ဗန်းမော်မြို့တိုက်ပွဲအတွင်း ကွဲကွာနေကြသည့် မိသားစုဝင်များ သိရှိစေရန် ဘေးကင်းရာနေရာသို့ ရောက်ရှိနေသည့် သူမစစ်ရှောင်များစာရင်းကို မြေပြင်ကူညီဆောင်ရွက်နေသူများက ယနေ့တွင် ပထမအကြိမ် ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ဘေးရှောင်များကို ရွှေကူမြို့ နာရေးကူညီမှုအသင်းက လက်ခံစောင့်ရှောက်ထားပြီး၊ ၎င်းတို့အနေဖြင့် ဘေးကင်းလုံခြုံကာရှိနေပြီး ကျန်းမာရေးစောက်ရှောက်မှုအပါအဝင် စားသောက်ရေးများအတွက်ပါ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ စာရင်းအတွင်း ပါရှိသော ဝေးကွာမိသားစုများ စိတ်ပူနေခြင်းမှ ကင်းဝေးရန် တင်ပြပေးခြင်းဖြစ်ပြီး ၊ ယင်းအနက် မန္တလေးမြို့သို့ ထပ်မံလိုက်ပါလိုသူများလည်း စာရင်းပေးသွင်းနိုင်သည်ဟု အသိပေးထားသည်။
ထို့အပြင် ယခုလ ဒီဇင်ဘာ (၂၄)ရက်က ဗန်းမော်မြို့ သိမ်တော်ကြီးကျောင်းဝန်းနှင့် သာသနာ့ဗိမ္မာန်အတွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံစစ်ဘေးရှောင်များအနက် ထိခိုက်ဒဏ်ရာရရှိသူ(၇)ဦး ကိုလည်း ဆေးဝါးကုသနိုင်ရန် မန္တလေးမြို့သို့ ခေါ်ဆောင်လာပြီဖြစ်သည်ဟု ထပ်မံအသိပေးထားသည်။
ယင်းလူနာများနှင့် စစ်ဘေးရှောင်အချို့မှာ ယနေ့တွင် ရွှေကူမြို့နယ်လုံးဆိုင်ရာနာရေးကူညီမှုအသင်းရုံး၌ ခတ္တတစ်ညတာ တည်းခိုကာ မနက်ဖြန်တွင် မန္တလေးမြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း ဆိုထားသည်။