Thursday, December 12, 2024

အလုပ်သမားစုစုပေါင်း တစ်သိန်းကျော်ကို OWIC ကတ်...

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားစုစုပေါင်း (၁၈၁,၈၉၉) ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြုပြီး ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ...

နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သူ မြင်းစီးအားကစားသမား ဖြိုးကျော်မြင့်သန်းကို ကြိုဆိုဂုဏ်ပြု

နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သူ မြင်းစီးအားကစားသမား ဖြိုးကျော်မြင့်သန်းသည် ယမန်နေ့ ဒီဇင်ဘာ (၁၁)ရက် ညနေ(၆) နာရီအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသဖြင့် ရန်ကုန်လေဆိပ်တွင် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း မြင်းစီးအားကစားအဖွဲ့ချုပ်ထံမှ...

ရထားပေါ်ရှိ အရေးပေါ်ခလုတ်ကို အရေးပေါ်ဖြစ်မှာသာ နှိပ်ကြရန်...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော DEMU မြို့ပတ်ရထားများတွင် အရေးပေါ်ခလုတ်ကို မှားနှိပ်သူများကြောင့် ရထားရပ်ရခြင်းမျိုးဖြစ်ပေါ်နေကာ အရေးပေါ်ကိစ္စများ ဖြစ်မှသာ နှိပ်ကြရန်‌ မြန်မာ့မီးရထားမှ မေတ္တာရပ်ခံထားသည်။ အဆိုပါ အရေးပေါ်ခလုတ်ကို...

အနောက်ကို ခရီးမသွားကြရန် နိုင်ငံသားများကို ရုရှား...

အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးသည် ပိုမိုထိပ်တိုက်တွေ့လာသည့် အနေအထားဖြစ်လာသောကြောင့် ရုရှားနိုင်ငံသားများအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် အီးယူနိုင်ငံအချို့သို့ ခရီးမသွားကြရန်နှင့် အမေရိကန်အာဏာပိုင်များ၏ လိုက်လံဖမ်းဆီးခံရနိုင်သည့် အန္တရာယ်ရှိနေသည်ဟု ရုရှားက...
HomeNewsLocal Newsပြေးခုန်ပစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ ကစားသမားက...

ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်မှ ကစားသမားက ဆီးဂိမ်းက ရွှေစံချိန်ထက် သာလွန်သည့် စံချိန်ဖြင့် ရွှေတံဆိပ်ရ

ကျင်းပနေသည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ရှမ်းပြည်နယ်မှ ကစားသမား နိုင်လင်းထွန်းသည် ပြီးခဲ့သည့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲက ရွှေတံဆိပ်ရခဲ့သည့် စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။

အသက်(၂၁)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲ၏ ပထမနေ့တွင် နိုင်လင်းထွန်း က (၃၂)ကြိမ်‌ မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ရွှေတံဆိပ်စံချိန် (၁:၄၀.၄၂) ထက်သာလွန်ကောင်းမွန်ပြီး (၁:၃၆.၁၀)စံ ချိန် ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် Essential Naypyitaw Auto Co.,Ltd နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ညှိနှိုင်းသဘောတူညီမှု ရယူ၍ မြန်မာကျပ်ငွေ ကာလပေါက်ဈေး (၄၃၈၀၀၀၀) တန်ဖိုးရှိ သော Homa – 2024 Model (Auto Click) ဆိုင်ကယ်အား ဂုဏ်ယူစွာ ချီးမြှင့်ဂုဏ်ပြုခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ယခုကျင်းပလျက်ရှိသည့် ကျန်ပြိုင်ပွဲများတွင်လည်း (၃၂)ကြိမ်‌မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ရွှေစံချိန်ထက်သာလွန်ကောင်းမွန်သော စံချိန်များ ဆွတ်ခူးရရှိခဲ့ပါက အခြားအလားတူဆိုင်ကယ်အား မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ ဂုဏ်ပြု ချီးမြှင့်သွားမည်ဖြစ်သည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလုပ်သမားစုစုပေါင်း တစ်သိန်းကျော်ကို OWIC ကတ် ပြုလုပ်ပေးပြီးဖြစ်

