မြန်မာနိုင်ငံသို့ ဘယ်လာရုစ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများတင်ပို့ရောင်းချဖြန့်ဖြူးရန် (၂)နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဗီယက်နမ်နိုင်ငံ ၊ ဟနွိုင်းမြို့ အခြေစိုက် ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီး မစ္စတာ အူလာဇမီယာဘာရာဗီကူ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ် ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေး၊ ဘယ်လာရုစ်နိုင် ငံမှထုတ်လုပ်သည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများ မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချဖြန့်ဖြူးရေး၊ ဆေးဝါးထုတ်လုပ်မှု ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြားနားလည်မှု စာချွန်လွှာများလက်မှတ်ရေးထိုး၍ ဆေးတက္ကသိုလ်များအချင်းချင်း ဘွဲ့ကြိုနှင့် ဘွဲ့လွန် ဆေးပညာ သင်ကြားမှုများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ ဆေးနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ အပြန်အလှန်စေလွှ တ်ရေးနှင့် ဆေးရုံများအကြား ကုသရေးဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန် ကြားရေးမှူးချုပ်များ၊ ရန်ကုန်မြို့အခြေစိုက်ဘယ်လာရုစ်နိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးမှ ကိုယ်စားလှယ်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။