ဖားကန့် မှော်မောင်းလျှံအတက်တွင် လမ်းဘေးကျင်းထဲပြုတ်ကျခဲ့သည့် ကားနှင့် မိသားစုဝင်သုံးဦး ယနေ့ အထိရှာဖွေမတွေ့ရှိသေး
ကချင်ပြည်နယ် ၊ ဖားကန့်မြို့၊ မှော်မောင်းလျှံအတက်တွင် ကားဘီးပေါက်ကာ လမ်းဘေးကျင်း ထဲသို့ပြုတ်ကျခဲ့သော ကားနှင့် မိသားစုဝင်သုံးဦးကို ယနေ့ ဇွန် ၁၀ ရက်နေ့ ညနေပိုင်းအချိန်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း ယင်းဒေသခံ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ယမန်နေ့ ဇွန် ၉ရက် နံနက် ၉နာရီ မိနစ် ၃၀ အချိန်တွင် လသားအရွယ်ကလေးငယ်ကို ကာကွယ်ဆေးထိုး ရန် ဖားကန့်သို့အဆင်း ရှရော်ခ၊ မှော်မောင်းလျှံအတက် အေးမြသာယာကျောက်စိမ်း လုပ်ကွက်ဟောင်းအနီး တွင် ကားဘရိတ်ပေါက်၍ ကျင်းအတွင်းသို့ ပြုတ်ကျသွားခဲ့သည် ဖြစ်စဉ်တစ်ခုဖြစ်သည်။
အဆိုပါ မိသားစုမှာ ယင်းဒေသရှိ မှော်မောင်းလျှံအကျိုးတူကုမ္ပဏီ၏ စာရေးမိသားဖြစ်ပြီး၊ ၎င်းတို့ စီးနင်းလာသည့် ကားအမျိုးအစားမှာ ပါဂျဲရိုးအမျိုးအစားဖြစ်ကြောင်း သိရသည်။
“ အခြေအနေကတော့မထူးသေးဘူးဗျ။ ဒီနေ့လည်ရှာနေတုန်းဘဲ ကားပြုတ်ကျတဲ့ ကန်က ပေ ၄၀၀ လောက်ရှိတဲ့ ကြိုးကို ရေပေါ်ဖောင်ကနေချတာ နှစ်ပေသုံးပေလောက်ဘဲပိုတယ်။ အလောင်းတွေလည်းရှာ မတွေ့သေးသလို ပြုတ်ကျသွားတဲ့ ကားလည်းမတွေ့သေးပါဘူး” ဒေသခံ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
လက်ရှိတွင် ကားပေါ်ပါမိသားစုသုံးဦးကို မှော်မောင်းလျှံကုမ္ပဏီ ဝန်းထမ်းများအပါအဝင်၊ ကြက်ခြေနီအသင်း၊ ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့များက အပူတပြင်းရှာဖွေလျှက်ရှိကြောင်းသည်။