Monday, November 18, 2024

ထိုင်းဘုရင်နှင့်မိဖုရား ရှေ့နှစ်ထဲ တရုတ်သို့သွားမည်

လီမာ၊နိုဝင်ဘာ ၁၇ ထိုင်းဘုရင်နှင့်မိဖုရားတို့သည် လာမည့်နှစ်တွင် တရုတ်အစိုးရ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့သွားမည်ဖြစ်ကြောင်းသိရသည်။ လာမည့်နှစ်သည် တရုတ်နှင့်ထိုင်းတို့၏ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်လည်းဖြစ်သဖြင့် တရုတ်အစိုးရ၏ဖိတ်ကြားမှုဖြင့် ဘုရင်နှင့်မိဖုရားတို့သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပေတုန်တန်ကပြောကြားခဲ့သည်။ ပေတုန်တန်သည်...

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ တန်ဆောင်တိုင်ပွဲတော်ကာလ ပြည်တွင်း/ပြည်ပ ခရီးသွားများ...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဘုရားဖူး ပြည်တွင်း/ ပြည်ပ ခရီးသွားများ ဝင်ရောက်လည်ပတ်မှု များပြားသဖြင့် အထူးစည်ကားခဲ့ကြောင်း ပုံဂံမြို့ဒေသတွင်း...

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ရရှိသူများ လိုက်နာရမည့်...

လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရန်နှင့် ပုံစံ (၇)ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ထားသည်။ လယ်ယာမြေနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စည်းကြပ်သောမြေခွန်နှင့် အခြားအခွန်များကို ပေးဆောင်ရမည်ဖြစ်ပြီး...

စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ...

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ အပတ်စဉ် သတ်မှတ်ထုတ်ပြန်ပေးနေသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ၇၀၀၀ အထိ မြင့်တက်လာကြောင်းမှ သိရသည်။ နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးသည် တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး...
HomeInternationalဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးဖြင့် ‌ေ-သဆုံးသူ...

ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးဖြင့် ‌ေ-သဆုံးသူ ၄၀၀ ကျော်လာ

အပူချိန် မြင့်တက်ခြင်း၊ မိုးရာသီကာလရှည်ကြာခြင်းတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုများမြင့်တက်ခဲ့ပြီး နှစ်များစွာအတွင်း ရောဂါဖြစ်ပွားမှု သည် အဆိုးဆုံးအခြေအနေရောက်ရှိနေကာ ‌ေ-သဆုံးသူ ၄၀၀ ကျော်လာခဲ့သည်။ ယင်းအခြေအနေကြောင့် ဆေးရုံများသည် ကုသရေး၌ မနိုင်မနင်းဖြစ်‌နေပြီး အထူးအားဖြင့် မြို့ပြ ဒေသများရှိ ဆေးရုံများမှာ အခက်အခဲတွေ့နေရသည်။

၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဆက်စပ်ရောဂါဝေဒနာများဖြင့် ‌ေ-သဆုံးခဲ့သူ ၄၀၇ ဦးထက်မနည်း ရှိနေပြီး ဆေးရုံတက်ရောက်ရသူ ၇၈,၅၉၅ ဦး ရှိခဲ့သည်ဟု နောက်ဆုံးထုတ်ပြန်သော ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

 နိုဝင်ဘာလလယ်တွင် ဆေးရုံတက်ရောက်ကုသမှုခံရသူ ၄,၁၇၃ ဦးရှိခဲ့ရာ၌ မြို့တော်ဒါကာမှ ၁,၈၃၅ ဦးဖြစ်ပြီး ၂,၃၃၈ ဦးမှာ အခြားဒေသများမှဖြစ်သည်။

“အောက်တိုဘာလမှာတောင် မိုးရာသီလိုမျိုး မိုးရွာသွန်းတာတွေကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်၊ ဒါက ပုံမှန်မဟုတ်ပါဘူး” ဟု Jahangimagar တက္ကသိုလ်မှ သတ္တဗေဒပါမောက္ခ ကာဘီရူလ် ဘာရှားက ပြောဆိုသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော ရာသီပုံစံများ ပြောင်းလဲခြင်းသည် ရောဂါပိုး အဓိကသယ်ဆောင်သူဖြစ်သော အေဒီးစ်ခြင်မျိုးအတွက် သင့်တော်သော အခြေအနေကို ပေးစွမ်းသည်ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။

