Thursday, December 12, 2024

ရထားပေါ်ရှိ အရေးပေါ်ခလုတ်ကို အရေးပေါ်ဖြစ်မှာသာ နှိပ်ကြရန်...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော DEMU မြို့ပတ်ရထားများတွင် အရေးပေါ်ခလုတ်ကို မှားနှိပ်သူများကြောင့် ရထားရပ်ရခြင်းမျိုးဖြစ်ပေါ်နေကာ အရေးပေါ်ကိစ္စများ ဖြစ်မှသာ နှိပ်ကြရန်‌ မြန်မာ့မီးရထားမှ မေတ္တာရပ်ခံထားသည်။ အဆိုပါ အရေးပေါ်ခလုတ်ကို...

အနောက်ကို ခရီးမသွားကြရန် နိုင်ငံသားများကို ရုရှား...

အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးသည် ပိုမိုထိပ်တိုက်တွေ့လာသည့် အနေအထားဖြစ်လာသောကြောင့် ရုရှားနိုင်ငံသားများအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် အီးယူနိုင်ငံအချို့သို့ ခရီးမသွားကြရန်နှင့် အမေရိကန်အာဏာပိုင်များ၏ လိုက်လံဖမ်းဆီးခံရနိုင်သည့် အန္တရာယ်ရှိနေသည်ဟု ရုရှားက...

ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးအတိုင်း မရောင်းချပါက အရေးယူမည်

ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်းမရောင်းချပါက အရေးယူသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ (၆)ရက်မှစတင်၍ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက...

ယမန်နေ့ညက ဒဂုံတောင်နှင့် ဒဂုံမြောက်တို့တွင် ယာဉ်မတော်တဆမှု(၂)ခုဖြစ်ပွား...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာ ၁၁ ရက်ညပိုင်းက ယာဉ်မတော်တဆမှု(၂)ခုဖြစ်ပွားခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်)ထံမှ သိရသည်။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ် အခွန်လွတ်ဈေးအနီးရှိ...
HomeNewsFootballဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွင်း မြန်မာအသင်းခေါင်းဆောင်...

ဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွင်း မြန်မာအသင်းခေါင်းဆောင် အပြောင်းအလဲဖြစ်ဖွယ်ရှိနေ

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ(၅)နာရီတွင် ယှဉ်ပြိုင်ကစားကြမည့် အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဆင့် ဒုတိယပွဲဖြစ်စဉ်၌ မြန်မာအသင်းခေါင်းဆောင် အပြောင်းအလဲဖြစ်ဖွယ်ရှိနေသည်ဟု သိရသော်လည်း အတည်ပြုနေဆဲဖြစ်သည်။

ဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွက် ယမန်နေ့ ဒီဇင်ဘာ (၁၁)ရက်ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းနှင့် ကွင်းလယ်ကစားသမား လွင်မိုးအောင်တို့ တက်ရောက်ပြောကြားခဲ့ပြီး အသင်းခေါင်းဆောင် မောင်မောင်လွင် တက်ရောက်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်အနေဖြင့် အင်ဒိုနီးရှားနှင့် ကစားသည့် ပွဲစဉ်အပြီး ပရိတ်သတ်အားရိုင်းစိုင်းစွာပြုမှု ဆက်ဆံခဲ့သည့်အပေါ်မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အရေးယူပေးမည်ဟု ကွင်းအတွင်း ပရိသတ်တွေကို အသိပေးတောင်းပန်ခဲ့ရသေးသည်။

