Thursday, December 26, 2024

မော်လမြိုင် နဂါးမောက်စေတီတော်၌ မနက်ဖြန် (ဒီဇင်ဘာ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲအဖြစ် ဆွမ်းခြောက်လောင်းလှူပွဲအား မနက်ဖြန်(ဒီဇင်ဘာ ၂၆ ရက်)နံနက် ၈ နာရီမှစတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဆွမ်းခြောက်လောင်းလှူပွဲ၌ သံဃာတော်(၁၀၁)...

ဖိလစ်ပိုင်က အမေရိက၏ တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူမည်

ဖိလစ်ပိုင်သည် ၎င်း၏ ရေပိုင်နက်အကျိုးစီးပွားများကို ကာကွယ်ရန် အမေရိက တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူရန် စီစဉ်ထားသည်ဟု တနင်္လာနေ့တွင် ပြောဆိုခဲ့ရာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတွင် တရုတ်က...

နျူစွမ်းအင်သဘောတူစာချုပ်တွင်လာဘ်မစားပါ–ဆဂျက်ဘ်ဝါဆတ်

၂၀၁၅ ခုနှစ်က ဒေါ်လာ ၁၂ ဒဿမ ၆၅ ဘီလျံတန် နျူကလီးယားစွမ်းအင်ဆိုင်ရာသဘောတူ စာချုပ် ကို ချုပ်ဆိုခဲ့မှုတွင် အကျင့်ပျက်ခြစားခဲ့သည်ဟူသော သူ၏...

အင်ဒို၌ နှစ်သစ်ကူးအတွက် ဆေးခန်းပေါင်း ၁,၅၇၄...

ဂျကာတာ၊ဒီဇင်ဘာ ၂၄ နှစ်ကုန်အားလပ်ရက်များအတွင်း ကျန်းမာရေးနှင့်ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရန်အတွက် နိုင်ငံတစ်ဝန်း၌ ဆေးခန်းပေါင်း ၁,၅၇၄ ခုကို အဆင်သင့်ပြင်ထားကြောင်း အင်ဒိုနီးရှားကျန်းမာရေးအာဏာကပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ အဆိုပါဆေးခန်းများကို အမြန်လမ်းမကြီး၊ဘက်စ်ကားဂိတ်၊ဆိပ်ကမ်း၊လေဆိပ်၊မတော်တဆမှုအဖြစ်များသောနေရာများသာမက...
HomeNewsLocal Newsဗန္ဓုလခရီးသည်ပို့ဆောင်ရေးကုမ္ပဏီပိုင် YBS ယာဥ်လိုင်း...

ဗန္ဓုလခရီးသည်ပို့ဆောင်ရေးကုမ္ပဏီပိုင် YBS ယာဥ်လိုင်း ၉ လိုင်းမှ အောက်တိုဘာ ၁ ရက်မှစ တင်၍ ယာဥ်စီးခများပြောင်းလဲကောက်ခံမည်

ဗန္ဓုလခရီးသည်ပို့ဆောင်ရေးကုမ္ပဏီပိုင် YBS ယာဥ်လိုင်း ၉ လိုင်းမှ အောက်တိုဘာ ၁ ရက်မှစ တင်၍ ယာဥ်စီးခများပြောင်းလဲကောက်ခံမည်

ဗန္ဓုလခရီးသည်ပို့ဆောင်ရေးကုမ္ပဏီပိုင် YBS ခရီးသည်တင်ယာဥ်လိုင်း ၉ လိုင်းမှ အောက်တို ဘာ ၁ ရက်မှစတင်၍ ယာဥ်စီးခနှုန်းထားများအား ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယာဥ်စီးခပြောင်းလဲကောက်ခံမည့် ယာဥ်လိုင်းများမှာ YBS 12 , YBS 13 , YBS 14 , YBS 25 , YBS 30 , YBS 38 , YBS 55 , YBS 117 , YBS 128 တို့ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြောင်းလဲကောက်ခံရာ၌ YBS 12 ယာဥ်လိုင်းသည် ယာဥ်စီးနင်းခဖြင့်စီးနင်းသူများသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ၅၀ ကွေ့မှ တောင်ဥက္ကလာပမြို့နယ် စာတိုက်မှတ်တိုင်အထိ ၂၀၀ ကျပ်နှင့်ခရီးစဥ်စ/ဆုံး ၃၀၀ ကျပ်ကျသင့်မည်ဖြစ်ကာ YPS ကတ်ဖြင့်ပေးချေပါက ခရီးစဥ်မှတ်တိုင် ၂၂ ခုအထိ ၂၀၀ ကျပ်နှင့် ခရီးစဥ် စ/ဆုံးအား ၂၈၀ ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

