ဘယ်လာရုစ်နိုင်ငံ သမ္မတ H.E Mr. Alexander Lukashenko ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မင့်စ်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူက မင့်စ်မြို့အခြေစိုက် နိုင်ငံခြားသံတမန်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲကို မင့်စ်မြို့ လွတ်လပ်ရေးနန်းတော်ရှိ Grand Ceremonial Hall တွင် ယမန်နေ့ မတ်လ (၂၅)ရက် ကျင်းပရာ ဘယ်လာရုစ် သမ္မတ H.E Mr. Alexander Lukashenko က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်းဖြစ်သည်။
၎င်းအခမ်းအနားတွင် ဘယ်လာရုစ်နိုင်ငံတော်သီချင်းအား တီးမှုတ်ပြီး သမ္မတ H.E Mr. Alexander Lukashenko က ကျမ်းသစ္စာကျိန်ဆိုရန် လက်မှတ်ရေးထိုးခဲ့သည်။
ထို့နောက် ဗဟိုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက သမ္မတ H.E Mr. Alexander Lukashenko ထံ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတလက်မှတ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ လူပေါင်း (၁၁၀၀) ကျော် တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။