ဖိလစ်ပိုင်နိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)ေ-သနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့စဉ် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားကို ဖိလစ်ပိုင်နိုင်ငံ၊ Tarlas မြို့၊ Camp O’Donnell ရှိလက်နက်ငယ်ကျွမ်းကျင်မှု လေ့ကျင့်ရေးကွင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။
(၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)ေ-သနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်ကိုယ်စားပြုအသင်းသည် အမှတ်ပေးပစ်ခတ်စဉ်များတွင် နိုင်ငံအလိုက်အဆင့်(၄)၊ အမှတ်ပေးပစ်ခတ်စဉ်နှင့် ထိလဲပြားပစ်ခတ်စဉ်တွင် နိုင်ငံအလိုက်အဆင့်(၃)ရရှိခဲ့ပြီး ဆုတံဆိပ်များအနေဖြင့် ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၇)ခုရရှိခဲ့သည်။
မြန်မာ့တပ်မတော်ကိုယ်စားပြုအသင်းသည် ယနေ့ နိုဝင်ဘာ ၂၃ ရက်ညပိုင်းက ဖိလစ်ပိုင်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ပြီး တပ်မတော်အရာရှိကြီးများမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။