YBS 13 ယာဉ်လိုင်းမှာ ယာဥ်စီးနင်းခထည့်သွင်းသူများသည် ပုံသေ ၂၀၀ ကျပ်ဖြစ်ပြီး YPS ကတ်များသည် မှတ်တိုင် ၁၇ ခုအထိ ၁၄၀ ကျပ်နှင့် မှတ်တိုင် ၁၇ ခုထက်ကျော်လွန်ပါက ၁၈၀ ကျပ်၊ YBS 14 သည် ပါရမီမှ ရန်ကင်း ကြားမှတ်တိုင်အထိ ၂၀၀ ကျပ်၊ ခရီးစဥ် စ/ဆုံး ၃၀၀ ကျပ်၊ YPS ကတ်ဖြင့် မှတ်တိုင်(၂၄)ခုအထိ ၂၀ဝ ကျပ်၊ခရီး စဉ်စ/ဆုံး ၂၈ဝ ကျပ်ကျသင့်မည်ဖြစ်သည်။

YBS 25 ယာဉ်လိုင်းမှာ ဒဂုံတက္ကသိုလ်မှကားကြီးဂိတ်(ငမိုးရိပ်)အထိ ၂၀ဝ ကျပ်၊ခရီးစဥ်စ/ဆုံး ၃၀၀ ကျပ် YPS ကတ်ဖြင့် မှတ်တိုင် ၂၅ ခုအထိ ၂၀၀ ကျပ်၊ခရီးစဥ်စ/ဆုံး ၂၈၀ ကျပ်၊ YBS 30 သည် ဒဂုံတက္ကသိုလ်မှစာတိုက်(ကမ္ဘာအေး)အထိ ၂၀ဝ ကျပ်၊ခရီးစဉ်စ/ဆုံး ၃၀ဝ ကျပ်၊ YPS ကတ်ဖြင့် မှတ်တိုင် ၃၀ ခုအထိ ၂၀၀ ကျပ်၊ခရီးစဥ်စ/ဆုံး ၂၈၀ ကျပ်တို့ဖြစ်သည်။

ထို့အတူ YBS 38 သည် ပါရမီမှ ၁၂လုံးတန်း(ရန် ကင်း)အထိ ၂၀ဝ ကျပ်၊ခရီးစဉ်စ/ဆုံး ၃၀ဝ ကျပ်၊YPS ကတ်ဖြင့် မှတ်တိုင် ၁၆ ခုအထိ ၂၀၀ ကျပ်၊ခရီးစဥ်စ/ဆုံး ၂၈၀ ကျပ်၊ YBS 55 သည့် ပုံသေ  ၂၀ဝ ကျပ်၊ YPS ကတ်ဖြင့် မှတ်တိုင် ၂၄ ခုအထိ ၁၄၀ ကျပ်၊ ၂၄ ခုကျော်ပါက ၁၈၀ ကျပ်ဖြစ်သည်။

