိအဂ္ဂ မဟာပဏ္ဍိတ ဝိနယပါဠိပါရဂူ မြစေတီဆရာတော်ဘုရားကြီး...

အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ်...

ယခု ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄)သန်းကျော်ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။ ဗဟိုဘဏ်အနေဖြင့်...
HomeInternationalပြည်ပရောက်ဆီးရီးယားသမ္မတဟောင်း မော်စကို၌ အဆိပ်ခတ်လုပ်ကြံခံရ

ပြည်ပရောက်ဆီးရီးယားသမ္မတဟောင်း မော်စကို၌ အဆိပ်ခတ်လုပ်ကြံခံရ

ဒိုဟာ၊ဇန်နဝါရီ ၃

ပြည်ပရောက်ဆီးရီးယားသမ္မတဟောင်း ဘာရှားအယ်လ်အာဆက်သည် အစိုးရပြိုကွဲပြီးကတည်းက မော်စကို၌ ခိုလှုံနေခြင်းဖြစ်ကာ ယခုအခါ ၎င်းအား အဆိပ်ခတ်လုပ်ကြံခဲ့သည်ဟူသောသတင်းများလည်းထွက်ပေါ်လာခဲ့သည်။

The Sun သတင်းဌာန၏အဆိုအရ အသက် ၅၉ နှစ်အရွယ်ရှိ အာဆက်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ၎င်းအနေဖြင့် အသက်ရှူရခက်ခဲသည်ဟုငြီးငြူခဲ့ပြီး အပြင်းအထန်ချောင်းဆိုးကာ ရင်ကြပ်သလိုဖြစ်လာသည်ဟုသိရသည်။

၎င်း၏အခြေအနေသည် ရုတ်ချည်းဆိုသလိုဆိုးရွားလာသဖြင့် နေထိုင်ရာတိုက်ခန်း၌ပင် ဆေးကုသမှုခံယူခဲ့ရပြီး ၎င်းခံစားရသည့်ဝေဒနာများတွင် ခေါင်းကိုက်ခြင်းနှင့်အစာအိမ်နာခြင်းများလည်းပါဝင်သည်ဟုသိရသည်။

ရုရှားထောက်လှမ်းရေးဟောင်းတစ်ဦးကဖွင့်ထားသည့် တယ်လီဂရမ်ချန်နယ်တစ်ခု၌မူ အာဆက်၏ကျန်းမာရေးစစ်ဆေးမှုရလဒ်များအရ အဆိပ်သင့်သည်ဟုစစ်ဆေးတွေ့ရှိရသည်ဟုဆိုထားပြီး လုပ်ကြံသတ်ဖြတ်ခြင်းမျိုးဖြစ်နိုင်သည်ဟုဆိုသော်လည်း ခိုင်မာသည့်သတင်းရင်းမြစ်များနှင့် ရုရှားအာဏာပိုင်များထံကအတည်ပြုထားခြင်းမျိုးမရှိသေးပေ။

မစ္စတာအာဆက်အား ၎င်းနေထိုင်ရာတိုက်ခန်း၌ပင် ဆေးကုသမှုခံယူစေခဲ့ရာ တနင်္လာနေ့တွင် ပြန်လည်ပြီးထူထူထောင်ထောင်ဖြစ်လာကြောင်းသိရပြီး အဆိပ်သင့်မှုဖြစ်ရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများစတင်လုပ်ဆောင်နေသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

Source : မော်ရိုကို

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျားဖျန့်မှုဖြင့် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား (၁၅၀) ကျော်ကို လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပြီး ထိုင်းသို့ပြန်လွှဲ

ယမန်နေ့ ဇန်နဝါရီ (၄) ရက် ၊လွတ်လပ်ရေးနေ့က ပြန်လွှတ်ပေးသည့် နိုင်ငံခြားသားအကျဉ်းသားများထဲ၌ ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား (၁၅၁) ဦး ပါဝင်ကြောင်း သိရသည်။ နစက ဥက္ကဋ္ဌသည် ဇန်နဝါရီ (၄) ရက်တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ နိုင်ငံအချင်းအချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုကာ လူသားချင်းစာနာထောက် ထားမှုကို အလေးထားသည့်အနေဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ (၁၈၀)ဦးကို လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။ အမျိုးသား (၇၄) ဦးနှင့်...

တစ်နေ့ (၂၄) နာရီ ရှိသည့်အနက် (၄)နာရီသာ မီးရရှိမည်ဖြစ်ပြီး မီးပျက်မှုပိုမိုဆိုးလာမည်

တစ်နေ့လျှင် လျှပ်စစ်မီး (၈) နာရီရရှိနေရာမှ ယခုအခါ (၄) နာရီသာရရှိ နိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းက အသပေးလာပြန်သည်။ ပေးနိုင်သည့် ဝန်အားမမျှခြင်းကြောင့် အရေးပေါ်ဝန်အား လျှော့ချခဲ့ရသည့်အတွက် လျှပ်စစ်မီးကို လုံလောက်စွာမပေးနိုင်ခြင်းဖြစ်သည်ဟုလည်း YESC က ဆိုသည်။ မီတာခများ နှစ်ဆတိုးမြှင့်ကောက်ခဲ့သော်လည်း မီးအလုံအလောက်မပေးနိုင်သည့်အပြင်တစ်ရက် (၂၄) နာရီ ရှိသည့်အနက် (၄) နာရီသာ အလှည့်ကျ မီးပေးနိုင်မည်ဆိုသည့်အပေါ် ပြည်သူများ အဆင်မပြေမှုများစွာ ကြုံတွေ့နေရသည်။ အဆိုပါ (၄) နာရီသည်လည်း လာချိန်ပျက်ချိန် အချိန်မှန်မ ဟုတ်ဘဲ လာချင်သည့်အချိန်တွင်လာကာ ပျက်ချင်သည့်အချိန်တွင် ပျက်နေပြီး ဝန်အားမမျှ၍ဟူသည့်...

မော်လမြိုင်မြို့ မြစေတီဆရာတော်အား သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်

နိုင်ငံတော်က အပ်နှင်းဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို မော်လမြိုင်မြို့ ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက မြစေတီဝံသာဓိပတိအဂ္ဂ မဟာပဏ္ဍိတ ဝိနယပါဠိပါရဂူ မြစေတီဆရာတော်ဘုရားကြီး ဆက်ကပ်ခံခဲ့ရကြောင်း သိရသည်။ အဆိုပါ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဆက်ကပ်ခံရသည့် ဆရာတော် (၉)ပါးအနက် မြစေတီဆရာတော်တစ်ပါး ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုဘွဲ့တော်သည် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ရရှိထားပြီး၊အနည်းဆုံးသိက္ခာတော်(၄၀)ဝါရှိရမည်ဖြစ်ကာ ဗဟုသုတအကြားအမြင်များခြင်း၊ စာပေကျမ်းဂန်ရေးသားဖူးခြင်းစသည့် ဂုဏ်ထူးတို့နှင့် ပြည့်စုံသောဆရာတော်များအားအပ်နှင်းဆက်ကပ်သောဘွဲ့တံဆိပ်တော်ဖြစ်သည်ဟု သိရသည်။ ထို့ပြင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်(၅၄) ပါးဆပ်ကပ်ခံရသည့်အနက် မော်လမြိုင်မြို့ရှိ ဆင်ဖြူဆရာ တော်ဘုရားကြီးက ထပ်မံ အပ်နှင်းဆက်ကပ်ခံရကြောင်း သိရသည်။ ထို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071