Friday, January 10, 2025

လောင်းလုံးကျွန်းရှိ စစ်ရှောင် (၅,၀၀၀) ကျော်...

တနင်္သာရီတိုင်း၊ လောင်းလုံကျွန်းအတွင်းရှိ ကျေးရွာပေါင်း(၁၀)ရွာရှိ ဒေသခံစစ်ရှောင်(၅,၀၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အခက်အခဲများဖြစ်ပေါ်ကာ အကူအညီများလိုအပ်နေကြောင်း အဆိုပါ ဒေသအတွင်း စစ်‌ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ထံက သိရသည်။ ထို ဒေသခံစစ်ရှောင်များမှာ...

နှစ်သစ်တွင် မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့သည့် ရိုးရာဖိုက်တာ...

ယမန်နေ့ ဇန်နဝါရီ (၉)ရက် ည(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် Patong fight night ချန်ပီယံခါးပတ်လုပြိုင်ပွဲ၌ မွေထိုင်းဖိုက်တာ ဘစ်နီဖရင်ကို ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးက...

Keynote Address (၆)ခုı Special...

Keynote Address (၆)ခုı Special Talk (၅)ခုနှင့် ပြည်တွင်း/ပြည်ပမှ သုတေသနစာတမ်း(၁၃၃) စောင်ဖတ်ကြားတင်သွင်းမည့် ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ(၂၀၂၅) ကို ယနေ့ ဇန်နဝါရီ...

နိုင်ငံအတွက် ပညာရှင်များစွာလိုအပ်လျက်ရှိနေဆဲဖြစ်၍ အသိပညာရှင်၊ အတတ်ပညာရှင်...

နိုင်ငံအတွက် ပညာရှင်များစွာလိုအပ်လျက်ရှိနေဆဲဖြစ်၍ အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန် နိုင်ငံတော်ကစီမံဆောင်ရွက်ပေးနေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ ဇန်နဝါရီ...
HomeInternationalဘန်ကောက်တွင် ကမ္ဘောဒီးယားအမတ်ဟောင်းတစ်ဦး အသတ်ခံရ

ဘန်ကောက်တွင် ကမ္ဘောဒီးယားအမတ်ဟောင်းတစ်ဦး အသတ်ခံရ

ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်းတစ်ဦးသည် အင်္ဂါနေ့ညနေပိုင်းက ဘန်ကောက်မြို့တော် Phra Nakhon ခရိုင်တွင် မော်တော်ဆိုင်ကယ်သမားတစ်ဦး၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သိရသည်။

လင်မ်ကင်ယာ(၇၃ နှစ်) သည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူကို မြို့တော်ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိသည်။

အခင်းဖြစ်နေရာမှ ထောက်လှမ်းရေးကင်မရာဗီဒီယိုမှတ်တမ်းအရ Honda Wave 100 မော်တော်ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။

သေဆုံးသူသည် ကမ္ဘောဒီးယား နှင့် ပြင်သစ် နှစ်နိုင်ငံ ၏ နိုင်ငံသားခံယူထားသူဖြစ်ပြီး သူ၏ ပြင်သစ်ဇနီးသည် ကမ္ဘောဒီးယားလူမျိုးဦးလေးတို့နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ယိမှ ဘတ်စ်ကားဖြင့် ဘန်ကောက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

အခင်းဖြစ်နေရာသို့ ရောက်ရှိပြီး မကြာမီမှာပင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။ ဆိုင်ကယ်စီးလာသော ပြစ်မှုကျူးလွန်သူသည် အခင်းဖြစ်နေရာတွင် ဆိုင်ကယ်ကိုရပ်ကာ ဆင်းလာပြီးနောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် သူသည် Phra Sumen လမ်းအတိုင်း ဆိုင်ကယ်ဖြင့် ပြန်မောင်းထွက်ပြေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။

လင်မ်ကင်ယာသည် ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကအတိုက်အခံပါတီဖြစ်သော CNRP ပါတီဝင်တစ်ဦးဖြစ်ပြီး ပါတီသည် ၂၀၁၇ ခုနှစ်နိုဝင်ဘာလတွင် တရားရုံးချုပ်၏ ဖျက်သိမ်းမိန့်ဖြင့် အဖျက်ခံ ခဲ့ရသည်။

ယခင်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်လက်ထက်က ညှင်းပန်းနှိပ်စက်မခံရရေးအတွက် သူ့လုပ်ဖော်ကိုင်ဖက် ပါတီဝင်များစွာသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ပြင်သစ်ပတ်စ်ပို့ကိုင်ဆောင်ထားသော လင်မ်ကင်ယာသည် နေရာသစ်တွင် အလွယ်တကူအခြေချခွင့်ရှိသည့်တိုင် ကမ္ဘောဒီးယားတွင် ဆက်ရှိနေခဲ့သည့် လက်တစ်ဆုပ်စာ ပါတီအမတ်များတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

