Tuesday, December 17, 2024

မလေးရှားဝန်ကြီးချုပ်က သက်ဆင်ကို အာဆီယံ အကြံပေးအဖြစ်...

လာမည့်နှစ်တွင် အရှေ့တောင်အာရှ ဒေသဆိုင်ရာ အဖွဲ့အစည်း၏ အလှည့်ကျဥက္ကဌ တာဝန်ယူရတော့မည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထိုင်းနိုင်ငံ၏ ဘီလျံနာ သြဇာကြီးနိုင်ငံရေးသမား၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို...

မြန်မာ-လာအို ပွဲစဉ်အပြီး ပွဲကြည့်ပရိတ်သတ်အတွက် အခမဲ့...

အာဆီယံချန်ပီယံရှစ် မစ်ဆူဘီရှီဖလား ပြိုင်ပွဲ မြန်မာ-လာအို ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ဒီဇင်ဘာ (၁၈)ရက်၊ ည(၅) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ၊ ပွဲစဉ်အပြီး...

ပြည်ပသို့ မြန်မာ့ကော်ဖီတန်ချိန် (၅၀၀၀) ကျော်နှစ်စဉ်တင်ပို့နေ

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ကော်ဖီကို ပြည်ပသို့ နှစ်စဉ်တန်ချိန် (၅၀၀၀) ကျော်တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။ မြန်မာနိုင်ငံတွင် (၁) နှစ်လျှင်ကော်ဖီတန်ချိန် (၉ဝဝဝ) ကျော်ထွက်ရှိပြီး...

(၈) လအတွင်း အသေးစား စက်မှုလက်မှုလုပ်ငန်းပေါင်း...

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ နိုဝင်ဘာလကုန်အထိ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသို့ မှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်း (၁,၆၀၇)ခုရှိကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ...
HomeNewsLocal Newsဘားအံတွင် တစ်ညတည်း မီး(၂)...

ဘားအံတွင် တစ်ညတည်း မီး(၂) ကြိမ်လောင်

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဈေးဆိုင်တန်းမီးလောင်မှုဖြစ်ပွားရာ အချိန် (၁)နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

ယနေ့ ဒီဇင်ဘာ (၁၇) ရက်၊ နံနက်အစောပိုင်း (၁)နာရီ (၃) မိ နစ်အချိန်က ဘားအံမြို့နယ်၊ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ဈေးဆိုင်တန်းမီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကရင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဘားအံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ဘားအံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ရာ နံနက် (၂)နာရီအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာ (၁၆) ရက်၊ ည(၈)နာရီ အချိန်ခန့်ကလည်း ဘားအံ့မြို့နယ်၊ သာမညအပိုင်၊ ဝင်းစိန်ကျေးရွာ၊ ရာဘာမှိုင်းခံရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘားအံ့ခရိုင်၊ မြို့နယ်နှင့် သက်ဆိုင်ရာ နယ်မြေခံ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်များ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရရာ ည (၉)နာရီ (၁၀)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည (၉)နာရီ မိနစ် (၅၀) အချိန် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မလေးရှားဝန်ကြီးချုပ်က သက်ဆင်ကို အာဆီယံ အကြံပေးအဖြစ် ခန့်အပ်

လာမည့်နှစ်တွင် အရှေ့တောင်အာရှ ဒေသဆိုင်ရာ အဖွဲ့အစည်း၏ အလှည့်ကျဥက္ကဌ တာဝန်ယူရတော့မည့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထိုင်းနိုင်ငံ၏ ဘီလျံနာ သြဇာကြီးနိုင်ငံရေးသမား၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို သူ၏ ကိုယ်ရေးအကြံပေးအဖြစ် တနင်္လာနေ့တွင် ခန့်အပ်လိုက်သည်။ သူ၏ အာဆီယံဥက္ကဌအဖြစ် ခေါင်းဆောင်မှုအတွင်း သက်ဆင်၏ အခန်းကဏ္ဍသည် အဖွဲ့ဝင် ၁၀ နိုင်ငံမှ အခြားအကြံပေးပုဂ္ဂိုလ်များနည်းတူ အလွတ်သဘောဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု အန်ဝါက ပြောဆိုခဲ့သည်။ သက်ဆင်၏ အငယ်ဆုံးသမီးဖြစ်သော ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ၏ မလေးရှားနိုင်ငံခရီးစဉ်အတွင်း အန်ဝါက ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။ “ဒီလို အတွေ့အကြုံကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အကြံညဏ်ကို...

မြန်မာ-လာအို ပွဲစဉ်အပြီး ပွဲကြည့်ပရိတ်သတ်အတွက် အခမဲ့ အိမ်ပြန်ခရီးစဉ် ဆောင်ရွက်ထား

အာဆီယံချန်ပီယံရှစ် မစ်ဆူဘီရှီဖလား ပြိုင်ပွဲ မြန်မာ-လာအို ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ဒီဇင်ဘာ (၁၈)ရက်၊ ည(၅) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ၊ ပွဲစဉ်အပြီး ပရိတ်သတ်များ မြို့နယ်များအလိုက် အိမ်ပြန်ခရီးအတွက် အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပွဲကြည့်ပရိတ်သတ်များ အပြန်ခရီးအတွက် ယာဉ်များစီစဉ်ပေးရာ၌ အုပ်စု(၅) စု သတ်မှတ်ထားကာ အုပ်စု(၁) အနေဖြင့် ဘောလုံးကွင်း -ကျောက်တိုင်-သာကေတ- ဆူးလေးခရီး စဉ်အတွက် (၁၅) စီး၊ အုပ်စု(၂)ဘောလုံးကွင်း - စံပြဈေး - ဘေလီ-ပင်လုံ-ပြည်ထောင်စုလမ်း- ၇/၈ လမ်းဆုံ-...

ပြည်ပသို့ မြန်မာ့ကော်ဖီတန်ချိန် (၅၀၀၀) ကျော်နှစ်စဉ်တင်ပို့နေ

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ကော်ဖီကို ပြည်ပသို့ နှစ်စဉ်တန်ချိန် (၅၀၀၀) ကျော်တင်ပို့လျက်ရှိကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။ မြန်မာနိုင်ငံတွင် (၁) နှစ်လျှင်ကော်ဖီတန်ချိန် (၉ဝဝဝ) ကျော်ထွက်ရှိပြီး ပြည်ပသို့ တန်ချိန်(၅၀၀၀) ကျော်တင်ပို့လျက်ရှိကြောင်း ယင်းထက်ပိုမိုတိုးချဲ့တင်ပို့နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။ မြန်မာ့ကော်ဖီကို ပြည်ပနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အမေရိကန်၊ နယ်သာလန်၊ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဆွစ်ဇာလန် အစရှိသည့် နိုင်ငံများသို့ တင်ပို့နေခြင်း ဖြစ်သည်။ ပြင်ဦးလွင်နှင့် ရွာငံဒေသထွက်ကော်ဖီသည် ကမ္ဘာ့အဆင့်မီ Special Coffee အဆင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071