ဒါကာ၊ ဧပြီ ၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် အရေးပေါ် ဆေးဝါးများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် အင်္ဂါနေ့တွင် ထပ်မံပေးပို့ခဲ့သည်။
အဆိုပါ ထောက်ပံ့ရေးပစ္စည်းများနှင့်ဆေးဝါးများကို ဘင်္ဂလားဒေ့ရှ် တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် လေတပ်၏ သယ်ယူပို့ဆောင်ရေး လေယာဉ်သုံးစင်းဖြင့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ အကြံပေးအရာရှိချုပ် (CA) မူဟာမတ် ယူနွတ်စ် ၏ ညွှန်ကြားချက်အတိုင်း ပေးပို့ခဲ့ကြောင်း CA ၏ ဒုတိယပြန်ကြားရေးအတွင်းဝန်အဘူလ် ခလမ် အဇက်ဒ် မာဂျူမဒါ က ပြောကြားခဲ့သည်။
အဆိုပါမစ်ရှင်တွင် ကယ်ဆယ်ရေးနှင့် ဆေးအဖွဲ့ ၃ ဖွဲ့လုံးမှ ကယ်ဆယ်ရေး ကျွမ်းကျင်သူများ၊ မီးသတ်ဌာနမှဝန်ထမ်းများနှင့် မြို့ပြကာကွယ်ရေးဆရာဝန်များ၊ ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ ဆရာဝန်များနှင့် အရပ်သားဆရာဝန်များ ပါဝင်သည်။
ကယ်ဆယ်သူနှင့် ဆရာဝန် စုစုပေါင်း ၅၅ ဦးရှိသည်။ ထို့အပြင် လေယာဉ် ၃ စီးတွင် လေယာဉ်အမှုထမ်း ၃၇ ဦး ပါရှိသည်။
ကယ်ဆယ်ရေးနှင့် ဆေးအဖွဲ့များသည် ရိက္ခာများ၊ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အထောက်အကူ ပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဟင်းချက်အသုံးအဆောင်များ အပါအဝင် ၎င်းတို့၏ တစ်ကိုယ်ရေ သုံးပစ္စည်းများကို သယ်ဆောင်သွားကြသည်။
ထို့အပြင် ရိက္ခာခြောက် ၈ တန်၊ ရေ ၂ ဒသမ ၅ တန်၊ ဆေးဝါး ၄ တန်၊ တစ်ကိုယ်ရေ သန့်ရှင်းမှု ထုတ်ကုန် ၁ တန်နှင့် ငလျင်ဒဏ်သင့် ပြည်သူများအတွက် ကယ်ဆယ်ရေး တဲ ၁ ဒသမ ၅ တန် လဲပေးပို့မှုတွင်ပါဝင်ခဲ့သည်။
တနင်္လာနေ့ အစောပိုင်းက ဘင်္ဂလားဒေ့ရှ် သည် ကြည်းတပ် ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် တပ်မတော် မှတဆင့် မြန်မာနိုင်ငံသို့ ဆေးဝါးများ၊ တဲများ၊ ရိက္ခာခြောက်နှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့များ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများကို ပထမဆုံးအကြိမ်အဖြစ် ပေးပို့ခဲ့ပါသည်။
Ref: ရှင်းဟွာ