Wednesday, December 18, 2024

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရန်...

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ကြီးဦးသန့်စင်က အလေးပေးပြောကြားသည်။ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်ခဲ့သည့် “အာဆီယံ-ကိုရီးယား...

တာချီလိတ်မြို့တွင် ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကိုဖမ်းဆီးရမိထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်သွားသူများကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းကဖမ်းဆီးရမိထားကြောင်း ကနဦးသိရသည်။ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ...

အာဆီယံဖလား တတိယအကျော့ ပွဲစဉ်မြန်မာအသင်း (၃)ဂိုးသွင်းယူ...

အားပေးရကြိုးနပ်ဟု ကွင်းအတွင်းလာရောက်ကြည့်ရှု့သည့် ပရိတ်သတ်တစ်ဦး ရင်ဖွင့် အာဆီယံဖလား တတိယအကျော့ပွဲစဉ်အား မြန်မာ-လာအို အသင်းတို့ ယနေ့ ဒီဇင်ဘာ (၁၈)ရက် ညနေ(၅)အချိန်တွင် ရန်ကုန်မြို့ ၊...

ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားပါက လုပ်ငန်းပမာဏ၏ (၂၅)ရာခိုင်နှုန်းကို...

ဓာတ်သတ္တု(ရွှေ)ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းပမာဏ၏ (၂၅) ရာခိုင်နှုန်းကို တင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ထု တ်ပြန်ထားသည်။ လျှောက်ထားရာတွင် သတ္တုတွင်းက ထုတ်ပေးသည့် ပုံစံ(၂) ဖောင်ကို...
HomeNewsLocal Newsဗန်းမော်မြို့ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေသည့်...

ဗန်းမော်မြို့ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေသည့် ဒေသခံများ မန္တလေးသို့ထပ်မံ စစ်ရှောင်မည်

ဗန်းမော်မြို့၊ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေသည့် ဒေသခံများ မနက်ဖြန် ဒီဇင်ဘာ (၁၉)၌ ကား (၈)စီးဖြင့် မန္တလေးမြို့သို့ ထပ်မံစစ်ရှောင်မည်ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

လက်ရှိတွင် မြို့ခံပြည်သူများမှာ ဗန်းမော်မြို့တွင်းရှိ ပညာတံခွန်ကျောင်းအပါအဝင် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီခိုလှုံနေထိုင်လျက်ရှိပြီး၊ အသုတ်လိုက် မန္တလေးမြို့သို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်။

“မနက်ဖြန် မန္တလေးကို စစ်ရှောင်ယာဉ်တန်း ထပ်ထွက်မှာပါ။ မန္တလေးက မိသားစုတွေ ကြိုပေးဖို့တော့ အကြောင်းကြားထားတယ်။ အချို့ကလည်း မန္တလေးမှာ မိသားစု ဆွေမျိုးသားချင်းမရှိတော့ ဘုန်းကြီကျောင်းတွေနဲ့ အခြားစေတနာအရ ကူညီပေးနေတဲ့ နေရာတွေမှာ ယာယီနေထိုင်ကြရမှာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အချို့ဒေသခံများမှာ မန္တလေးသို့ စစ်ရှောင်လိုသော်လည်း ဆွေမျိုးသားချင်းများမရှိသဖြင့် ဒေသတွင်း ဘုန်းကြီးကျောင်းများတွင် ဆက်လက်ခိုလှုံနေထိုင်လျှက်ရှိသည်ဟု သိရသည်။

ဗန်းမော်မြို့၌ ယခု ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ကနဦးတွင် ဒေသခံပြည်သူများ မြို့တွင်းပိတ်မိနေကြပြီးနောက် ဒီဇင်ဘာ (၁၂) ရက်မှစတင် ရေလမ်း၊ ကုန်းလမ်းများမှတဆင့် မန္တလေးမြို့သို့ အသုတ်လိုက်တိမ်း‌ရှောင်နေကြရခြင်း ဖြစ်သည်။

စစ်ရှောင်ဒေသခံ ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ဘေးလွတ်ရာပြောင်းရွှေ့နိုင်ရေးအတွက် ကချင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသတွင်း လူမှုကူညီရေး ပရဟိတအဖွဲ့က စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရန် မြန်မာသံအမတ်ကြီးပြော