“နိုင်ငံရေးကို ဘယ်တော့မှ အရှုံးမပေးပါဘူး” ဟု ထိုအချိန်က သတင်းထောက်များကို သူ ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လောင်းလုံးကျွန်းရှိ စစ်ရှောင် (၅,၀၀၀) ကျော် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အကူအညီများလိုအပ်နေဟုဆို

တနင်္သာရီတိုင်း၊ လောင်းလုံကျွန်းအတွင်းရှိ ကျေးရွာပေါင်း(၁၀)ရွာရှိ ဒေသခံစစ်ရှောင်(၅,၀၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အခက်အခဲများဖြစ်ပေါ်ကာ အကူအညီများလိုအပ်နေကြောင်း အဆိုပါ ဒေသအတွင်း စစ်‌ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ထံက သိရသည်။ ထို ဒေသခံစစ်ရှောင်များမှာ ပြီးခဲ့သည့် ဒီဇင်ဘာနောက်ဆုံးအပတ်အတွင်းက စတင် ရှောင်တိမ်းနေကြရပြီး၊ ရာသီဥတုဒဏ်ကြောင့်အသက်ရွယ် ကြီးရင့်သူများအပါအဝင် ကလေ-းငယ်များပါ ရာသီပေါ် ရောဂါအမျိုးမျိုးကို ခံစားနေကြရသည်ဟု ဆိုသည်။ "ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးအပတ်ကတည်းက ဖြစ်နေတဲ့ တိုက်ပွဲကြောင့် လောင်းလုံးကျွန်းဆွယ်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတာ။ အခုဆောင်းတွင်းကြီးဆိုတော့ ရာသီဥတုဒဏ်ကြောင့် ဖြစ်တဲ့ရောဂါတွေခံစားရတာပေါ့။ စားသောက်ရေးကလည်း ရက်ကြာလာတော့အခက်အခဲတွေကြုံနေရတယ်"ဟု စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။ ယနေ့အချိန်အထိ...

နှစ်သစ်တွင် မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့သည့် ရိုးရာဖိုက်တာ နော်ဥမ္မာစိုး

ယမန်နေ့ ဇန်နဝါရီ (၉)ရက် ည(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် Patong fight night ချန်ပီယံခါးပတ်လုပြိုင်ပွဲ၌ မွေထိုင်းဖိုက်တာ ဘစ်နီဖရင်ကို ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးက ဒိုင်ပေးမှတ်ဖြင့် အနိုင်ယူကာ မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ယင်း ပြိုင်ပွဲတွင် နော်ဥမ္မာစိုးက မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ယခု နှစ်သစ်တွင် နိုင်ငံအတွက် ပထမဆုံး မွေထိုင်းချန်ပီယံခါးပတ်ကို ရယူပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ယမန်နေ့ပွဲစဉ်တွင် သုံးချီအပြည့် ထိုးသ-တ်ခဲ့ရာ၌ ပထမအချီတွင် မွေထိုင်းမယ်က အသာစီးထိုးသ-တ်နေရာမှ ဒုတိယနှင့်တတိယအချီတွင် နော်ဥမ္မာစိုးက အသာစီး ပြန်လည်ထိုးသ-တ်ခဲ့ရာ ဒိုင်ပေးမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယခင်က ပိုလန်သူ...

Keynote Address (၆)ခုı Special Talk (၅)ခုနှင့် ပြည်တွင်း/ပြည်ပမှ သုတေသနစာတမ်း(၁၃၃) စောင်ဖတ်ကြားတင်သွင်းမည့် ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ(၂၀၂၅)

Keynote Address (၆)ခုı Special Talk (၅)ခုနှင့် ပြည်တွင်း/ပြည်ပမှ သုတေသနစာတမ်း(၁၃၃) စောင်ဖတ်ကြားတင်သွင်းမည့် ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ(၂၀၂၅) ကို ယနေ့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက နေပြည်တော်၌စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ ညီလာခံမုခ်ဦးနှင့် ပညာဆီမီးတိုင်တို့ကို စက်ခလုတ်နှိပ်၍ဖွင့်လှစ်ထွန်းညှိပေးပြီးနောက် မိန့်ခွန်းပြောကြားခဲ့သည်။ နစက ဥက္ကဋ္ဌမှ နိုင်ငံတစ်ခုကိုအဓိကဖန်တီးပုံဖော်ကြသူများသည် ယင်းနိုင်ငံ၏ နိုင်ငံသားများပင်ဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အသိပညာအတတ်ပညာ ပြည့်စုံသည့်၊ စဉ်းစားတွေးခေါ်မှုမြင့်မားသည့် နိုင်ငံသားများပေါများရေးကို ဦးတည် ကြိုးပမ်းလျက်ရှိသည်ဟု ပြောသည်။ ထို့ပြင် ပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071