“ဒီလို ရာသီအပြောင်းအလဲတွေက ခြင်တွေ ပေါက်ဖွားဖို့ရာ အကောင်းဆုံးအခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်” ဟု ဆိုသည်။

လူဦးရေထူထပ်သော မြို့ကြီးများတွင် ရောဂါပျံ့နှံ့မှု အဆိုးဆုံးအခြေအနေကို ဇွန်လမှ စက်တင်ဘာလအထိ မိုးရာသီအတွင်း အဖြစ်များလေ့ရှိသော်လည်း ယခုနှစ်တွင် ယင်းပုံမှန်ကာလထက် ကျော်လွန်ကာ ပျံ့နှံ့ဖြစ်ပွားနေခဲ့သည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းဘုရင်နှင့်မိဖုရား ရှေ့နှစ်ထဲ တရုတ်သို့သွားမည်

လီမာ၊နိုဝင်ဘာ ၁၇ ထိုင်းဘုရင်နှင့်မိဖုရားတို့သည် လာမည့်နှစ်တွင် တရုတ်အစိုးရ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့သွားမည်ဖြစ်ကြောင်းသိရသည်။ လာမည့်နှစ်သည် တရုတ်နှင့်ထိုင်းတို့၏ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်လည်းဖြစ်သဖြင့် တရုတ်အစိုးရ၏ဖိတ်ကြားမှုဖြင့် ဘုရင်နှင့်မိဖုရားတို့သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပေတုန်တန်ကပြောကြားခဲ့သည်။ ပေတုန်တန်သည် ပီရူးနိုင်ငံ လီမာမြို့၌ကျင်းပနေသည့် ၃၁ ကြိမ်မြောက် အေပက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်နေခြင်းဖြစ်ပြီး အစည်းအဝေးပြင်ပ၌ သမ္မတရှီနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အလားတူပင် လာမည့်နှစ်၌ကျရောက်မည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတနှင့်ဇနီးဖြစ်သူတို့ ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်ရန်မျှော်လင့်ထားကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။ ဆက်လက်၍လည်း ထိုင်းနှင့်တရုတ်တို့အကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများအတွက် အဆင်သင့်ရှိနေကြောင်း မစ္စပေတုန်တန်ကဆက်လက်ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသသို့ တန်ဆောင်တိုင်ပွဲတော်ကာလ ပြည်တွင်း/ပြည်ပ ခရီးသွားများ ဝင်ရောက်မှုများပြား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ဘုရားဖူး ပြည်တွင်း/ ပြည်ပ ခရီးသွားများ ဝင်ရောက်လည်ပတ်မှု များပြားသဖြင့် အထူးစည်ကားခဲ့ကြောင်း ပုံဂံမြို့ဒေသတွင်း သတင်းများအရ သိရသည်။ ပုံဂံဒေသ တန်ဆောင်တိုင်ပွဲတော်ကာလ လပြည့်နေ့တွင် ဘုရားဖူးခရီးသွားများဖြင့် အထူးစည်ကားခဲ့ပြီး ပြည်တွင်းခရီးသွားများ သာမက ပြည်ပခရီးသွားများလည်း ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။ ပုံဂံဒေသသို့ ခရီးသွားဝင်ရောက်မှုများလာ၍ ဒေသခံတို့အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာပြီး ဒေသတွင်းရှိ ဒေသထွက်ကုန်၊ အစားအသောက်နှင့် ခရီးသွားဝန်ဆောင်လုပ်ငန်းမှု လုပ်ငန်းများ၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းများမှ လူမှုစီးပွားနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာကြောင်း ဒေသခံတို့က ဆိုသည်။ ပုဂံဒေသသို့...

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ထုတ်ပြန်

လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းသုံးစွဲခြင်းမပြုရန်နှင့် ပုံစံ (၇)ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်ထားသည်။ လယ်ယာမြေနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စည်းကြပ်သောမြေခွန်နှင့် အခြားအခွန်များကို ပေးဆောင်ရမည်ဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတ်မှတ်သည့်တန်ဖိုးနှင့်အညီ တည်ဆဲဥပဒေအရသတ်မှတ်သော တံဆိပ်ခေါင်းခွန်နှင့် ဦးစီးဌာနကသတ်မှတ်သည့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့ကိုပေးဆောင်၍ သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071