ဘန်ကောက်လေဆိပ်ရှိ RDT စစ်သည့်နေရာ
မြန်မာနိုင်ငံသို့ လေကြောင်းဖြင့်ဝင်ရောက်မည့် ခရီးသွားများအားလုံး ၄၈ နာရီအတွင်းစစ်ဆေးထားသည့် RDTစစ်ဆေးမူ/ RT-PCR စစ်ဆေးမူတို့ ပါရှိလာရမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးကထုတ်ပြန်ထားပြီးဖြစ်သည်။
ဘန်ကောက် မှပြန်လာမည့်သူများအနေဖြင့် ထိုစစ်ဆေးမူများကို နီးစပ်ရာ ဆေးရုံများတွင် စစ်ဆေးထားသည့်ထောက်ခံချက်များရယူနိုင်သလို သုဝဏ္ဏဘူမိလေဆိပ် ပထမထပ်(တက္ကစီငှား သည့်အထပ်) ဂိတ် ၃ နားတွင် RDT စစ်ဆေးမူကို ပြုလုပ်၍ရသည်။ တခါစစ် ဘတ် ၅၅၀ ဖြင့် ၂၄နာရီ ဝန်ဆောင်မူပေးနေသည်။