Thursday, November 21, 2024

မူဆယ်မြို့ ဆင်ဖြူဂိတ် တစ်ပိုင်တစ်နိုင်ကုန်ပစ္စည်းသယ်‌ဆောင်ခွင့် တရုတ်နိုင်ငံမှအထွက်ကိုသာ...

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်အား နိုဝင်ဘာ (၁၉) ရက် နံနက်ပိုင်းမှစ၍ တစ်ပိုင်တစ်နိုင်ကုန်စည်သယ်ဆောင်ခွင့် ပြန်လည်ခွင့်ပြုခဲ့သော်လည်း တရုတ်နိုင်ငံဘက်အခြမ်းမှ အထွက်ကိုသာ ခွင့်ပြုပြီး၊ မူဆယ်ဘက်မှအဝင်ကို...

WFP က ၂၀၂၅ ခုနှစ်အတွင်း...

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme - WFP) အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်အတွင်း...

မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ မြန်မာနိုင်ငံက အများဆုံးဖြစ်လာဟု...

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူဦးရေသည် မြန်မာနိုင်ငံက အများဆုံးဖြစ်လာကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ (International Campaign to Ban...

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀)...

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာနအဆင့်၌ စုစုပေါင်း အားကစားသမား (၅၂၀၀) ကျော်၊...
HomeNewsLocal Newsပြည်ပသို့ ရေထွက်ကုန် တင်ပို့မှု...

ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှု ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ (၁၀)သန်းကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့

ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုကို ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၁၀)သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ အောက်တိုဘာလကုန်အထိ ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း မက်ထရစ်တန် (၂၉၀,၀၀၀) ကျော်တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၃၈၅)သန်းကျော် ရရှိခဲ့ခြင်းဖြစ်သည်။

ထိုသို့တင်ပို့ရာတွင် မြန်မာ့ရေထွက်ကုန်များကို တရုတ်၊ဂျပန်၊ ကိုရီးယား၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၄၀) ကျော်ကို နှစ်စဉ် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှ တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေထွက်ပစ္စည်းပြုပြင်ထုတ်လုပ်သည့် စက်ရုံပေါင်း (၁၄၀) ကျော်ရှိပြီး ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် နှစ်စဉ်လိုင်စင်သက်တမ်းတိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်ပသို့ အဓိက တင်ပို့သည့် ရေထွက်ကုန်အမျိုးအစားများမှာ ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်၊ ငါးရှဉ့်၊ ပုစွန် နှင့် ဂဏန်း အစရှိသည့် ရေထွက်ကုန်များပါဝင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မူဆယ်မြို့ ဆင်ဖြူဂိတ် တစ်ပိုင်တစ်နိုင်ကုန်ပစ္စည်းသယ်‌ဆောင်ခွင့် တရုတ်နိုင်ငံမှအထွက်ကိုသာ ပြန်လည်ခွင့်ပြုထားသည့်အတွက် အခက်ကြုံနေဆဲဟုဆို

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်အား နိုဝင်ဘာ (၁၉) ရက် နံနက်ပိုင်းမှစ၍ တစ်ပိုင်တစ်နိုင်ကုန်စည်သယ်ဆောင်ခွင့် ပြန်လည်ခွင့်ပြုခဲ့သော်လည်း တရုတ်နိုင်ငံဘက်အခြမ်းမှ အထွက်ကိုသာ ခွင့်ပြုပြီး၊ မူဆယ်ဘက်မှအဝင်ကို ခွင့်မပြုခြင်းကြောင့် ဒေသခံကုန်သည်များအကြား အခက်ကြုံနေရကြောင်း သိရသည်။ " တရုတ်ဘက်ကနေ ဒီဘက်ကို လာမယ့်ကုန်ကားပေါင်း ငါးရာကျော်လောက်ရှိတယ်။ အခုတစ်ပိုင်တနိုင်ပြန်သွင်း လို့ရတယ်ဆိုတာကလည်း အထွက်ပဲ ခွင့်ပြုတာ အဝင်ကိုခွင့်မပြုတော့ ပစ္စည်းကဲ့ထုတ်ဖို့က အဆင်မပြေပြန်ဘူး။ (၁၉) ရက်က ပြန်ခွင့်ပြုတယ်ဆိုပေမယ့် တစ်ဦးစ နှစ်ဦးစလောက်ပဲ လုပ်ကြတာ။ အခြေအနေစောင့်ကြည့်နေကြတာ။ ဒီနေ့တော့ ဘယ်လိုလာမလည်း စောင့်ကြည့်ရမှာပဲ"ဟု ဒေသခံ...

WFP က ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့လူဦးရေ (၂) သန်းခန့်ကို အကူအညီများ ပေးအပ်ရန် စီစဉ်ထား

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme - WFP) အနေဖြင့် လာမည့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ လူဦးရေ (၂) သန်းကို အရေးပေါ်ကယ်ဆယ်ရေး၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဉ်များမှတစ်ဆင့် အကူအညီပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ အစီအစဉ်များကို Mr. Michael John Dunford မှ ဦးဆောင်သွားမည်ဖြစ်ပြီး ၎င်းသည် WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရန် နိုဝင်ဘာ (၂၀)...

မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ မြန်မာနိုင်ငံက အများဆုံးဖြစ်လာဟု ICBL အစီရင်ခံစာတွင်ဖော်ပြ

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူဦးရေသည် မြန်မာနိုင်ငံက အများဆုံးဖြစ်လာကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေးလှုပ်ရှားမှုအဖွဲ့ (International Campaign to Ban Landmines - ICBL) ၏ နိုဝင်ဘာ (၂၀) ရက်ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် လက်နက်ပစ္စည်းကြောင့် လူတစ်ထောင်ကျော် (၁,၀၀၃ ဦး) သေဆုံးခဲ့ကာ ပထမဆုံးအကြိမ် လူသေဆုံးမှု အများဆုံးနိုင်ငံဖြစ်ခဲ့သည်ဟု ဆိုသည်။ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း မြေမြှုပ်မိုင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071