ဘန်ကောက်၊နိုဝင်ဘာ ၂၀
မြန်မာ့ပြည်တွင် ငွေကြေးတန်ဖိုးအပြောင်းအလဲများအခြေအနေများကြောင့် မြန်မာနိုင်ငံသားများသည် ဘန်ကောက်နှင့်ထိုင်းနိုင်ငံ၏ အခြားဒေသများတွင် ကွန်ဒိုဝယ်ယူမှုများမြင့်တက်လာကာ ရောင်းအားနှေးကွေးနေသော ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အား အပြောင်းအလဲဖြစ်စေခဲ့သည်။
ယခုနှစ် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသားများထံသို့ ထိုင်းကွန်ဒိုရောင်းချမှုပမာဏသည် ယမန်နှစ်ကထက် သုံးဆမြင့်တက်လာကာ ထိုင်းကွန်ဒိုဝယ်ယူမှုဈေးကွက်တွင် တရုတ်ပြီးပါက ဒုတိယဝယ်ယူမှုအများဆုံးမှာ မြန်မာနိုင်ငံသားများဖြစ်လာကြောင်း ထိုင်းအိမ်ခြံမြေဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များအရသိရသည်။
“တခြားဘယ်နိုင်ငံမှာမဆိုငြိမ်းချမ်းမှုကိုလိုလားတဲ့ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံကိုပဲဝင်ရောက်လာကြတာပါပဲ” ဟုလည်း ထိုင်းအိမ်ခြံမြေဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်ဌာန၏ ညွှန်ကြားရေးမှူးချုပ်ကပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မြန်မာနိုင်ငံသားများထံ ထိုင်းကွန်ဒိုရောင်းချမှုသည် ဘတ်ငွေ ၅ ဒသမ ၄၆ ဘီလျံ (ကန်ဒေါ်လာ ၁၅၈ သန်း) အထိရှိခဲ့သည်ဟုလည်း ထိုင်းဒေတာများအရသိရသည်။
Source : Business Standard