Saturday, January 4, 2025

အမျိုးသားညီလာခံတွင်ပါဝင်ဆွေးနွေးခဲ့ကြသည့် ဗိုလ်မှူးချုပ်သိန်းငွေ(ငြိမ်း)အပါအဝင် လူပုဂ္ဂိုလ်(၂၄၉)ဦးကို လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ချီးမြှင့်

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ဗိုလ်မှူးချုပ်သိန်းငွေ(ငြိမ်း)အပါအဝင် အငြိမ်းစားယူထားပြီးဖြစ်သည့် လူပုဂ္ဂိုလ်(၂၄၉) ဦးကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာလရှည်ကြာနီးကပ်စွာတည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့်စည်းလုံးညီညွတ်မှုကို မိမိအနေဖြင့်အထူးအလေးထား

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာလရှည်ကြာနီးကပ်စွာတည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့်စည်းလုံးညီညွတ်မှုကို မိမိအနေဖြင့်အထူးအလေးထားသည်ဟု ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ်ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ကပြောသည်။ မြန်မာနိုင်ငံ၏ ၂၀၂၅...

လွတ်လပ်ရေးခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် အခြေခံမူများမည်မျှဖော်ဆောင်နိုင်ခဲ့ပြီကိုပြန်လည် သုံးသပ်ကြရန်...

လွတ်လပ်ရေးခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် အခြေခံမူများမည်မျှဖော်ဆောင်နိုင်ခဲ့ပြီကို ပြန်လည်သုံးသပ်ကြရန် အရေးတကြီး လိုအပ်နေသော ကာလဖြစ်သည်ဟု ယနေ့ ဇန်နဝါရီ (၄) ရက်၌ ကျရောက်သည့် (၇၇)ကြိမ်...

ပြစ်မှု(၁၀)ခုနှင့်သက်ဆိုင်သည့် ပြစ်ဒဏ်ကျခံနေရသူများမှအပ ကျန် အကျဥ်းသား၊...

နစက မှ ပြစ်မှု(၁၀)ခုနှင့်သက်ဆိုင်သည့် ပြစ်ဒဏ်ကျခံနေရသူများမှအပ ကျန် အကျဥ်းသား၊ အကျဥ်းသူများကို ၎င်းတို့ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များ၏ ၆ ပုံ ၁ ပုံလွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း...
HomeNewsLocal Newsပြိုင်ပွဲဝင်(၁၃၆၄)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲ

ပြိုင်ပွဲဝင်(၁၃၆၄)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲ

ကရင်ပြည်နယ် ကျက်သရေဆောင်ဆံတော်ရှင်ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲကို (၇၇)နှစ် မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယနေ့ ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ခြေ၌ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား ကရင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဇွဲကပင်တောင်၏ ပြုပြင်ဖန်တီးထားခြင်းမရှိသော သဘာဝအလှအပများကို သိရှိခံစားနိုင်စေရန်၊ သဘာဝတောတောင်ရေမြေထိန်းသိမ်းရေးကို သိရှိနိုင်ရန်၊ ခြေလျင်တောင်တက်အားကစားနည်းကို လူအများစိတ်ပါဝင်စားလာစေရန်၊ ယင်း အားကစားနည်းကို လေ့လာလိုက်စားခြင်းဖြင့် ပြည်နယ်သူ၊ ပြည်နယ်သားများနှင့် တစ်မျိုးသားလုံးပိုမိုကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် အသက်(၄၀)နှစ်အောက် အမျိုးသား (၅၇၅)ဦး၊ အမျိုးသမီး(၅၅၀)ဦး၊ အသက်(၄၀)နှစ် အထက် အမျိုးသား(၁၅၀)ဦး၊ အမျိုးသမီး(၈၉) ဦး(စုစုပေါင်း ၁၃၆၄ ဦး)တို့က စတင်တာလွှတ်သည့် ဇွဲကပင်တောင်ခြေအရှေ့ခြမ်း သစ်ခြကျေးရွာတံတားဖြူမှစတင်၍ အမြင့်ပေ(၂၇၀၀)ကျော်ရှိ မက်စောက်မြင့်မားသော ဇွဲကပင်တောင်အားဖြတ်ကျော်ပြိုင်ပွဲဝင်ပြီး ဇွဲကပင်တောင်ခြေအနောက်ခြမ်း တော်ပုံကျေးရွာရှိ လုမ္ဗနီဥယျာဉ် အလယ်တန်းကျောင်းရှေ့တွင် ပန်းဝင်ခဲ့ကြသည်။

