Monday, April 14, 2025

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပဖို့နစကဥက္ကဋ္ဌကိုအကြံပြုခဲ့တဲ့သက်ဆင်

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ယခုလအစောပိုင်းက ဘန်ကောက်တွင် ကျင်းပသည့် နိုင်ငံတကာထိပ်သီးအစည်းအဝေးတွင် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ သက်ဆင်က ငြိမ်းချမ်းရေး ဆွေးနွေးရန်လည်း...

ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက တန်ချိန်(၄၂)တန်ကျော်ရှိ လူသားချင်း...

ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက ပေးပို့သော တန်ချိန် (၄၂) တန်ကျော်ရှိ လူသားချင်း စာနာမှုဆိုင်ရာထောက်ပံ့ပစ္စည်းများကို လက်ခံရရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံက သိရသည်။ လှူဒါန်းသော ပစ္စည်းများတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊...

အာဆီယံဥက္ကဋ္ဌ နှင့် နစက ဥက္ကဌ...

အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားသော မလေးရှားနိုင်ငံ ဝန်ကြီးချုပ်သည် ယခုသီတင်းပတ်အတွင်းတွင် ထိုင်းနိုင်ငံ၌ နစက ဥက္ကဌ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်...

အီရန်သည်နျူကလီးယားဗုံးကို ဘယ်တော့မှမရစေရဟုယူအက်စ်ပြော

ဝါရှင်တန်၊ဧပြီ ၁၄ အမေရိကအနေဖြင့် အီရန်က နျူကလီးယားလက်နက်မရ‌ေစရေးအတွက် သံတမန်နည်းလမ်းဖြင့်သာဆောင်ရွက်သွားရန် မျှော်လင့်ထားသော်လည်း သံတမန်နည်းလမ်းဖြင့် မအောင်မြင်ပါက စစ်ရေး နည်လမ်းကို အသုံးပြုရန်အတွက်အမေရိကန်စစ်တပ်ကအဆင်သင့်ဖြစ်နေပြီဟု ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။ အီရန်၏နျူကလီးယားကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏သည်...
HomeNewsLocal Newsဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့်...

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေပွေလှိုင်းကြောင့် (၂၄) နာရီအတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေပွေလှိုင်းကြောင့် နောက် (၂၄) နာရီအတွင်း ပြည်နယ်နှင့်တိုင်းအချို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်သည်ဟု ပြင်ပမိုး လေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။

လာမည့် ၂၄ နာရီအတွင်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှ င့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်၊ တနင်္သာရီတိုင်းထားဝယ်မြို့အထက်ဘက်တို့တွင် ‌နေရာစိပ်စိပ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် မိုးရေချိန် (၄၀) မီလီ မီ တာအထက် ရွာသွန်း‌နိုင်ကြောင်း ဆိုသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီ တိုင်းတို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကာ မိုးရေချိန် (၅) မီလီမီတာခန့် ရွာသွန်းနိုင်ကြောင်း ဆိုသည်။

ယနေ့ ဧပြီ(၅)ရက် မွန်းလွဲပိုင်းအချိန် အိန္ဒိယမိုးလေဝသဌာ န၏ ကြေညာချက်အရ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လ ယ်အော်တို့တွင် တိမ်ထူထပ်လာသည်ကို တွေ့ရပြီး၊ ပင်လယ်ရေမျက်နှာပြင်အထက် (၁ ဒဿမ ၃)ကီလိုမီတာ အမြင့်တွင် လေဝဲစီးကြောင်း (လေပွေလှိုင်း)တခု ဖြစ်ပေါ်နေသည်ဟု အသိပေးထားသည်။

ယင်းကြောင့် ဘင်္ဂလားပင်လယ်အော်တွင် သိသာထင်ရှားသ ည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဧပြီလ (၆) ရက်နှင့် (၇) ရက်တို့တွင် ဖြစ်ပေါ်လာနိုင်ကြောင်း Global Forecast mod el များ၏ ခန့်မှန်းထားရှိမှုကို မျှဝေထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပဖို့နစကဥက္ကဋ္ဌကိုအကြံပြုခဲ့တဲ့သက်ဆင်

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် ယခုလအစောပိုင်းက ဘန်ကောက်တွင် ကျင်းပသည့် နိုင်ငံတကာထိပ်သီးအစည်းအဝေးတွင် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ သက်ဆင်က ငြိမ်းချမ်းရေး ဆွေးနွေးရန်လည်း နစကဥက္ကဋ္ဌ ကို အကြံပေးခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဧပြီလ ၄ ရက်နေ့က ကျင်းပသည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးမှာ မစ္စတာ သက်ဆင်က“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိစေလိုတာကြောင့် သူနဲ့ စကားပြောခွင့်ရခဲ့ပါတယ်” ဟု ပြောသည်။ ၎င်းသည် ယခင်က ကမ္ဘာ့စူပါပါဝါနိုင်ငံများနှင့် ဆက်သွယ်ခဲ့ပြီး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု...

ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက တန်ချိန်(၄၂)တန်ကျော်ရှိ လူသားချင်း စာနာမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက ပေးပို့သော တန်ချိန် (၄၂) တန်ကျော်ရှိ လူသားချင်း စာနာမှုဆိုင်ရာထောက်ပံ့ပစ္စည်းများကို လက်ခံရရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံက သိရသည်။ လှူဒါန်းသော ပစ္စည်းများတွင် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်းများ၊ ယာယီရွက်ဖျင်တဲများ၊ တာပေါ်လင်စများ၊ ဂျယ်လီကန်ရေသန့်ဘူးများ၊ စောင်များ ၊အခင်းဖျာများ ပါဝင်သည်။ ဧပြီလ(၁၃)ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ လွှဲပြောင်းပေးအပ်ပွဲသို့ အသင်းအလုပ်အမှုဆောင် ပါမောက္ခဒေါက်တာတင်မောင်လှိုင် ၊ ဦးကျော်မိုးကြည်၊ လက်ထောက်အထွေထွေအတွင်း ရေးမှူးဒေါ်အိအိထွေးနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းမှ Dr. Tim...

အာဆီယံဥက္ကဋ္ဌ နှင့် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ထိုင်းနိုင်ငံတွင် တွေ့ဆုံမည်

အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားသော မလေးရှားနိုင်ငံ ဝန်ကြီးချုပ်သည် ယခုသီတင်းပတ်အတွင်းတွင် ထိုင်းနိုင်ငံ၌ နစက ဥက္ကဌ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။ ဆေးဝါးအကူအညီများ ပေးအပ်ခြင်းအပါအဝင် အကူအညီ ပေးအပ်ရေးကို လွယ်ကူချောမွေ့စေရန် အစည်းအဝေးကိုပြုလုပ်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဒတုခ် စရီ အန်ဝါ အီဘရာဟင် က ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် ကီလာနတန် ရေကြီးမှုအခြေအနေများ၊ အထူးသဖြင့် စုန်ဂါရီဂိုလိုခ်-ရန်တော်ပန်ဂျန် ပဋိပက္ခအရေးပြဿနာများကို ဖြေရှင်းရန်အတွက် အန်ဝါက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071