Wednesday, January 15, 2025

ထရမ့်ပ်ကို သတ်ရန် မည်သည့်အခါကမျှ မကြံစည်ခဲ့–...

အီရန်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ခရမ့်ပ်ကို သတ်ဖြတ်ရန် မည်သည့်အခါကမျှ ကြံစည်ခဲ့ခြင်းမရှိဟု အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အင်န်ဘီစီသတင်းဌာနနှင့် ဇန်နဝါရီ ၁၄ ရက်က...

ကျောက်ပန်းတောင်း မြို့နယ်တွင် ပုပ္ပါး ၂၀၀...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းမှ...

မြန်မာ-တရုတ်ပူးပေါင်း၍ လျှပ်စစ်မီးနှင့်လမ်း များကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရန်ဆွေးနွေး

မြန်မာ-တရုတ်ပူးပေါင်း၍ လျှပ်စစ်မီးနှင့်လမ်း များကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ် Ms. Ma Jia တို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့်...

ဗြိတိန်အဂတိဝန်ကြီး ဟာဆီနာအမှု၌အဂတိရှိသည်ဆို၍နုတ်ထွက်

ရာထူးမှဖြု-တ်ချခံခဲ့ရသည့် အဒေါ်ဖြစ်သူ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် ဘဏ္ဍာ‌ငွေ‌ကြေးဆိုင်ရာ ဆက်ဆံမှုရှိခဲ့သည့်အပေါ် မေးခွန်းထုတ်ခံခဲ့ရအပြီး ရက်သတ္တပတ်များအကြာတွင် ဗြိတိန် ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် အဂတိတိုက်ဖျက်ရေးဝန်ကြီးသည် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း...
HomeNewsLocal Newsပြောင်းဖူးစေ့ အဝင်နည်း၍ လက်ကျန်နည်းသော်လည်း...

ပြောင်းဖူးစေ့ အဝင်နည်း၍ လက်ကျန်နည်းသော်လည်း ပြည်ပတင်ပို့ရန် ဝယ်ယူမှုများရှိနေ

ဇူလိုင်လ ဒုတိယပတ်တွင် မန္တလေးကုန်စည်ဒိုင်ဈေးကွက်သို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြောင်းဖူးစေ့များ ဝင်ရောက်မှုနည်းလာကြောင်း မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သိရသည်။

ယင်းကဲ့သို့ အဝင်နည်းလာခြင်းကြောင့် ဈေးကွက်လက်ကျန်လည်းနည်းလာပြီး ပြည်ပတင်ပို့ရန် စာချုပ်လက်ကျန်ရှိသည့် Exporter များ ဝယ်ယူမှုများရှိနေကာ မန္တလေးဆိပ်ကမ်းမှ နေ့စဉ်တင်ပို့မှု ရှိနေကြောင်း သိရသည်။

ပြောင်းဖူးစေ့(ဗမာ) ၅၄ ပိဿာဝင် တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၆၈၀၀၀ မှ ၆၉၀၀၀ကျပ်၊ ယခင်တစ်ပတ်တွင်ကျပ် ၆၆၀၀၀မှ ၆၇၀၀၀ ကျပ်၊ ယခင်လတွင်ကျပ် ၆၅၀၀၀ မှ ၆၀၀၀၀ ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ရှမ်းပြောင်း ၅၄ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၇၁၅၀၀ မှ ၇၂၅၀၀ကျပ်၊ ယခင်တစ်ပတ်တွင်ကျပ် ၆၈၀၀၀မှ ၇၀၀၀၀၊ ယခင်လတွင်ကျပ် ၆၉၀၀၀ မှ ၇၀၀၀၀ ကျပ်ဖြစ်ပြီး၊ ယခင်တစ်ပတ်ထက် ကျပ်၂၅၀၀ မှ ၃၅၀၀ ကျပ်၊ ယခင်လထက် ကျပ် ၂၅၀၀ ဈေးမြင့်လာကြောင်း သိရသည်။

ပြောင်းဖူးစေ့(စီပီ) ၅၄ ပိဿာဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၇၀၀၀၀မှ ၇၂၀၀၀ ကျပ်၊ ယခင်တစ်ပတ်တွင် ကျပ် ၆၈၀၀၀မှ ၇၀၀၀၀၊ ယခင်လတွင် ကျပ် ၆၉၀၀၀ မှ ၇၀၀၀၀ ဖြစ်ပြီး ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀ ၊ ယခင်လထက် ကျပ် ၁၀၀၀မှ ၂၀၀၀ ခန့်ဈေးမြင့်လာကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်ပ်ကို သတ်ရန် မည်သည့်အခါကမျှ မကြံစည်ခဲ့– အီရန်သမ္မတ

အီရန်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ခရမ့်ပ်ကို သတ်ဖြတ်ရန် မည်သည့်အခါကမျှ ကြံစည်ခဲ့ခြင်းမရှိဟု အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အင်န်ဘီစီသတင်းဌာနနှင့် ဇန်နဝါရီ ၁၄ ရက်က အင်တာဗျူးတွင် ပြောဆိုလိုက်ပြီး ထရမ့်ပ်နှင့် အမေရိကန်အစိုးရ၏ အခိုင်အမာစွပ်စွဲခဲ့မှုများကို ငြင်းဆိုသွားခဲ့သည်။ ထရမ့်ပ်ကို လုပ်ကြံသတ်ဖြတ်ရန် အီရန်တော်လှန်ရေးတော်လှန်ရေးအစောင့်တပ်က ညွှန်ကြားခိုင်းစေခဲ့သည့် အစီအစဉ်တစ်ခုနှင့် ဆက်နွယ်သည်ဆိုကာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်တရားရေးဌာနက အီရန်အမျိုးသားတစ်ဦးကို စွဲချက်တင်ခဲ့သည်။ တိုက်ခိုက်မှုများ အကောင်အထည်မဖော်သေးမီတွင် တရားဥပဒေစိုးမိုးရေးအဖွဲ့များက အဆိုပါအကြံအစည်ကို ဟန့်တားနိုင်ခဲ့သည်ဟု ဆိုသည်။ သူ့ကို သတ်ဖြတ်ရန် ကြိုးပမ်းမှုများ၏နောက်ကွယ်တွင် အီရန်ပါဝင်နိုင်သည်ဟု...

ကျောက်ပန်းတောင်း မြို့နယ်တွင် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းမှ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ယင်း ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို Zeya & Associates နှင့် Rosatom Renewable Energy ကဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်က လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များကို...

မြန်မာ-တရုတ်ပူးပေါင်း၍ လျှပ်စစ်မီးနှင့်လမ်း များကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရန်ဆွေးနွေး

မြန်မာ-တရုတ်ပူးပေါင်း၍ လျှပ်စစ်မီးနှင့်လမ်း များကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ် Ms. Ma Jia တို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် တရုတ်သံအမတ် Ms. Ma Jia တို့သည် ဇန်နဝါရီ ၁၄ ရက်က တနင်္သာရီတိုင်းတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာအတွေ့အကြုံကူးလူးဖလှယ်မှုနက်ရှိုင်းစေရေး၊ လျှပ်စစ်မီးနှင့်လမ်းများ ကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် သောက်သုံးရေ၊ မိသားစုစက်မှုလက်မှုပစ္စည်းများကဲ့သို့ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ တရုတ်သံအမတ်သည် ဇန်နဝါရီ ၁၄ ရက်၌ပင် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်တွေ့ဆုံ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071