၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို လာမည့်နှစ် ဖေဖော်ဝါရီ (၉) ရက်၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ယင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ၌ အကယ်ဒမီဆု (၁၅) ဆုပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဒီဇင်ဘာ (၂၇)ရက်က ကျ င်းပပြုလုပ်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအ နား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရေးအကဲဖြတ်အဖွဲ့အနေဖြင့်လည်း ဆုများ ရွေးချယ်ရာတွင် စနစ်တကျရွေးချယ်ကာ ရသင့်ရထိုက်သူများ ရရှိစေရန် ဆောင်ရွက်ကြစေလိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းသည်။
ထို့ပြင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရာ၌လည်း ပြည်သူများ၏ သဘောထားအမြင်ကို လေ့လာသုံးသပ်ကာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရွေးချယ်ဆောင်ရွက်ရန်လည်း မှာကြားသည်။
၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယခုနှစ် ဖေဖော်ဝါရီ (၃) ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။