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားစုစုပေါင်း (၁၈၁,၈၉၉) ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြုပြီး ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးသည့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC) မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။ OWIC ကတ်ကို ပထမဦးဆုံးပြုလုပ်မည့်သူများအနေဖြင့် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရန်လိုအပ်ပြီး သင်တန်းတက်ရောက်ခွင့်ရရန် နေပြည်တော် အလုပ်သမားရုံးချုပ်သို့ တင်ပြရမည်ဖြစ်သည်။ အဆိုပါ သင်တန်းတက်ရောက်ပြီးစီးကြောင်း လက်မှတ်အပြင်...

နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သူ မြင်းစီးအားကစားသမား ဖြိုးကျော်မြင့်သန်းကို ကြိုဆိုဂုဏ်ပြု

နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သူ မြင်းစီးအားကစားသမား ဖြိုးကျော်မြင့်သန်းသည် ယမန်နေ့ ဒီဇင်ဘာ (၁၁)ရက် ညနေ(၆) နာရီအချိန်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသဖြင့် ရန်ကုန်လေဆိပ်တွင် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း မြင်းစီးအားကစားအဖွဲ့ချုပ်ထံမှ သိရသည်။ ၎င်းသည် ယခုလ ဒီဇင်ဘာ (၇)ရက်မှ (၁၀)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ပတ္တယားမြို့၌ ကျင်းပသည့် ထိုင်းဘုရင့်သမီးတော်ဖလား၊ အသက်(၁၄)နှစ်မှ (၁၈)နှစ်အတွင်း၊ မြင်းစီးတန်းခုန်ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ကြေးတံဆိပ်ဆုဆွတ်ခူးခဲ့ခြ င်းဖြစ်သည်။ ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၇)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် ပထမရွှေတံဆိပ်ဆုကို အိမ်ရှင်ထိုင်းကလည်းကောင်း၊ ဒုတိယ ငွေတံဆိပ်ဆုကို ကမ္ဘောဒီးယားက လည်းကောင်း၊ တတိယ ကြေးတံဆိပ်ဆုကို မြန်မာကလည်း...

ရထားပေါ်ရှိ အရေးပေါ်ခလုတ်ကို အရေးပေါ်ဖြစ်မှာသာ နှိပ်ကြရန် မြန်မာ့မီးရထားက မေတ္တာရပ်ခံ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော DEMU မြို့ပတ်ရထားများတွင် အရေးပေါ်ခလုတ်ကို မှားနှိပ်သူများကြောင့် ရထားရပ်ရခြင်းမျိုးဖြစ်ပေါ်နေကာ အရေးပေါ်ကိစ္စများ ဖြစ်မှသာ နှိပ်ကြရန်‌ မြန်မာ့မီးရထားမှ မေတ္တာရပ်ခံထားသည်။ အဆိုပါ အရေးပေါ်ခလုတ်ကို နှိပ်ပါက "နည်းပညာဆိုင်ရာ ချို့ ယွင်းချက်ကြောင့်'' ဟူသော အလိုအလျောက် အရေးပေါ် တုန့်ပြန် ပြောဆိုချက် ဘာသာစကား (၂)မျိုးဖြင့် ထွက်ပေါ်လာမည်ဖြစ်ပြီး ရထားချက်ခြင်း ရပ်တန့်သွားမှာဖြစ်သောကြောင့် အရေးပေါ်ခလုတ်ကို မှားမနှိပ်ကြရန် မြန်မာ့မီးရထားက ပြောကြားထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းများက ရုံးဆင်းချိန်၌ ရထားအရေးပေါ်ခလုတ်နှိပ်မိ၍ ရထားရပ်သွားပြီး ခရီးစဉ်နှောင့်‌နှေးခြင်းမျိုး နှစ်ကြိမ် ရှိနေပြီဖြစ်သောကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071