ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု ၊ စပေါ့ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ကျောက်စိမ်းလုပ်ကွက် စွန့်ပစ်နွံကန်ပြို့ကျမှုဖြစ်စဉ်မှ ပျောက်ဆုံးနေသူများအား ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိရာဇန်နဝါရီ (၁၄)ရက် ရုပ်အေ-လာင်း (၆)ေ-လာင်း ထပ်မံတွေ့ရှိခဲ့ကြောင်း မြေပြ င်ဆယ်ကယ်ရေးဆောင် ရွက်ပေးနေသူတစ်ဦးထံ သိရသည်။
ယမန်နေ့ ရှာဖွေကယ်ဆယ်မှုတွင် လူကြီးရုပ်အေ-လာင်း (၅) ေ-လာင်းနှင့် ကလေးရုပ်အေ-လာင်း(၁)ေ-လာင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ နွံကန်ပြိုကျမှုဖြစ်စဥ်သည် ဇန်နဝါရီ(၁၃)ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနီးဝန်းကျင်ရှိ နေအိမ်ဆယ်နှင့်ချီ နွံဖုံးသွားခဲ့ကာ လူပေါင်းရာနှင့်ချီကာ ေ-သဆုံးနိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားကြသည်။
ဇန်နဝါရီ(၁၃)ရက်နေ့က ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရာတွင် ရုပ်အေ-လာင်း (၁၄)လောင်း တွေ့ရှိထားပြီး ဇန်နဝါရီ (၁၄) ရက်၌ ရုပ်အေ-လာင်း (၆)ေ-လာင်း စုစုပေါင်း (၂၀) ေ-လာင်း ရှာဖွေ တွေ့ရှိထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
“ကျွန်တော်တို့ ရှာဖွေရေးမပြီးဆုံးသေးပါဘူး။ မနက်ဖြန်ဆ က်ရှာဖွေဖို့ရှိပါမယ်” ဟု မြေပြင်ဆယ်ကယ်ရေးဆောင်ရွက်ပေးနေသူက တစ်ဦးဆိုသည်။
ဖားကန်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များမှ စွန့်ပစ်သော မြေစာပုံများ ၊ ရွံ့နွံကန်များ မကြာခဏ ပြိုကျကာ လူေ-သဆုံးမှုလည်းဖြစ်ပွားနေခြင်းရှိနေသည်။
ဓာတ်ပုံ-CJ