Sunday, December 22, 2024

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ...

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော်...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅...

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...
HomeInternationalဗြိတိန်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု...

ဗြိတိန်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပြီးနောက် ငှက်ကြည့်ကျွန်းများ ပိတ်

ဗြိတိန်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပြီးနောက် ငှက်ကြည့်ကျွန်းများ ပိတ်

အီဒင်ဘာဂ်၊ ဇူလိုင် ၁

ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပြီးနောက်အင်္ဂလန်နှင့် စကော့တလန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ပင်လယ်ကမ်းရိုးတန်းရှိ ဌက်ကြိုးဝိုင်းများကို လာရောက်လည်ပတ်သူများမလာ​အောင် ပိတ်လိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာလှည့်ခရီးသည်များ လာရောက်ကြသောCoquet ကျွန်းတွင် ပင်လယ်ငှက် ရာပေါင်းများစွာ သေဆုံးပြီးနောက် ကျွန်းများကို ပိတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Coquet ကျွန်းသည် ဗြိတိန်၏ တစ်ခုတည်းသော နှင်းဆီပင်များ ပေါက်ဖွားရာ နယ်နိမိတ်အတွင်း တည်ရှိပြီး အင်္ဂလန် အရှေ့မြောက်ဘက်ရှိ Northumberland ကမ်းရိုးတန်းမှ ပင်မ Farne ကျွန်းများ၏ တောင်ဘက် မိုင်၂၀ ခန့်အကွာတွင် ရှိသည်။

ထိုကျွန်းများကို National Trust conservation ပရဟိတအဖွဲ့မှ စီမံခန့်ခွဲ​လျှက်ရှိသည်။

ပင်လယ်ငှက်မျိုးစိတ် ၂၃ မျိုးနှင့် မီးခိုးရောင်ဖျံများ၏ ကိုလိုနီနယ်မြေများကို ကြည့်ရှုရန် နှစ်စဉ် လှေစီးခရီးဖြင့် ကျွန်းများသို့ လူ ၄၅,၀၀၀ ခန့် လာရောက်​လေ့ရှိကြသည်။

အဆိုပါရောဂါကို ဗြိတိန်ပြည်တွင်း၌ ပြီးခဲ့သည့်ဆောင်းရာသီတွင် ပထမဆုံးတွေ့ရှိခဲ့ပြီး ယခုအခါ တောရိုင်းငှက်များကို ကူးစက်ကာ သေဆုံးစေကြောင်း The National Trust က ဖော်ပြခဲ့သည်။

ရောဂါပိုးရှိသောငှက်၊ ၄င်းတို့မစင်များ၊ ခန္ဓာကိုယ်အရည်များ၊အစာနှင့်ရေမှတဆင့် တိုက်ရိုက်(သို့) သွယ်ဝိုက်​သော နည်းဖြင့် ငှက်များနှင့် ထိတွေ့သောအခါ ကူးစက်တတ်သည်။
လူသားများအတွက်​တော့ အန္တရာယ်နည်း​​သေးသည်ဟု ယူဆကြသည်။

စကော့တလန်ရှိ Isle of May နှင့် Noss National Nature Reserves တို့ သည် H5N1 ကြက်ငှက်တုပ်ကွေးရောဂါမှ ကာကွယ်ရန် သောကြာနေ့မှ စတင်၍ အများပြည်သူမလာရန် ပိတ်ထားခဲ့ကြောင်း စကော့တလန်၏ သဘာဝအမွေအနှစ်အဖွဲ့ NatureScot မှ ပြောကြားခဲ့သည်။

Ref: cna

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော် မဲလ်ဘုန်း၏ အနောက်ဘက် ၂၄၁ ကီလိုမီတာခန့်နှင့် လူဦးရေ ၄၉၅ ဦးရှိသည့် Halls Gap ကဲ့သို့ ကျေးလက်မြို့လေးများအပါဝင် Grampians အမျိုးသားဥယျာဉ်အနီး ဧရိယာများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “အန္တရာယ်အရမ်းများတဲ့ အခြေအနေမရောက်ခင် အလုံခြုံဆုံးနေရာကို ချက်ချင်းထွက်ခွာပါ” ဟု ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောဆိုခဲ့သည်။ မီးလောင်ပြင်များအနက်တစ်ခုသည် အင်္ဂါနေ့က မိုးကြိုးပစ်မှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တစ်ညလုံး...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ရုံးပိတ်ရက်ရှည် (၄) ကြိမ်ရရှိစေရန် ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေး

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သည့် ရုံးဖွင့်ရက်များကို အနီးစပ်ဆုံး စနေနေ့တစ်ရက်စီဖြင့် အစားထိုးရုံးပိတ်ရက်များအဖြစ် ပြန်လည် သတ်မှတ်ထားကြောင်းလည်း သိရသည်။ ပထမရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၅ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့)နှင့် လာမည့်...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲမှ ထွက်ခွာရ

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်အသင်း သွင်းဂိုးမရရှိဘဲ ဒုတိယပိုင်း ပွဲချိန်၌ ဗီယက်နမ်အသင်း က (၅)ဂိုး သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဆင့်မှသာ အိမ်ပြန်ခဲ့ရခြင်းဖြစ်သည်။ အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071