Thursday, January 2, 2025

ဆရာမကြီးဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ...

"မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ" စာအုပ်ကို ရေးသားပြုစုခဲ့သူ ဆရာမကြီး ဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ သံ‌ဝေဂနှင့် ဩဝါဒပေးပို့တော်မူခဲ့ကြောင်း သိရသည်။ ဆရာမကြီး ဒေါ်မာလေး၏...

ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့် တွံတေး-ဒလသွားကားလမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်

ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့် တွံတေး-ဒလသွားကားလမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရွှေ့ပြောင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းတည်ဆောက်နေမှုနှင့် ဒလမြို့နယ်အတွင်းဓာတ်အားဖြန့်ဖြူးထားမှုတို့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ YESC...

နေပြည်တော်၌ ၅ ရက်ကြာကျင်းပမည့် MSME...

နေပြည်တော်၌ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်မှစတင်၍ ၅ ရက်ကြာကျင်းပမည့် MSME ထုတ်ကုန်ပြပွဲကိုသွားရောက်ပြသမည့် ကချင်ပြည်နယ်မှ MSME လုပ်ငန်းရှင်များအား ပြည်နယ်အစိုးရအဖွဲ့မှပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း...

ရေနံချက်စက်ရုံသစ် တည်ဆောက်ရန် ပြင်ဆင်နေ

တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် (၅)သိန်း ချက်လုပ်နိုင်မည့် Modular Type စက်ရုံသစ်တည်ဆောက်ရန် စီစဉ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၏ ပြောကြားချက်အရ သိရသည်။ ရန်ကုန်တိုင်းဒေသကြီး...
HomeInternationalဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်၌ သင်္ဘောများ...

ဖိလစ်ပိုင်က တောင်တရုတ်ပင်လယ်၌ သင်္ဘောများ ကိုဆက်လက်ဖြန့်ကျက်ထားမည်ဟုဆို

မနီလာ၊စက်တင်ဘာ ၁၆

အငြင်းပွားရေပိုင်နက်အတွင်းရှိ ဖိလစ်ပိုင်သင်္ဘောများသည် ငါးလကြာတပ်စွဲထားပြီးနောက် ဆိပ်ကမ်းသို့ပြန်လည်ဆိုက်ကပ်လာပြီဖြစ်သော်လည်း ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်ရှိ အဆိုပါ Sabina Shoal တွင် သင်္ဘောများကို ဆက်လက်တပ်ဖြန့်သွားဦးမည်ဟု ၎င်း၏ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဒီရေပြင်မှာ ဖြန့်ကျက်ထားတာကိုဆက်ပြီးပြုလုပ်သွားမှာပါ” ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) ပြောရေးဆိုခွင့်ရှိသူ Jay Tarriela က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဘက်က ပိုင်နက်နယ်မြေပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကိုပြုလုပ်‌နေသည်ဟု သံသယရှိသဖြင့် PCG ၏ရေယာဉ် Teresa Magbanua ကို ဧပြီလကတည်းက Sabina Shoal တွင်တပ်ချထားခဲ့ပြီးစောင့်ကြည့်စစ်ဆေးခဲ့ရာမှ တနင်္ဂနွေနေ့က ဖိလစ်ပိုင်ဆိပ်ကမ်းသို့ပြန်လည်ရောက်ရှိလာခြင်းလည်းဖြစ်သည်။

သို့သော် သင်္ဘောပြန်လည်ရောက်ရှိလာခြင်းသည် အဆိုပါသင်္ဘောကိုရုပ်သိမ်းရန် တရုတ်၏တောင်းဆိုမှုနှင့်သက်ဆိုင်ခြင်းမရှိကြောင်း၊သင်္ဘောကို ပြန်လည်ပြုပြင်ရန်နှင့် သင်္ဘောသားများ၏ ဆေးဘက်ဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်သာဖြစ်ကြောင်း မစ္စတာ Tarriela ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ကမူ ပေကျင်း၏ တရားစီရင်ပိုင်ခွင့်နယ်ပယ်အတွင်းရှိ အဆိုပါရေပြင်တွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပိုင်နက်အချုပ်အခြာအာဏာနှင့် ရေကြောင်းဆိုင်ရာ အခွင့်အရေးများအပါအဝင် နိုင်ငံ၏အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သွားမည်ဟုပြောကြားခဲ့သည်။

Source : ရိုက်တာ/အင်န်အိတ်ခ်ျ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆရာမကြီးဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ သံ‌ဝေဂနှင့်ဩဝါဒပေးပို့တော်မူခဲ့

"မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ" စာအုပ်ကို ရေးသားပြုစုခဲ့သူ ဆရာမကြီး ဒေါ်မာလေး၏ နောက်ဆုံးခရီး သို့ ပါမောက္ခချုပ်ဆရာတော်ကြီးမှ သံ‌ဝေဂနှင့် ဩဝါဒပေးပို့တော်မူခဲ့ကြောင်း သိရသည်။ ဆရာမကြီး ဒေါ်မာလေး၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ယနေ့ ဇန်နဝါရီ (၂) ရက်၊ နေ့လယ် (၃) နာရီတွင် ရေဝေးသုဿန်၌ မီးသဂြိုဟ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ " သံဝေဂဆိုတာ လောကရဲ့သဘာဝအပေါ် ကြောက်ရွံ့ခြင်း(ဩတ္တပ္ပ) ကြောက်စရာအဖြစ်ရှုမြင်ခြင်း ( ဉာဏ) တို့ကိုခေါ်တာပါ။ အသက်(၉၁)နှစ် မြန်မာစာဆရာမကြီး ဒေါ်မာလေး ( တက္ကသိုလ် ဝင့်မာ)...

ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့် တွံတေး-ဒလသွားကားလမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကိုရွှေ့ပြောင်းတည်ဆောက်

ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့် တွံတေး-ဒလသွားကားလမ်းနှင့်မလွတ်ကင်းသည့် ဓာတ်အားလိုင်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရွှေ့ပြောင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းတည်ဆောက်နေမှုနှင့် ဒလမြို့နယ်အတွင်းဓာတ်အားဖြန့်ဖြူးထားမှုတို့ကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ဥက္ကဋ္ဌဦးအောင်ကျော်ဦးမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ YESC ဥက္ကဋ္ဌသည် ဒလမြို့နယ်လျှပ်စစ်မန်နေဂျာရုံး၏ ၃၃ ကေဗွီ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးဓာတ်အားခွဲရုံရှိ ၃၃/၁၁-၆.၆ ကေဗွီ၁၅ အမ်ဗွီအေ ထရန်စဖော်မာ၏ ၆.၆ ကေဗွီ ဖီဒါများအား ၁၁ ကေဗွီစနစ်ဖြင့်ပြောင်းလဲဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒလ-တွံတေးလမ်းနှင့်ဒလတံတားစီမံကိန်းတိုးချဲ့ဧရိယာနှင့်မလွတ်ကင်းသည့်ဓာတ်အားလိုင်းတိုင်များကို ရွှေ့ပြောင်းတည်ဆောက်ပြီးစီးမှု၊လမ်းတိုးချဲ့ဧရိယာနှင့်မလွတ်ကင်းသည့်မြို့နယ်လျှပ်စစ်မန်‌နေဂျာရုံးခြံစည်းရိုးများရွှေ့ပြောင်းတည်ဆောက်ရန်လိုအပ်မှုနှင့် ဒလသင်္ဘောကျင်းသို့ဓာတ်အားဖြန့်ဖြူးပေးထားမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျဆင်းရေး၊ စဉ်ဆက်မပြတ်ဓာတ်အားပေးနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းသုံးပစ္စည်းများလေလွင့်ပျက်စီးဆုံးရှုံးမှုများမဖြစ်စေရေး၊...

နေပြည်တော်၌ ၅ ရက်ကြာကျင်းပမည့် MSME ထုတ်ကုန်ပြပွဲကိုသွားရောက်ပြသမည့် လုပ်ငန်းရှင်များအား ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးပေးသွားမည်

နေပြည်တော်၌ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်မှစတင်၍ ၅ ရက်ကြာကျင်းပမည့် MSME ထုတ်ကုန်ပြပွဲကိုသွားရောက်ပြသမည့် ကချင်ပြည်နယ်မှ MSME လုပ်ငန်းရှင်များအား ပြည်နယ်အစိုးရအဖွဲ့မှပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ MSME ထုတ်ကုန်ပြပွဲတွင် ကချင်ပြည်နယ်မှ ဒေသထွက်ထုတ်ကုန်ပစ္စည်းများအား သွားရောက်ခင်းကျင်းပြသနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ဦးဆောင်၍ ယနေ့ ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ယခုနှစ် MSME ထုတ်ကုန်ပြပွဲ၌ ပြိုင်ပွဲအဖြစ် MSME လုပ်ငန်းများနှင့် ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP)ထုတ်ကုန်လုပ်ငန်းများကို သီးခြားဆုများအဖြစ် ချီးမြှင့်ပေးအပ်သွားမည်ဟု ပြောသည်။ ယခုနှစ်ပြပွဲကို ပြည်နယ်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ရမည်သာမက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071