Saturday, December 28, 2024

ထိုင်းရဲက စင်္ကာပူအခြေစိုက် လိမ်လည်မှုကွန်ရက်အသစ်ကိုဖော်ထုတ်နိုင်ခဲ့

ဘန်ကောက်၊ဒီဇင်ဘာ ၂၇ ထိုင်းနည်းပညာရဲတပ်ဖွဲ့သည် နယ်မြေပြောင်းလှုပ်ရှားနေသည့် စင်္ကာပူအခြေစိုက် လိမ်လည်မှုကွန်ရက်အသစ်တစ်ခုကို ဖော်‌ထုတ်တွေ့ရှိခဲ့ကြောင်းသိရသည်။ အဆိုပါလုပ်ငန်းများသည် ပုံမှန်အားဖြင့် ကမ္ဘောဒီးယားအခြေစိုက် လုပ်ငန်းများသာဖြစ်ကြပြီး စင်္ကာပူအခြေစိုက်သည်မှာရှားပါးသည်။ယခုဖော်ထုတ်တွေ့ရှိမှုသည် အသက် ၁၉ နှစ်အရွယ်...

အိန္ဒိယသမုဒ္ဒရာဆူနာမီ အနှစ် ၂၀ ပြည့်အခမ်းအနားပြုလုပ်

လူပေါင်းနှစ်သိန်းသုံးသောင်းခန့်‌ေ-သဆုံးခဲ့ရသည့် အိန္ဒိယသမုဒ္ဒရာဆူနာမီသည် အနှစ် ၂၀ ပြည့်ခဲ့ပြီဖြစ်ကာ ‌ေ-သဆုံးခဲ့သူများ၏ မိသားစုဝင်များက အထိမ်းအမှတ်အခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနား၌ ဆူနာမီအတွင်း‌ေ-သဆုံးသွားပြီး မိသားစုများနှင့်အဆက်သွယ်မရသည့် အမည်မသိ‌ေ-သဆုံးသူ ၁၄,၀၀၀ အားမြှုပ်နှံထားသည့်...

ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး(၃)မျိုးကို...

ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး(၃)မျိုးကို ဒီဇင် ဘာ ၂၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့၊...

လာအိုနှင့်ထိုင်းတို့ကမူးယစ်တိုက်ဖျက်ရေးပူးပေါင်းကြိုးပမ်းရန်ကတိပြု

ဗီယန်ကျင်း၊ဒီဇင်ဘာ ၂၆ လာအိုနှင့်ထိုင်းအစိုးရတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရန်နှင့် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန်အတွက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ လာအိုနိုင်ငံ၏မြို့တော် ဗီယန်ကျင်းတွင်ပြုလုပ်သည့်အကြိမ် ၂၀ မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ...
HomeInternationalပြည်သူချင်းချစ်ကြည်ရင်းနှီးမှုမြှင့်တင်ဖို့ တရုတ်နှင့်ဂျပန်သဘောတူခဲ့ကြ

ပြည်သူချင်းချစ်ကြည်ရင်းနှီးမှုမြှင့်တင်ဖို့ တရုတ်နှင့်ဂျပန်သဘောတူခဲ့ကြ

ပေကျင်း၊ဒီဇင်ဘာ ၂၆

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တကဲရှိအီဝယတို့သည် ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံပြည်သူများအကြားချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်ဟုသိရသည်။

တရုတ်နှင့်ဂျပန်ဆက်ဆံရေးကောင်းမွန်ခြင်းသည် သက်ဆိုင်ရာနှစ်နိုင်ငံအကျိုးအတွက်သာမကဘဲ ၎င်းတို့၏ဆက်ဆံရေးက တည်ငြိမ်မှသာ အာရှလည်းပိုမိုတည်ငြိမ်လာမည်ဖြစ်ကြောင်း ဝမ်ယိကဆိုခဲ့သည်။

ဂျပန်အနေဖြင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့်ဆက်ဆံရေး၏ မှန်ကန်သောလမ်းကြောင်းကို ထိန်းသိမ်းရန်ဆန္ဒရှိလိမ့်မည်မျှော်လင့်ကာ နှစ်နိုင်ငံဆက်ဆံရေးသည် မိတ်ဖက်ဆက်ဆံရေးသာဖြစ်သင့်ပြီး ရန်ဘက်ဆက်ဆံရေးမျိုးမဖြစ်စေလိုကြောင်းလည်းဝမ်ကပြောကြားခဲ့သည်။

ယင်းနောက် ဝမ်က တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍လည်း အပြုသဘောဆောင်သောအမြင်မျိုးဖြင့် ဂျပန်ကကြည့်မြင်ပေးသင့်ပြီး ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုအားကောင်းစေကာမိတ်ဖက်ဆက်ဆံရေးအတွက် လူထုထောက်ခံမှုခိုင်မာစေပြီး အငြင်းပွားမှုများနှင့်ကွဲလွဲမှုများကို စနစ်တကျကိုင်တွယ်သင့်သည်ဟုလည်း ဝမ်က ထပ်လောင်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းရဲက စင်္ကာပူအခြေစိုက် လိမ်လည်မှုကွန်ရက်အသစ်ကိုဖော်ထုတ်နိုင်ခဲ့

