ဆော်ပိုလို၊ဒီဇင်ဘာ ၂၁
ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုတစ်ခုကြောင့် လူ ၃၈ ဦးထက်မနည်းေ-သဆုံးခဲ့ကြောင်းသိရပြီး အဆိုးရွားဆုံးယာဉ်မတော်တဆမှုတစ်ခုဖြစ်သည်ဟု သမ္မတကပြောကြားခဲ့သည်။
ယခုယာဉ်တို-က်မှုသည် ၂၀၀၇ နောက်ပိုင်း အဆိုးရွားဆုံးယာဉ်တို-က်မှုတစ်ခုဖြစ်သည်ဟုလည်းသိရပြီး ၃၈ ဦးေ-သဆုံးကာ ၈ ဦးကိုဆေးရုံတင်ထားရသည်ဟုလည်းသိရသည်။
ကားသည်ဘီးကျွတ်ထွက်သွားပြီး ထိန်းချုပ်ရန်ခက်ခဲကာ ထရပ်ကားတစ်စီးကိုသွားဝင်တို-က်မိရာမှ မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ကသွားရောက်မီးငြှိမ်းခဲ့ရသည်ဟုလည်းသိရသည်။
ေ-သဆုံးသွားသူများထဲတွင် ဘက်စ်ကားယာဉ်မောင်းလည်းပါဝင်ပြီး အနည်းဆုံး ကလေးငယ်တစ်ဦးထက်မနည်းလည်းပါဝင်သည်ဟုသိရသည်။ဘရာဇီးသမ္မတကမူ ၎င်းအနေဖြင့် ယခုမတော်တဆမှုအတွက် စိတ်ထိခိုက်မိကြောင်းဆိုကာ ဒဏ်ရာရသူများလည်း အမြန်ပြန်လည်ကျန်းမာလာစေလိုကြောင်းဆိုခဲ့သည်။
Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်