ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အထင်ကရစေတီတော်တစ်ဆူဖြစ်သော ကျောက်ကလပ်စေတီတော်ပရဝုဏ်အား ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေအဖြစ် ယနေ့ ဒီဇင်ဘာ ၁၃ ရက်နံနက်ပိုင်းမှစတင်ကာသတ်မှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ သတ်မှတ်ရာ၌ “ဆေးလိပ်ငွေ့ကင်းစင်ကျောက်ကလပ်စေတီတော်ပရဝုဏ်တခွင်”ဆိုင်းဘုတ်အား ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြည်နယ်ဝန်ကြီးချုပ်မှ ဆေးလိပ်ငွေ့ကင်းစင်ဘားအံတစ်ခွင်မှသည် ဆေးလိပ်ငွေ့ကင်းစင် ကရင်ပြည်နယ်တစ်ခွင်ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ဆေးလိပ်ငွေ့ကင်းစင်နယ်မြေသတ်မှတ်ခြင်းဖြင့် ကျန်းမာသောနေထိုင်မှုဘဝကိုရရှိသည့် အပြင် ပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေသည့် အန္တရာယ်ဖြစ်စေသောဓာတုပစ္စည်းများ၊ အဆိပ်အတောက်များဘေးမှ ကာကွယ်ခြင်းဖြင့် လာရောက်လည်ပတ်သောခရီးသွားများတိုးပွားလာပြီး စီးပွားရေးတိုးတက်လာခြင်းအကျိုးကျေးဇူးများကိုရရှိခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။