ယမန်နေ့တွင် ထိုင်းဘတ် ၁၇ ဒသမ ၇၉၇ သန်းနှင့် ဒေါ်လာ ၂၅၀၀၀ ထပ်မံထုတ်ရောင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ ယခုတစ်ကြိမ်ထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ယခုနိုဝင်ဘာလအတွင်း ထိုင်းဘတ် (၃၃၈) သန်းကျော် ထုတ်ရောင်းပေးထားသည်။
အလားတူ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ (၉၄)သန်းကျော်နှင့် တရုတ်ယွမ် (၁၂) သန်း ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၀) ရက်အထိ သုံးလခွဲကျော်တွင် ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၅) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၄) သန်းကျော်အထိ ထုတ်ရောင်းပေးခြင်း ဖြစ်သည်။
ထို့ပြင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့်သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။