ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကို (၁) ဒေါ် လာ (၂၁၀၀) ကျပ်ပြောင်းလဲသတ်မှတ်
ဗဟိုဘဏ်က နိုင်ငံခြားငွေ သုံးစွဲမှုကို ထိန်းချုပ်လျက်ရှိရာ အမေရိကန် ဒေါ်လာ ငွေလဲနှုန်းကို ယခင်က (၁) ဒေါ်လာ ငွေလဲနှုန်း ၁၈၅၀ သတ်မှတ်ထားရာမှ ယခု (၁) ဒေါ်လာလျင် မြန်မာကျပ်ငွေ (၂၁၀၀) ကျပ်နှုန်းဖြင့် လဲလှယ်ရန် ရည် ညွှန်းသတ်မှတ်လိုက်ကြောင်း သိရသည်။
ဗဟိုဘဏ်က ဩဂုတ်လ (၅) ရက်ရက်စွဲဖြင့် အဆိုပါ ညွှန် ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းညွှန်ကြားချက်တွင် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့မှုမှ ရရှိသည့် နိုင်ငံခြားငွေများ၏ (၆၅) ရာခိုင် နှုန်းကိုသာ ဗဟိုဘဏ်နူန်းထားဖြင့် လဲလှယ်ရန် လိုတော့ကြောင်းဗဟိုဘဏ်က ဖြေလျှော့ ပေးမူလည်းပါသည်။
ထို ထုတ်ပြန်ချက်အပေါ် သွင်းကုန်သမား တစ်ဦးက ဗဟိုဘဏ်အနေနဲ့ ဒေါ်လာ အလုံလောက်ရောင်းပေးရင် စျေးငြိမ်သွားနိုင်ပါတယ်။ လောလောဆယ် ငွေလွဲ ဟွန်ဒီသမားတွေကိုဖမ်းနေတော့ ရောင်းတဲ့သူအနည်းစုကတင်းခံပြီး စျေးဆွဲတင်နေတာကလည်း စျေးမြောက်နေစေတာပေါ့ဟုဆိုသည်။
ကုန်သည် တဦးကတော့ အဝေးလွဲငွေစျေးတွေသိသိသာသာကျသွားနိုင်မယ်လို့မျှော်လင့်ပါတယ်။ ပို့ကုန်ရငွေ ရဲ့ ၆၅ ရာခိုင်နူန်း ကိုလဲရမယ်ဆိုတာအစား ၅၀ ရာခိုင်နူန်းလောက်ဆို ကွာနေတဲ့ ငွေလဲနူန်းဒဏ် ခံသာပြီး ရှဥ့်လည်းလျောက်သာ ပျားလည်းစွဲသာဖြစ် မှာပါဟု ပြောသည်။
လုပ်ငန်းရှင်တဦးကတော့ တနင်္လာနေ့ စျေးဖွင့်တာ စောင့်ကြည့်ရမှာပဲ။ဆွဲတင်ချင်တဲ့သူတွေလည်းရှိတော့ fix မလုပ်ရင် ပိုကျမလားလို့ တွက်ဆမိတယ်ဟု သူ့အမြင်ကိုဖွင့်ဟသည်။