Tuesday, December 17, 2024

ထိုင်း-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်

ထိုင်းနှင့် မလေးရှားတို့သည် ၂၀၂၇ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ကို အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ အထိ ရောက်ရှိရန် မျှော်မှန်းထားပြီး ကုန်သွယ်ရေး၊...

ထိုင်းရေလုပ်သား လေးဦးကို လွတ်လပ်ရေးနေ့တွင် ပြန်လွှတ်ပေးမည်ဟု...

ပြီးခဲ့သည့်လကုန်ပိုင်းက ရနောင်းပြည်နယ် ကမ်းလွန်ရှိ ငါးဖမ်းလှေတစ်စီးပေါ်မှ ဖမ်းဆီးရမိထားသည့် ထိုင်း ရေလုပ်သားလေးဦးကို မြန်မာအစိုးရက ဇန်နဝါရီ ၄ ရက်တွင် ပြန်လွှတ်ပေးမည်ဖြစ်သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး...

Tik Tok စီအီးအိုနှင့် ထရမ့်ပ်...

နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု ဆိုကာ နာမည်ကျော် ဗီဒီယိုအက်ပ်ကို အမေရိကတွင် ပိတ်ပင်တားမြစ်ခံရနိုင်သည့်အရေးနှင့်ကြုံတွေ့ရန် သီတင်းပတ်မျှသာလိုတော့သည့် ဒီဇင်ဘာလ ၁၆ ရက် နေ့တွင် Tik...

(၁၁) လအတွင်း တနင်္သာရီတိုင်း ဒေသကြီးသို့...

၂၀၂၄ ခုနှစ်၏ (၁၁) လအတွင်း တနင်္သာရီတိုင်းဒေသကြီးသို့ ပြည်တွင်း၊ ပြည်ပခရီးသွား စုစုပေါင်း (၈)သိန်းခွဲအထိ ဝင်ရောက်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ထားဝယ်ရုံးခွဲမှ သိရသည်။ ပြီးခဲ့သည့်...
HomeNewsLocal Newsပြည်ပသို့ မြန်မာ့ကော်ဖီတန်ချိန် (၅၀၀၀)...

ပြည်ပသို့ မြန်မာ့ကော်ဖီတန်ချိန် (၅၀၀၀) ကျော်နှစ်စဉ်တင်ပို့နေ

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ကော်ဖီကို ပြည်ပသို့ နှစ်စဉ်တန်ချိန် (၅၀၀၀) ကျော်တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

မြန်မာနိုင်ငံတွင် (၁) နှစ်လျှင်ကော်ဖီတန်ချိန် (၉ဝဝဝ) ကျော်ထွက်ရှိပြီး ပြည်ပသို့ တန်ချိန်(၅၀၀၀) ကျော်တင်ပို့လျက်ရှိကြောင်း ယင်းထက်ပိုမိုတိုးချဲ့တင်ပို့နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာ့ကော်ဖီကို ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အမေရိကန်၊ နယ်သာလန်၊ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန် အစရှိသည့် နိုင်ငံများသို့ တင်ပို့နေခြင်း ဖြစ်သည်။

ပြင်ဦးလွင်နှင့် ရွာငံဒေသထွက်ကော်ဖီသည် ကမ္ဘာ့အဆင့်မီ Special Coffee အဆင့် အသိအမှတ်ပြုခံထားရပြီးဖြစ်ကြောင်းလည်း သိရသည်။

မြန်မာ့ ကော်ဖီကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ဧရာဝတီ၊ ကရင်နှင့် ချင်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကော်ဖီစိုက်ပျိုးဧက (၅၀၀၀၀) ကျော်ရှိပြီး Arabica ကော်ဖီ စိုက်ဧက (၃၈၀၀၀) ကျော်၊ Robusta ကော်ဖီ စိုက်ဧက (၁၂၀၀၀) ကျော်ရှိကာ နှစ်စဉ် နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိ ဆွတ်ခူးလေ့ရှိပြီး ပြည်ပဈေးကွက်သို့ လာမည့်နှစ် ဧပြီလတွင် စတင် တင်ပို့ရောင်းချသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်း-မလေးရှား နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်

ထိုင်းနှင့် မလေးရှားတို့သည် ၂၀၂၇ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ကို အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ အထိ ရောက်ရှိရန် မျှော်မှန်းထားပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းစသည့် အဓိကနယ်ပယ်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။ တနင်္လာနေ့တွင် ပြီးဆုံးခဲ့သော ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ နှစ်ရက်ကြာ မလေးရှားနိုင်ငံခရီးစဉ်အတွင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ၌ အဆိုပါကိစ္စရပ်များကို သဘောတူညီခဲ့ကြသည်။ ခရီးစဉ်အတွင်း မစ္စပေတုံတန်နှင့် မစ္စတာအန်ဝါတို့သည် ၇ ကြိမ်မြောက် နှစ်ပတ်လည် ညှိနှိုင်းဆွေးနွေးပွဲကို ပူးတွဲသဘာပတိအဖြစ်...

ထိုင်းရေလုပ်သား လေးဦးကို လွတ်လပ်ရေးနေ့တွင် ပြန်လွှတ်ပေးမည်ဟု ဆို

ပြီးခဲ့သည့်လကုန်ပိုင်းက ရနောင်းပြည်နယ် ကမ်းလွန်ရှိ ငါးဖမ်းလှေတစ်စီးပေါ်မှ ဖမ်းဆီးရမိထားသည့် ထိုင်း ရေလုပ်သားလေးဦးကို မြန်မာအစိုးရက ဇန်နဝါရီ ၄ ရက်တွင် ပြန်လွှတ်ပေးမည်ဖြစ်သည်ဟု ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောဆိုလိုက်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မြန်မာဘက်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြပြီး ထိုင်းရေလုပ်သားလေးဦးကို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သော ဇန်နဝါရီ ၄ ရက်တွင် ကော့သောင်းမှ ပြန်လွတ်နိုင်ဖွယ်ရှိသည်ဟု သိရှိခဲ့ရကြောင်း မစ္စတာ Phumtham က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လကုန်ပိုင်းက ယင်းဖြစ်စဉ်တွင်...

Tik Tok စီအီးအိုနှင့် ထရမ့်ပ် တွေ့ဆုံ

နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ရသည်ဟု ဆိုကာ နာမည်ကျော် ဗီဒီယိုအက်ပ်ကို အမေရိကတွင် ပိတ်ပင်တားမြစ်ခံရနိုင်သည့်အရေးနှင့်ကြုံတွေ့ရန် သီတင်းပတ်မျှသာလိုတော့သည့် ဒီဇင်ဘာလ ၁၆ ရက် နေ့တွင် Tik Tok စီအီးအို Chew Shou Zi သည် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် Mar-a-Lago တွင် တွေ့ဆုံခဲ့သည်။ လူငယ်မဲဆန္ဒရှင်များကို စည်းရုံးရာတွင် သူ အသုံးပြုခဲ့သော Tik Tok ဆက်လက်ရပ်တည်နိုင်ရေးအတွက် တားမြစ်ချက်ကို တနည်းတဖုံ ပြောင်းပြန်လှန်ရန် ထရမ့်ပ်က သဘောထားပေးခဲ့ပြီး နာရီပိုင်းအကြားတွင် အဆိုပါ သီးသန့်တွေ့ဆုံမှုဖြစ်ပေါ်ခဲ့ခြင်းဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071