ဒါကာ၊ဒီဇင်ဘာ ၁၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်း၏ လေတပ်အင်အား ကို အဆင့်မြှင့်တင်ရန်အတွက် တရုတ်၏ J-10C အမျိုးအစား တိုက်လေယာဉ်များကိုမျက်စိကျနေကြောင်းသိရသည်။
သို့သော်လည်း အဆင့်မြင့် ဘက်စုံသုံးလေယာဉ်များကို ဝယ်ယူခြင်းသည် ဒေသတွင်းဆက်ဆံရေးကို ထိခိုက်စေပြီး နိုင်ငံအတွက် ကုန်ကျစရိတ်များကိုလည်း ကြီးမားစေနိုင်သည်။
ဤသတင်းသည် ပြီးခဲ့သည့်လက ဘင်္ဂလားဒေ့ရှ်လေတပ်ဦးစီးချုပ်၏ တရုတ်နိုင်ငံခရီးစဥ်အပြီး၌ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များဝယ်ယူရန် ကတိကဝတ်ပြုကြောင်းလည်းဖော်ပြခဲ့သည်။
၎င်း၏ခရီးစဉ်အတွင်း ခန်သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကာကွယ်ရေးနှင့်လေကြောင်းဆိုင်ရာ ပြပွဲဖြစ်သည့် Zhuhai Airshow ကိုလည်းတက်ရောက်ခဲ့ပြီး တရုတ်အမျိုးသား လေကြောင်းနည်းပညာ သွင်းကုန်နှင့် ပို့ကုန်ကော်ပိုရေးရှင်းရုံးချုပ်သို့လည်းသွားရောက်ခဲ့သည်။
အဆိုပါခရီးစဉ်သည် နှစ်နိုင်ငံကြား ရှိရင်းစွဲရင်းနှီးသည့်ဆက်ဆံရေးကိုမြှင့်တင်ရန်နှင့် ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းများကိုရှာဖွေရန် ရည်ရွယ်ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်၏ပြောကြားချက်အရသိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံမှ J-10C တိုက်လေယာဉ်အပါအဝင် လ-က်နက်များကိုပါ ပထမဆုံးဝယ်ယူသည့် နိုင်ငံဖြစ်သော ပါကစ္စတန်ပြီးလျှင် တရုတ်နိုင်ငံ၏ လက်-နက် ကို ဒုတိယ အများဆုံး ဝယ်ယူသည့်နိုင်ငံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပင် ဖြစ်သည်။
Source : ဘစ်ဇ်နစ်စတန်းဒတ်ထ်