ထို့ပြင် YBS 117 သည် ဒဂုံတက္ကသိုလ်မှစာတိုက် (ကမ္ဘာအေး)အထိ ၂၀ဝ ကျပ်၊ခရီးစဥ်စ/ဆုံး ၃၀၀ ကျပ်၊ YPS ကတ်ဖြင့် မှတ်တိုင် ၂၇ ခုအထိ ၂၀၀ ကျပ်၊ခရီးစဉ်စ/ဆုံး ၂၈၀ ကျပ်၊ YBS 128 သည် ဒဂုံတက္ကသိုလ်မှတောင်ဥက္ကလာပဘုရားအထိ ၂၀ဝ ကျပ်၊ခရီးစဥ်စ/ဆုံး ၃၀၀ ကျပ်၊ YPS ကတ်ဖြင့် မှတ်တိုင် ၂၇ ခုအထိ ၂၀၀ ကျပ်၊ ခရီးစဥ်စ/ဆုံး ၂၈၀ ကျပ်တို့သို့ အသီးသီးပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“ကားခတွေပြောင်းသွားလည်း မိသားစုစားဝတ် နေရေးကအရေးကြီးတော့ သွားရမှာပဲလေ”ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုဝေဖြိုးကပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင် နဂါးမောက်စေတီတော်၌ မနက်ဖြန် (ဒီဇင်ဘာ ၂၆ ရက်)တွင် ဆွမ်းခြောက်လောင်းလှူပွဲကျင်းပမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပူဇော်ပွဲအဖြစ် ဆွမ်းခြောက်လောင်းလှူပွဲအား မနက်ဖြန်(ဒီဇင်ဘာ ၂၆ ရက်)နံနက် ၈ နာရီမှစတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဆွမ်းခြောက်လောင်းလှူပွဲ၌ သံဃာတော်(၁၀၁) ပါးအား စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် အလှူရှင်များက လောင်းလှူသွားမည်ဖြစ်ကာ ဆွမ်းခြောက်လောင်းလှူနိိုင်ရန် ခုံတန်းများကိုလည်း အဆင်သင့်ပြင်ဆင်ပေးထားကြောင်း သိရသည်။ ထို့ပြင် နံနက်ပိုင်းမှစတင်၍ တစ်နေကုန်သည်အထိ ဆွမ်းခြောက်လောင်းလှူသူများနှင့် ဧည့်ပရိသတ်များအား စတုဒိသာအဖြစ် ရေခဲမုန့်၊ အချိုပွဲများကို ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဆရာ တော်/သံဃာတော်ကြီးများမှ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကိုလည်း ဆင်ယင်ကျင်းပခဲ့ပြီး ဘုရားဖူးလာရောက်သူများကိုလည်း...

ဖိလစ်ပိုင်က အမေရိက၏ တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူမည်

ဖိလစ်ပိုင်သည် ၎င်း၏ ရေပိုင်နက်အကျိုးစီးပွားများကို ကာကွယ်ရန် အမေရိက တိုက်ဖွန်းဒုံးကျည်စနစ်ကို ဝယ်ယူရန် စီစဉ်ထားသည်ဟု တနင်္လာနေ့တွင် ပြောဆိုခဲ့ရာ ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုတွင် တရုတ်က သတိပေးရသည်အထိ ဖြစ်စေခဲ့သည်။ အမေရိကန်စစ်တပ်သည် ၎င်း၏ ရေရှည် မဟာမိတ်နှင့် နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် တာလတ်ပစ် ဒုံးကျည်စနစ်ကို ယခုနှစ်အစောပိုင်းက ဖိလစ်ပိုင်၌ ဖြန့်ကြက်ခဲ့သည်။ ထို့အပြင် ယင်းလုပ်ရပ်သည် အာရှ ဒေသကို မတည်မငြိမ်ဖြစ်စေသည်ဟု ပေကျင်းက ဝေဖန်နေသည့်ကြားမှပင် ဒုံးစနစ်ကို ဖိလစ်ပိုင်တွင် ထားရစ်ခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ဒုံးကျည်စနစ်၏ လုပ်ဆောင်နိုင်စွမ်း၊ ကျွန်းစုကာကွယ်ရေး...

နျူစွမ်းအင်သဘောတူစာချုပ်တွင်လာဘ်မစားပါ–ဆဂျက်ဘ်ဝါဆတ်

၂၀၁၅ ခုနှစ်က ဒေါ်လာ ၁၂ ဒဿမ ၆၅ ဘီလျံတန် နျူကလီးယားစွမ်းအင်ဆိုင်ရာသဘောတူ စာချုပ် ကို ချုပ်ဆိုခဲ့မှုတွင် အကျင့်ပျက်ခြစားခဲ့သည်ဟူသော သူ၏ မိသားစုအပေါ် စွပ်စွဲချက်များသည် လုံးဝအတုအယောင်ဖြစ်ပြီး အပုပ်ချဝါဒဖြန့်မှုသာဖြစ်ကြောင်း ရာထူးမှဖြု-တ်ချခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၏သားလည်းဖြစ် အကြံပေးလည်းဖြစ်သူက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ရုရှားနိုင်ငံပိုင် Rosatorm က ကျောထောက်နောက်ခံပေးခဲ့သည့် Rooppur နျူစွမ်းအင်စက်ရုံစီမံကိန်းတွင် အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားမှုနှင့် ငွေကြေးခဝါခြမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တနင်္လာနေ့တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071