ဗန်းမော်မြို့တိုက်ပွဲအတွင်း လက်-နက်ကြီးထိမှန်ခဲ့သည့် ဒဏ်ရာရ ဒေသခံစစ်ရှောင် (၆)ဦးမှာ ယနေ့ ဒီဇင်ဘာ (၂၈)ရက်တွင် မန္တလေးပြည်သူ့ဆေးရုံသို့ရောက်ရှိပြီဖြစ်ကာ ဆေးဝါးကုသမှုခံယူနေပြီဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် အဖွဲ့ထံက သိရသည်။
ဒဏ်ရာရရှိသူ (၆)ဦးအနက် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၄)ဦးတို့ဖြစ်ပြီး၊ ဗန်းမော်မြို့မှ ဒီဇင်ဘာ (၂၄)ရက်တွင် စတင်ထွက်ခွာလာပြီးနောက် (၅)ရက် အကြာတွင် မန္တလေးမြို့သို့ရောက်ရှိလာကာ အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေတွင် မရှိတော့ကြောင်း သိရသည်။
ယခုလ ဒီဇင်ဘာ (၂၄)ရက်က ဗန်းမော်မြို့ သိမ်တော်ကြီးကျောင်းဝန်းနှင့် သာသနာ့ဗိမ္မာန်အတွင်းလက်န-က်ကြီးကျရောက် ပေါက်ကွဲသဖြင့် ဒေသခံစစ်ဘေးရှောင်များအနက် ပြင်းထန်ဒဏ်ရာရရှိခဲ့သူများဖြစ်ကြောင်း သိရသည်
လက်ရှိတွင် ဗန်းမော်မြို့တိုက်ပွဲကြောင့် ဒေသခံစစ်ရှောင်များမှာ မန်စီ၊ မိုးမောက် ၊ ဒေါ့ဖုန်ယန်း၊ ရွှေကူနှင့် မန္တလေးမြို့များသို့ အစုအဖွဲ့အလိုက် ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
ယင်းအနက် မိသားစုဖြင့် လူစုကွဲကာ ပျောက်ဆုံးနေသူများရှိနေသဖြင့် ဒေသတွင်မြေပြင်ကူညီဆောင်ရွက်နေသူများက ချိတ်ဆက်ရှာဖွေပေးနေရကြောင်း သိရသည်။