ဘန်ကောက်၊ဒီဇင်ဘာ ၂၇ ထိုင်းနည်းပညာရဲတပ်ဖွဲ့သည် နယ်မြေပြောင်းလှုပ်ရှားနေသည့် စင်္ကာပူအခြေစိုက် လိမ်လည်မှုကွန်ရက်အသစ်တစ်ခုကို ဖော်‌ထုတ်တွေ့ရှိခဲ့ကြောင်းသိရသည်။ အဆိုပါလုပ်ငန်းများသည် ပုံမှန်အားဖြင့် ကမ္ဘောဒီးယားအခြေစိုက် လုပ်ငန်းများသာဖြစ်ကြပြီး စင်္ကာပူအခြေစိုက်သည်မှာရှားပါးသည်။ယခုဖော်ထုတ်တွေ့ရှိမှုသည် အသက် ၁၉ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးနှင့်၎င်း၏ချစ်သူမိန်းကလေးကို ဘန်ကောက်၌ဖမ်းမိရာမှ ကွင်းဆက်ရခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယား၊မြန်မာနှင့်လာအိုကဲ့သို့ အိမ်နီးချင်းနိုင်ငံများအစား လိမ်လည်သူများသည် စင်ကာပူမှတစ်ဆင့် ၎င်းတို့၏ လိမ်လည်ရာတွင်သုံးသည့်ဖုန်းများကို လမ်းကြောင်းပြောင်းနေခြင်းဖြစ်ကြောင်း နည်းပညာမှုခင်းနှိမ်နင်းရေးဌာနကဖော်ပြခဲ့သည်။ ဤသို့နည်းဗျူဟာပြောင်းလဲလိုက်မှုသည် ခြေရာခံအချက်ပြမှုဇစ်မြစ်ကို တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုကို အတော်ပင်ကြီးမားစေခဲ့သည်။ အယုဒ္ဓယပြည်နယ်မှ လူတစ်ဦးသည် လိမ်လည်သူများကြောင့် ဘတ် ၁၀,၆၀၀ ဆုံးရှုံးခဲ့ကြောင်း သတင်းပို့ပြီးနောက် စုံစမ်းစစ်ဆေးမှုစတင်ခဲ့ကာ ရဲများသည် စစ်ဆင်ရေးကို တစ်လကြာခြေရာခံခဲ့ပြီး အဝေးထိန်းစနစ်ဖြင့်စောင့်ကြည့်ရာ စီစီတီဗွီကင်မရာများ...

အိန္ဒိယသမုဒ္ဒရာဆူနာမီ အနှစ် ၂၀ ပြည့်အခမ်းအနားပြုလုပ်

လူပေါင်းနှစ်သိန်းသုံးသောင်းခန့်‌ေ-သဆုံးခဲ့ရသည့် အိန္ဒိယသမုဒ္ဒရာဆူနာမီသည် အနှစ် ၂၀ ပြည့်ခဲ့ပြီဖြစ်ကာ ‌ေ-သဆုံးခဲ့သူများ၏ မိသားစုဝင်များက အထိမ်းအမှတ်အခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနား၌ ဆူနာမီအတွင်း‌ေ-သဆုံးသွားပြီး မိသားစုများနှင့်အဆက်သွယ်မရသည့် အမည်မသိ‌ေ-သဆုံးသူ ၁၄,၀၀၀ အားမြှုပ်နှံထားသည့် သင်္ချိုင်းသို့ လူအများအပြားလာရောက်ကာ လွမ်းသူ့ပန်းခွေများလာချခဲ့ကြသည်။ "ကျွန်တော့်မိသားစုဝင်တွေ ဘယ်ရောက်သွားလဲမသိသလို ပြန်လဲရှာမတွေ့ခဲ့ပါဘူး၊ဒါကြောင့် နှစ်တိုင်းဒီနေရာလာပြီး ပန်းခွေချတာကလွဲရင်တခြားဘာမှမလုပ်နိုင်ပါဘူး" ဟု လွန်ခဲ့သည့်အနှစ် ၂၀ က သဘာဝ‌ဘေးအတွင်း သားနှစ်ဦးကိုဆုံးရှုံးခဲ့ရသည့် ဖခင်တစ်ဦးကပြောကြားခဲ့သည်။ ၂၀၀၄ ခုနှစ်ကဖြစ်ခဲ့သည့် အဆိုပါသဘာဝဘေးအတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံမှ လူပေါင်း နှစ်သိန်းသုံးသောင်းခန့်‌ေ-သဆုံးခဲ့ပြီး အင်ဒိုနီးရှားတစ်နိုင်ငံတည်း၌ လူပေါင်း ၁၇,၀၀၀ ကျော်‌ေ-သဆုံးခဲ့သည်ဟုလည်းသိရသည်။ အဆိုပါသဘာဝဘေးကြောင့် ထိုင်းနိုင်ငံ၌လည်း...

ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး(၃)မျိုးကို ပဲခူးမြို့တွင်ဖမ်းမိ

ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး(၃)မျိုးကို ဒီဇင် ဘာ ၂၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့၊ ရပ် ကွက်ကြီး(၆)၊ ဗိုလ်အောင်ကျော်လမ်း၌ ကျော်ဆန်းဦး မောင်းကာ မလွမ်းယန်း လိုက်လာသည့် TOYOTA DYNA ကားကိုသတင်းအရရှာဖွေစစ်ဆေးခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာကားပေါ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်မြို့မှ ပဲခူးမြို့သို့သယ် ဆောင်၍ ၎င်းမှတစ်ဆင့် ရန်ကုန်တိုင်း၊ ရခိုင် ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရောင်းဝယ်ခြင်းပြုလုပ်မည့် ငွေကျပ်(၁၄ ဒသမ ၁၁၅၄)ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား(၅၂...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071