ယနေ့ပွဲစဉ်အတွင်း မြန်မာအသင်းအနေဖြင့် ဖိလစ်ပိုင်အသင်းအား အနိုင်ကစားရန် အရေးကြီးပြီး ရှုံးနိမ့်ခဲ့မည်ဆိုပါက အုပ်စုအဆင့်ကနေ ထွက်ရန် ရာခိုင်နှုန်းများနေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရထားပေါ်ရှိ အရေးပေါ်ခလုတ်ကို အရေးပေါ်ဖြစ်မှာသာ နှိပ်ကြရန် မြန်မာ့မီးရထားက မေတ္တာရပ်ခံ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော DEMU မြို့ပတ်ရထားများတွင် အရေးပေါ်ခလုတ်ကို မှားနှိပ်သူများကြောင့် ရထားရပ်ရခြင်းမျိုးဖြစ်ပေါ်နေကာ အရေးပေါ်ကိစ္စများ ဖြစ်မှသာ နှိပ်ကြရန်‌ မြန်မာ့မီးရထားမှ မေတ္တာရပ်ခံထားသည်။ အဆိုပါ အရေးပေါ်ခလုတ်ကို နှိပ်ပါက "နည်းပညာဆိုင်ရာ ချို့ ယွင်းချက်ကြောင့်'' ဟူသော အလိုအလျောက် အရေးပေါ် တုန့်ပြန် ပြောဆိုချက် ဘာသာစကား (၂)မျိုးဖြင့် ထွက်ပေါ်လာမည်ဖြစ်ပြီး ရထားချက်ခြင်း ရပ်တန့်သွားမှာဖြစ်သောကြောင့် အရေးပေါ်ခလုတ်ကို မှားမနှိပ်ကြရန် မြန်မာ့မီးရထားက ပြောကြားထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းများက ရုံးဆင်းချိန်၌ ရထားအရေးပေါ်ခလုတ်နှိပ်မိ၍ ရထားရပ်သွားပြီး ခရီးစဉ်နှောင့်‌နှေးခြင်းမျိုး နှစ်ကြိမ် ရှိနေပြီဖြစ်သောကြောင့်...

အနောက်ကို ခရီးမသွားကြရန် နိုင်ငံသားများကို ရုရှား တိုက်တွန်း

အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးသည် ပိုမိုထိပ်တိုက်တွေ့လာသည့် အနေအထားဖြစ်လာသောကြောင့် ရုရှားနိုင်ငံသားများအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် အီးယူနိုင်ငံအချို့သို့ ခရီးမသွားကြရန်နှင့် အမေရိကန်အာဏာပိုင်များ၏ လိုက်လံဖမ်းဆီးခံရနိုင်သည့် အန္တရာယ်ရှိနေသည်ဟု ရုရှားက ဗုဒ္ဓဟူးနေ့တွင် သတိပေးတိုက်တွန်းလိုက်သည်။ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးသည် ပြိုပျက်လုနီးနီး အခြေအနေတွင် ရှိနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြောဆိုခဲ့သည်။ ဝါရှင်တန်၏ အမှားကြောင့် ပြိုပျက်လုနီးနီးဖြစ်နေပြီဖြစ်သော ရုရှား-အမေရိက ဆက်ဆံရေးတွင် ထိပ်တိုက်ရင်ဆိုင်မှုများ တိုးပွားလာသည့် အခြေအနေ၌ အမေရိကန်ပြည်ထောင်စုသို့ မလိုအပ်ဘဲ ခရီးသွားခြင်းများသည် အန္တရာယ်များသည်ဟု ဇာခါရိုဗာက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။ ယခုအားလပ်ရပ်ကာလအတွင်း အမေရိကန်ပြည်ထောင်စုနှင့်...

ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးအတိုင်း မရောင်းချပါက အရေးယူမည်

ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်းမရောင်းချပါက အရေးယူသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဒီဇင်ဘာလ (၆)ရက်မှစတင်၍ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်နှင့် အထက်ရှိသော စံချိန်မီရွှေ (၁) ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်)၏ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးဖြင့် ရောင်းချရန် သတ်မှတ်ထားသည်။ အဆိုပါ ရည်ညွှန်းဈေးများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊မြန်မာ့အသံ(Radio) ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတို့တွင်နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသည်။ ယင်းရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းမပြုပါက အရေးကြီးကုန်စည်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071