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရန် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သံအမတ်ကြီးဦးသန့်စင်က အလေးပေးပြောကြားသည်။ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်ခဲ့သည့် “အာဆီယံ-ကိုရီးယား အကြံပေးအဖွဲ့ဝင်များ စားပွဲဝိုင်းဆွေးနွေးပွဲသို့ မြန်မာသံအမတ်ကြီးတက်ရောက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်ကြီးမှ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ကုန်သွယ်မှုကိစ္စနှင့် အနာဂတ်တွင်ဦးစားပေးသင့်သည့် စီးပွားရေးဈေးကွက်ကဏ္ဍများအပေါ် သုတေသနပြုရေးတို့ကို အလေးပေးပြောကြားခဲ့သည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲအား ကိုရီးယားနိုင်ငံရှိ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနက အိမ်ရှင်အဖြစ်လက်ခံ၍ ကိုရီးယားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပပေးခြင်းဖြစ်ကာ စီးပွားရေးမူဝါဒဆိုင်ရာအကြံပေးအဖွဲ့ဆွေးနွေးပွဲ၏ ရည်မှန်းချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အစီအမံများနှင့် လုပ်ငန်းစဉ်များ၊ အာဆီယံနှင့် တောင်ကိုရီးယားနိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း...

တာချီလိတ်မြို့တွင် ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူများကိုဖမ်းဆီးရမိထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်သွားသူများကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်ညနေပိုင်းကဖမ်းဆီးရမိထားကြောင်း ကနဦးသိရသည်။ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နံနက် ၆ နာရီခွဲခန့်က ဆိုင်ရှေ့ထွက်၍လမ်းအားရေဖြန်းနေသည့် "OK"ငွေလဲဆိုင်ပိုင်ရှင်ဖြစ်သူ အသက်(၈၀)နှစ်နီးပါးခန့်ရှိ အမျိုးသားကြီးတစ်ဦးအား အိမ်စီးကားတစ်စီးဖြင့်ရောက်ရှိလာကာ သေနတ်များကိုင်ဆောင်ထားသည့် အမျိုးသား (၃)ဦးက အတင်းအကြပ်ပြန်ပေးဆွဲခေါ်ဆောင် သွားခဲ့ကြကြောင်း သိရသည်။ ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်စဉ် နေအိမ်အတွင်းမှ အမျိုးသမီးတစ်ဦးထွက်လာ၍ ပြန်ဆွဲမှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူများသည် ကားဖြင့်မောင်းနှင်ထွက်ပြေးရာ အမျိုးသမီးဖြစ်သူမှာ တရွတ်တိုက်ပါသွားပြီးနောက် ပြုတ်ကျကျန်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့်...

အာဆီယံဖလား တတိယအကျော့ ပွဲစဉ်မြန်မာအသင်း (၃)ဂိုးသွင်းယူ အနိုင်ရလဒ်ထွက်ပေါ်

အားပေးရကြိုးနပ်ဟု ကွင်းအတွင်းလာရောက်ကြည့်ရှု့သည့် ပရိတ်သတ်တစ်ဦး ရင်ဖွင့် အာဆီယံဖလား တတိယအကျော့ပွဲစဉ်အား မြန်မာ-လာအို အသင်းတို့ ယနေ့ ဒီဇင်ဘာ (၁၈)ရက် ညနေ(၅)အချိန်တွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏအမျိုးသားအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။ ယနေ့ ပွဲစဉ်တွင် ကျောနံပါတ်(၇) လွင်မိုးအောင်က အဖွင့်ဂိုး(၁)ဂိုး စတင် သွင်းယူခဲ့ပြီး ၊ ကျောနံပါတ် (၇ ) ဝင်းနိုင်ထွန်းက(၂)ဂိုး အသီးသီးသွင်းယူပေးခဲ့ကြခြင်းဖြစ်သည်။ ပွဲစဉ်အတွင်း ယခင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ပွဲစဉ်အတွင်း ပါဝင်ခြင်းမရှိသည့် မြန်မာ့လက်ရွေးစင်အသင်း၏ အမာခံ တိုက်စစ်မှူး ဝင်းနိုင်ထွန်း ပြန်လည်ပါဝင်ကစားခဲ့သည်ကိုတွေ့ရသည်။ ယနေ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071