လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန်ဆောင်ရွက်နေသည့် ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ယနေ့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက ရွှေစင်ရွှေပြားများစတင်ကပ်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားဆင်ယင်ကျင်းပခဲ့သည်။
ရွှေစင်ရွှေပြားများအားပန်းရထားဖြင့်တင်လှူ၍ စတင်ကပ်လှူပူဇော်ခြင်းဖြစ်ကာ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တာဝန်ရှိသူများတက်ရောက်ကြည်ညိုခဲ့ကြသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများက နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္က သိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။
ထို့နောက် ဆရာတော်၊သံဃာတော်များအားလှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ စွန်းလွန်းဂူဝိပဿနာကျောင်းဆရာတော်ဘဒ္ဒန္တ ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့ပြင် ဗိုလ်တထောင်စေတီတော်၌တင်လှူပူဇော်မည့် ရွှေစင်ရွှေပြားများကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဆောင်၍ ပန်းရထားဖြင့်တင်ကာ စေတီတော်မြတ်ကြီးတွင် ကပ်လှူပူဇော်ခဲ့ကြသည်။