ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား အလုပ်သမားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်အရ လာရောက်လုပ်ကိုင်နေသော ပြည်ပရွှေ့ပြောင်းလုပ်သားများအနေဖြင့် ၎င်းတို့၏ အလုပ်ပါမစ်များကို သက်တမ်းတိုးလျှောက်ထားရာတွင် ဘတ် ၂၀,၀၀၀ ပေးရန်လိုအပ်သည်ဆိုသော ပြောကြားချက်များကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပယ်ချခဲ့သည်။
နိုင်ငံအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများရင်ဆိုင်နေရသော ပြဿများကို ဆွေးနွေးရန် တောင်းဆိုသည့် မကြာခင်က လွှတ်တော်အစည်းအဝေးတစ်ခုအတွင်း အတိုက်အခံ လွှတ်တော်အမတ်များက ထိုသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ အလုပ်ပါမစ်သက်တမ်းတိုးခြင်း ကုန်ကျစရိတ်သည် တစ်ဦးလျှင် ဘတ် ၇၆၀၀ ထက်မကျော်လွန်ဘဲ ထိုပမာဏတွင် ဗီဇာ၊ အလုပ်လုပ်ကိုင်ခွင့်ကြေး၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးအာမခံနှင့် ၂ နှစ်သက်တမ်းကုန်ဆုံးချိန်တွင် တောင်းဆိုနိုင်သည့် စပေါ်ငွေ ဘတ် ၁,၀၀၀ စသည်တို့ပါဝင်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Phumphat Muanchan က ပြောဆိုခဲ့သည်။
သက်တမ်းတိုးကြေးသည် ရွှေ့ပြောင်းလုပ်သားများ၏ ဝင်ငွေကို ထည့်သွင်းစဉ်းစားရာတွင် ကျိုးကြောင်းဆီလျော်မှု ရှိ မရှိ မေးမြန်းရာ၌ အလုပ်သမားအခွင့်အရေးကို ကာကွယ်ရန်လိုအပ်သော အထောက်အထားစိစစ်ရေးစရိတ်၊ ဆေးစစ်ချက်ကုန်ကျစရိတ်တို့ကို ကာမိစေရန်လိုအပ်သည်ဟု မစ္စတာ Phumphat က ပြောဆိုခဲ့သငည်။
ပုဂ္ဂလိကဆေးရုံများသည် ရွှေ့ပြောင်းလုပ်သားများကို ဆေးစစ်ပေးသည့်အခါ စည်းမျဉ်းများကို လိုက်နာရန် သတိပေးထားသည်ဟု ကျန်းမာရေးဝန်ဆောင်မှုပံ့ပိုးဌာန(DHSS) ညွှန်ကြားရေးမှူးချုပ် Phanuwat Pankate က ပြောကြားခဲ့သည်။
ပုဂ္ဂလိကဆေးရုံများသည် အမှန်တကယ် ဆေးစစ်ပေးခြင်းမရှိဘဲ ဆေးလက်မှတ်များကို ရောင်းချနေသည်ဆိုသော သတင်းများကြောင့် ယင်းသို့ သတိပေးချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည် ဟု သူက ပြောကြားခဲ့သည်။
Ref: ဘန်ကောက်ပို့စ်