Friday, March 14, 2025

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန်...

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၄ ရက်နံနက်ပိုင်းက လှိုင်သာယာမြို့နယ်ရှိ...

တာချီလိတ်မြို့တွင် သင်္ကြန်ကာလ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး...

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် သင်္ကြန်ကာလယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်မောင်းနှင်သူများအား ကြိုတင်အသိပညာပေးခြင်းကို ယနေ့မတ်လ (၁၄)ရက်မှစတင်၍ (၃) ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး၊ ပညာပေးကာလကျော်လွန်ပါက မော် တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေး...

အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ...

အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့အား အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကသီးခြား စီ အသီးသီး သွားရောက် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန၏...

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင်...

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) ဒေသများတွင် မတ်လ (၁၄) ရက်မှ (၂၀)...
HomeNewsLocal Newsပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာ...

ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာ လေ့ကျင့်ရန် တပ်ချုပ်မှာကြား

ယနေ့ခေတ်တွင် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာများသည် အဆက်မပြတ်တိုး တက်လျက်ရှိ၍ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်မူဝါဒအတိုင်း စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်ပြီး သင်ယူထားရှိပြီးဖြစ်သည့် စစ်မှုရေးရာနည်းနာများနှင့် အတတ်ပညာများကို ပိုမိုကျွမ်းကျင်အောင် အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ ဇန်နဝါရီ ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ၌ သင်တန်းသားများကို သင်ကြားလေ့ကျင့်ပေးနေမှုအား ၎င်းမှ ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ချမှတ်ထားရှိသည့်စည်းမျဉ်းစည်းကမ်းများအတိုင်း အမြဲလိုက်နာကျင့်သုံးနေရမည်ဖြစ်ပြီး စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံမည်ဆိုပါက တာဝန်များကို ပျော်ရွှင်စွာဖြင့် ထမ်းဆောင်နိုင်မည်ကြောင်းကိုလည်း ပြောသည်။

” ဒီနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်လို့ နည်းပညာကိုအသုံးပြုပြီး အင်တာနက်စာမျက်နှာတွေနဲ့ စာအုပ်စာပေတွေကနေ မိမိတို့ဘဝတိုးတက်ရေးအတွက်လိုအပ်တဲ့ အချက်အလက်တွေနဲ့ ဗဟုသုတတွေကို ရှာဖွေလေ့လာဆောင်ရွက်မယ်ဆိုရင် တစ်ဦးချင်းရဲ့စွမ်းရည်တွေလည်း တိုးတက်လာမှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

ထို့ပြင် တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ပညာရည်မြင့်မားရန် ပညာရေးသင်တန်းကျောင်းများဖွင့်လှစ်၍ မြှင့်တင်ပေးလျက်ရှိပြီး တပ်မတော်သား မိသားစုဝင် သား၊သမီးများ၏ ပညာရေးကိုလည်း အမြဲမပြတ်အားပေးလျက်ရှိကာ ထူးချွန်စွာအောင်မြင်သူများကို ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိသည်ဟု ပြောသည်။

အလားတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းကျောင်းတာဝန်ရှိသူများကိုလည်း ခေတ်နှင့် အညီပြောင်းလဲတိုးတက်လာသည့် သင်ခန်းစာများကို စဉ်ဆက်မပြတ် သုတေသနပြု သင်ကြားရန်၊ ကြံ့ခိုင်ရေးတွင် အရည်အချင်းပြည့်ဝပြီး လက်တွေ့နယ်ပယ်တွင် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ပိုင်နိုင်စွာထမ်းဆောင်နိုင်ရေး စနစ်တကျလေ့ကျင့်မွေးထုတ်ပေးရန်နှင့် စစ်သည်တစ်ဦးချင်း ရသင့်ရထိုက်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန်ဖြင့် ဖြည့်ဆည်းပေးရန်တို့ကိုလည်း မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးသည် အဓိကဖြေရှင်းပေးရမည့်ကိစ္စဖြစ်၍ အလေးထားဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၁၄ ရက်နံနက်ပိုင်းက လှိုင်သာယာမြို့နယ်ရှိ လှိုင်သာယာဘုရင့်နောင်ပြည်သူ့ပန်းခြံအားကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ လှိုင်သာယာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ လျှပ်စစ်မီးတိုင်များစနစ်တကျရှိစေရေး ဆောင်ရွက်ရာ၌ လုပ်ငန်းဆောင်ရွက်မှုများမှာ လိုအပ်ချက်များရှိနေ၍ ရေထွက်စနစ်များ စနစ်တကျကောင်းမွန်စေရန် ရေနုတ်မြောင်းများ၊ တံတားများကို သတ်မှတ်ချက်များနှင့်အညီ ရေစီးရေလာကောင်းမွန်အောင် ပြန်လည်ပြုပြင်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ " လှိုင်သာယာမှာ ရေစီးရေလာကောင်းမွန်ရေးဟာ အဓိကဖြေရှင်းဆောင်ရွက်ပေးရမယ့်ကိစ္စတစ်ခုဖြစ်တာကြောင့် အလေးထားဆောင်ရွက်ရပါမယ်။ တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ရေဝင်ရေထွက်ကောင်းမွန်ရပါမယ်။ မိုးရာသီမရောက်ခင် ရေစီးရေလာကောင်းမွန်စေဖို့နဲ့ ရေထွက်ပေါက်တွေစနစ်တကျ ဖြစ်အောင်ဆောင်ရွက်ရပါမယ်"ဟု နစက...

တာချီလိတ်မြို့တွင် သင်္ကြန်ကာလ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး (၃)ပြုလုပ်၊ ပညာပေးကာလကျော်လွန်ပါက အရေးယူမှုများ လုပ်ဆောင်မည်

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် သင်္ကြန်ကာလယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ကယ်မောင်းနှင်သူများအား ကြိုတင်အသိပညာပေးခြင်းကို ယနေ့မတ်လ (၁၄)ရက်မှစတင်၍ (၃) ရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး၊ ပညာပေးကာလကျော်လွန်ပါက မော် တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေဖြင့် အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ မတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပြုလုပ်သည့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဗိုလ်ချုပ်လမ်းမကြီတစ်လျှောက် ပြုလုပ်ခဲ့ကြကြောင် သိရသည်။ အသိပညာပေးရာ၌ သင်္ကြန်ကာလ မော် တော်ဆိုင်ကယ် မောင်းနှင်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများမှ ကာကွယ်ရန် ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းကြရန်နှင့် မေးသိုင်းကြိုးအား စနစ်တကျတပ်ဆင်ရန်၊ နှစ်ဦးထက်ပိုမို စီးနှင်းခြင်းမပြုရန်အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ ထို့ပြင်...

အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့အား အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က သွား ရောက် တွေ့ဆုံ

အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့အား အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ကသီးခြား စီ အသီးသီး သွားရောက် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn အား မတ်လ (၁၂) ရက်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ ထို့ပြင် အာဆီယံလူမှု-ယဉ်ကျေးမှုဆိုင်ရာ ဒုတိယအတွင်း ရေးမှူးချုပ် ဦးစံလွင်အား မတ်လ (၁၁) ရက်တွင် လည်း ကောင်း အသီးသီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071