Tuesday, March 18, 2025

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄...

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း...

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော်...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ဟိုပုန်းမြို့တွင်...

စာစစ်ဌာန တစ်ခုတည်း ဖွင့်လှစ်ထားသည့် ရှမ်းပြည်တောင်ပိုင်း ၊ ဟိုပုန်းမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/သူ(၃၅၆) ဦးရှိကြောင်း...
HomeNewsLocal Newsဘရာဇီးလ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု...

ဘရာဇီးလ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ယခုနှစ်တွင် ဥပဒေပြုရေး အဆိုပြုချက်များ ရေးဆွဲသွားမည်

ဘရာဇီးလ် နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ယခုနှစ်တွင် ဥပဒေပြုရေး အဆိုပြုချက်များ ရေးဆွဲသွားမည်ဖြစ်ကြောင်း ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ စတင်မိတ်ဆက်သည့် အခမ်းအနား၌ ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ဥက္ကဋ္ဌ၊ အောက်လွှတ်တော် အမတ် Waldemar Oliveira ၏ ပြောကြားချက်အရ သိရသည်။

ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ စတင်မိတ်ဆက်သည့် အခမ်းအနားအား ဘရာဇီးလ်အမျိုးသားလွှတ်တော်အဆောက်အအုံ၌ မတ်လ (၁၃) ရက်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သ ည်။

အဆိုပါ အခမ်းအနားသို့ ဘရာဇီးလ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးအောင်ကျော်ဇံက ဘရာဇီးလျားမြို့ အခြေစိုက် အာဆီယံသံရုံး အကြီးအကဲများ၊ အာဆီယံ-ဘရာဇီးလျားကော်မတီ အဖွဲ့ဝင်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနား၌ ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့ဥက္ကဋ္ဌ၊ အောက်လွှတ်တော် အမတ် Waldemar Oliv eira က အဖွင့်အမှာစကားပြောကြားခဲ့ရာ၊ ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့အနေဖြင့် ဘရာဇီးလ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက် ယခုနှစ်တွင် ဥပဒေပြုရေးအဆိုပြုချက်များ ရေးဆွဲသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သ ည်။

ဆက်လက်၍ ဘရာဇီးလ်-အာဆီယံ လွှတ်တော်အဖွဲ့၊ ဒုတိယ ဥက္ကဋ္ဌ၊ အောက်လွှတ်တော်အမတ် Fausto Pinato ၊ ဘရာဇီးလ်နိုင်ငံ၊ ဆိပ်ကမ်းနှင့် လေဆိပ်များ ဝန်ကြီး HE. Mr. Sílvio Costa Filho ၊ အာဆီယံ-ဘရာဇီးလျားကော်မတီဥ က္ကဋ္ဌ ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး HE. Mr. Bui Van Nghi နှင့် ဘရာဇီးလ်နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ အာရှနှင့် ပစိဖိတ်ရေးရာအတွင်းဝန် Ambassador Eduardo Paes Saboia တို့က မိန့်ခွန်းများအသီးသီးပြောကြားခဲ့ကြကြောင်း သိရသည်။

ဘရာဇီးလ်-အာဆီယံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ဆက်လက်ခိုင်မာစေရေးကိစ္စရပ်များအား အလေးပေး ပြောကြားခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်ဖြစ်သည့် မြန်မာစာဘာသာရပ်အားဝင်ရောက်ဖြေဆိုသူ ၉၄ ရာခိုင်နှုန်းကျော်ရှိ

ယနေ့ မတ် ၁၇ ရက်တွင်စတင်ကျင်းပသည့် ၂ဝ၂၄ -၂ဝ၂၅ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြစ်သော မြန်မာစာဘာသာရပ်အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၉၄ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်ဖြေဆိုရာ၌ နေပြည်တော်အတွင်း မြို့နယ်(၈)မြို့နယ်ရှိ စာစစ်ဌာန(၄၇)ခု၌ မြန်မာစာဘာသာရပ်အား ကျောင်းသား(၅၄၈၄)ဦး၊ ကျောင်း သူ(၇၀၆၈)ဦး(စုစုပေါင်း ၁၂၅၅၂ ဦး)ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်/မြို့နယ်/နိုင်ငံခြားစာစစ်ဌာနပေါင်း(၇၇၀)တွင် မြန်မာစာဘာသာရပ်အား ဝင်ရောက်ဖြေဆိုသည့် ကျောင်း သား၊ ကျောင်းသူ(၁၉၆၃၃၇)ဦးရှိ၍ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီး၌...

ဘိုင်ဒင်ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် ဘိုင်ဒင်ကိုယ်တိုင်ရေးထိုးထားသော လက်မှတ်မဟုတ်သဖြင့် ပျက်ပြယ်ကြောင်း ထရမ့်ဆို

သမ္မတဟောင်း ဘိုင်ဒင်က သူ၏ သမ္မတသက်တမ်းနောက်ဆုံးမိနစ်များတွင် ပေးခဲ့သောလွတ်ငြိမ်းချမ်းသာခွင့်များသည် သူကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းမဟုတ်သဖြင့်"ပျက်ပြယ်" သည်ဟု ယုံကြည်ကြောင်း သမ္မတထရမ့်က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို Autopen ဖြင့် လက်မှတ်ရေးထိုးထားသောကြောင့် ဖြစ်သည်။ Autopen (သို့မဟုတ် လက်မှတ်ရေးထိုးစက်) ဆိုသည်မှာ လက်မှတ်ကို အလိုအလျောက်ရေးထိုးရန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ ဆယ်လီများသည် တစ်နေ့တာလုံး လက်မှတ်တောင်းခံရမှုများစွာကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့်၊ ထင်ရှားကျော်ကြားသော နာမည်ကြီးပုဂ္ဂိုလ်များ၊ လူသိများသော ဆယ်လီပုဂ္ဂိုလ်များစွာတို့သည် သူတို့၏ လက်မှတ်ကို လူကိုယ်တိုင်တိုက်ရိုက်‌ရေးထိုးစရာမလိုဘဲ...

ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း၏ ပထမဆုံးခြေစမ်းပွဲ တရုတ် (ဟောင်ကောင်)အသင်းဖြင့် ယှဉ်ပြိုင်ကစားမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၂ နိုင်ငံတကာ ခြေစမ်းပွဲစဉ်တစ်ခုကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းနှင့် တရုတ် (ဟောင်ကောင်) ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲစဉ်ကို ယခု မတ်လ (၁၉)ရက်၌ ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး ပဏာမ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်း ၏ ပထမဆုံးခြေစမ်းပွဲစဉ်တစ်ခုလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ယူ- ၂၂ အသင်းအား ၂၀၂၅ ဆီးဂိမ်း နှင့် အာဆီယံ ချန်ပီယံရှစ်၊ အာရှခြေစစ်ပွဲများအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု MFF...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071