ထို့နောက် အသက်အငယ်ဆုံးပြိုင်ပွဲ(၂)ဦးနှင့် အသက်အကြီးဆုံးပြိုင်ပွဲဝင်(၂)ဦးတို့အား ဇွဲကပင်တောင်ဆရာတော်မှ ဂုဏ်ပြုဆုများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ အသက်(၄၀)နှစ်အထက် အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုရရှိကြသူများကို တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ အသက်(၄၀)နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုရရှိကြသူများ၊ အသက်(၄၀)နှစ်အောက် အမျိုးသားပြိုင်ပွဲနှင့် အသက်(၄၀)နှစ်အထက် အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စစမဆုရရှိကြသူများ၊ အသက်(၄၀) နှစ်အောက် အမျိုးသား/အမျိုးသမီး နှစ်သိမ့်ဆု ၆ မှ ၅၀ ထိ၊ အသက်(၄၀)နှစ်အထက် အမျိုး သား/အမျိုးသမီး နှစ်သိမ့်ဆု ၆ မှ ၃၅ ထိရရှိကြသူများကိုတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသားညီလာခံတွင်ပါဝင်ဆွေးနွေးခဲ့ကြသည့် ဗိုလ်မှူးချုပ်သိန်းငွေ(ငြိမ်း)အပါအဝင် လူပုဂ္ဂိုလ်(၂၄၉)ဦးကို လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ချီးမြှင့်

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ဗိုလ်မှူးချုပ်သိန်းငွေ(ငြိမ်း)အပါအဝင် အငြိမ်းစားယူထားပြီးဖြစ်သည့် လူပုဂ္ဂိုလ်(၂၄၉) ဦးကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ချီးမြှင့်ခဲ့သည်။ ၎င်းတို့အား ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွပ်လပ်ရေးနေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၂၅ ဖြင့် ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရသူများတွင် ဝန်ကြီးဌာနအသီးသီး၌ တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ ဝန်ကြီးဌာနများ၏ ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ နိုင်ငံတော်သမ္မတရုံး၊ အစိုးရအဖွဲ့ရုံး၊ အစိုးရပိုင်လုပ်ငန်းများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ပညာရှင်အဖွဲ့များ၊ အသင်း အဖွဲ့ဝင်များ၊ ရုပ်သံကျွမ်းကျင်သူများနှင့်...

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာလရှည်ကြာနီးကပ်စွာတည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့်စည်းလုံးညီညွတ်မှုကို မိမိအနေဖြင့်အထူးအလေးထား

မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ကာလရှည်ကြာနီးကပ်စွာတည်ရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့်စည်းလုံးညီညွတ်မှုကို မိမိအနေဖြင့်အထူးအလေးထားသည်ဟု ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ်ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ကပြောသည်။ မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ်၊ ယနေ့ ဇန်နဝါရီ ၄ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယအတွက် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူများထံသို့ ကမ္ဘောဒီးယားပြည်သူများနှင့် မိမိမှ ဂုဏ်ပြုဝမ်းမြောက်စကားများပို့သအပ်သည်ဟု ရေးသားထားသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် တူညီသည့်ရိုးရာယဉ်ကျေးမှုနှင့် ယုံကြည်မှု၊ အပြန်အလှန်နားလည်မှုနှင့်...

လွတ်လပ်ရေးခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် အခြေခံမူများမည်မျှဖော်ဆောင်နိုင်ခဲ့ပြီကိုပြန်လည် သုံးသပ်ကြရန် အရေးတကြီး လိုအပ်နေသော ကာလဖြစ်သည်ဟု ပြည်သူ့ပါတီ၏ (၇၇) ကြိမ်လွတ်လပ်ရေးနေ့ သဝဏ်လွှာတွင် ဖော်ပြ

လွတ်လပ်ရေးခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သည့် အခြေခံမူများမည်မျှဖော်ဆောင်နိုင်ခဲ့ပြီကို ပြန်လည်သုံးသပ်ကြရန် အရေးတကြီး လိုအပ်နေသော ကာလဖြစ်သည်ဟု ယနေ့ ဇန်နဝါရီ (၄) ရက်၌ ကျရောက်သည့် (၇၇)ကြိမ် လွတ်လပ်ရေးနေ့ အတွက် ပြည်သူ့ပါတီ၏ သဝဏ်လွှာတွင်ဖော်ပြထားသည်။ ပြည်သူ့ပါတီ၏ သဝဏ်လွှာတွင် “ ၁၉၄၇ ခုနှစ် ဖွဲစည်းပုံအခြေခံပဒေတွင် နယ်စပ်ဒေသများနှင့် ကရင်နီနယ်များ အပါအဝင် မြန်မာနိုင်ငံသားများဖြစ်သော ကျွန်ုပ်တို့သည် အချုပ်အခြာအာဏာပိုင်လွတ်လပ်သော မြန်မာနိုင်ငံ ကို အခိုင်အခံ့ အညီအညွတ် ထူထောင်ရန် သန္နိဌာန်ချ၍ လည်းကောင်း တရားမျှတခြင်း လွတ်လပ်ခြင်း ညီမျှခြင်းတည်းဟူသော လောကပါလ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071