ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ မဂ္ဂင်မြိုင်ပန်းခြံအတွင်းတည်ထားသည့် တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနယကအ ဖွဲ့၊တွဲဖက်အကျိုးတော်ဆောင်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ သာ ယာကုန်းပြာသာဒ်ကျောင်းဆရာတော်ကြီး ကြွရောက်တော်မူခဲ့သည်။
ထို့နောက် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက သာယာကုန်းပြာသာဒ်ကျောင်း ဆရာတော်ကြီးထံမှ သီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံ ဃာတော်များအား ပရိတ်ရည်၊ ပရိတ်အိုး၊ ပရိတ် ချည် ပရိတ်သဲ၊ ပရိတ်ကျောက်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့ပြင် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြပြီး ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ အဂ္ဂသာမိထံမှ အနုမောဒနာတ ရားနာကြားပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များကြီးမှူး၍ တိလောကသီတလ မဟာဗောဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ကာ ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓါဘိသေကအနေ ကဇာတင်တော်မူခဲ့ကြသည်။