ယခုဘဏ္ဍာနှစ်၏ ဆယ့်တစ်လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုမှ ဒေါ်လာ ၂၆.၃၅၆ သန်း ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာမှ သိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလ မှ ဖေဖော်ဝါရီလကုန် ပုံမှန်ကုန်သွယ်မှုမှ ပုစွန်တန်ချိန် ၆၄၆၅.၂၇၂ တန် တင်ပို့ထားပြီး ကန်ဒေါ်လာ ၁၈.၀၇၂ သန်းရရှိထားကြောင်း၊ အလားတူ နယ်စပ်ကုန်သွယ်မှုမှ ပုစွန်တန်ချိန် ၆၄၆၅.၂၇၂ တန်တင်ပို့ထားပြီး ဒေါ်လာ ၈.၂၈၄ သန်းရရှိထားကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ငါး၊ ပုစွန် အပါအဝင် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် ဂျပန်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့ရောင်းချနေရပြီး ရန်ကုန်မြို့မှတဆင့် ပုံမှန်ရေကြောင်းကုန်သွယ်မှုမှတင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။